နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာနန္ဒာလှမြင့် မြန်မာနိုင်ငံမိုဘိုင်းဖုန်းလုပ်ငန်းရှင်များအသင်း (MMIA) အဖွဲ့အား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပညာရေးမြှင့်တင်မှုကော်မတီအား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ (၈-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း Secretary- General of the Japan-Myanmar Parliamentary Friendship League ဖြစ်သူ Mr. Hiromichi Watanabe အား Video Conferencing ဖြင့် တွေ့ဆုံ
MY EN

(ခ)- ဒေါက်တာနန္ဒာလှမြင့် (ကလောမဲဆန္ဒနယ်)-မေးခွန်း

2026-07-08
တတိယအကြိမ်
ပို့ဆောင်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဒေါက်တာနန္ဒာလှမြင့် (ကလောမဲဆန္ဒနယ်)

အမှုထမ်းအဆင့် နိုင်ငံ့ဝန်ထမ်းများအား နိုင်ငံအတွင်းရှိ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းခရီးစဉ်များ၌ တာဝန်ဖြင့်ဖြစ်စေ၊ မည်သည့်အကြောင်းကိစ္စဖြင့်ဖြစ်စေ အခမဲ့ခရီးသွားလာနိုင်ရေး ဦးစားပေးအဆင့်အဖြစ် စတင်စီမံဆောင်ရွက်ပေးနိုင်ခြင်း ရှိမရှိနှင့် ရှိပါကမည်သည့် ဘဏ္ဍာရေး နှစ် တွင်ဖော်ဆောင်ပေးနိုင်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ နိုင်ငံတော်မဏ္ဍိုင်အားလုံးအတွက် အဓိကကူညီပံ့ပိုးနေသော ဒေါက်တိုင်ကြီးများဖြစ်ပါကြောင်း၊  နိုင်ငံ့ဝန်ထမ်းအများစုသည် ယေဘုယျအားဖြင့် ငွေကြေးဥစ္စာ ကြွယ်ဝချမ်းသာလိုခြင်းထက်ဂုဏ်သိက္ခာရှိစွာ နေလိုမှု၊ နိုင်ငံတော်မှ အလေးထားဦးစားပေး ခံယူ လိုမှုတို့ကိုပိုမိုမျှော်လင့် တန်ဖိုးထားကြသူများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေကြသည့် အစိုးရဝန်ထမ်းများ စိတ်နှလုံးသာယာချမ်းမြေ့စွာ တာဝန်ထမ်းဆောင်နိုင် ရေး၊ ဂုဏ်သိက္ခာရှိစွာရပ်တည်နိုင်ရေး၊ ဝန်ထမ်းဘဝကို လေးစားတန်ဖိုးထားနိုင်ရေးနှင့်ခြားသူ များမှ ဝန်ထမ်းများကို အားကျဂုဏ်ယူမှုများ ဖြစ်ပေါ်စေရေးအတွက်ဝန်ထမ်းများ၏ လက်ရှိ အနေအထား တစ်ဆင့်ပြီးတစ်ဆင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဟု သုံးသပ်မိပါကြောင်း၊ လက်ရှိအခြေအနေအရနိုင်ငံတော်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများကို  အပိုထောက်ပံ့ကြေးများအားအခါအားလျော်စွာ တိုးမြှင့်ဆောင်ရွက်ချီးမြှင့်ခြင်းများကိုလည်းတွေ့ရှိနေရသည့်အတွက် ဝမ်းသာ ဂုဏ်ယူမိကြောင်း။ 

နိုင်ငံ့ဝန်ထမ်းတချို့သည် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် တရားမဲ့အကြမ်းဖက်ဆူပူသူများခြိမ်းခြောက်မှု အခက်အခဲများကြားမှ ရဲဝံ့စွန့်စားစွာ မိမိတို့လုပ်ငန်းခွင်များကိုမစွန့်ခွာဘဲ တာဝန်ထမ်းဆောင်သူ အများအပြားရှိခဲ့ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အထက်ဖော်ပြပါ နိုင်ငံ့ ဝန်ထမ်းများအား ချီးမြှင့်ဆောင်ရွက်ခြင်းသည်လတ်တလော နိုင်ငံ့ဘဏ္ဍာငွေ ပိုမိုသုံးစွဲရမည် ဖြစ်သော်လည်း ရရှိလာမည့် ဝန်ထမ်းများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အနာဂတ်အကျိုးရလဒ်နှင့်စွမ်းဆောင်ရည်များသည် များစွာ ပိုမိုတိုးတက်လာမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ ဝန်ထမ်း ကောင်းမှ နိုင်ငံကောင်းမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများ၏ စိတ်ဓာတ်တက်ကြွစွာ နိုင်ငံ့တာဝန်များကို ပျော်ရွှင်ချမ်းမြေ့စွာ ထမ်းဆောင်နိုင်ရေး ရှေးရှု၍ နိုင်ငံတော်အနေဖြင့် ပြန်တမ်းဝင်အရာရှိအောက် အမှုထမ်းအဆင့် နိုင်ငံ့ဝန်ထမ်းများ နိုင်ငံအတွင်းရှိ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းခရီးစဉ်များတွင် ဝန်ထမ်းကတ်ပြရုံနှင့် အခမဲ့ခရီးသွားလာနိုင်ရေးအား ဦးစားပေးအဆင့်အဖြစ် စတင်စီမံဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိနှင့် ရှိပါက မည်သည့်အချိန်၊ မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဖော်ဆောင်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် က

အထက်ပါမေးခွန်းအား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့်ပူးပေါင်းပို့ဆောင်ရေး ဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားမည်ဖြစ်ပါကြောင်း၊ ကုန်းကြောင်းခရီးစဉ်အနေဖြင့် ပို့ဆောင်ရေး ဝန်ကြီးဌာနသည် မော်တော်ယာဉ်များကို လိုင်စင်ထုတ်ပေးခြင်း၊ စည်းမျဉ်း စည်းကမ်းများ သတ်မှတ်ခြင်းနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စစ်ဆေး အရေးယူခြင်းများကိုသာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

          ရထားဖြင့် ခရီးသည်ပို့ဆောင်ရေးအတွက် လူစီးရထား တစ်နေ့လျှင် ၇၃ စင်းခန့် ပေးဆွဲ လျက်ရှိပြီး ယခင်က ဌာနဆိုင်ရာဝန်ထမ်းများကို ခရီးသွားလာခွင့်အမိန့် (MO) တင်ပြပါက ကျသင့် လက်မှတ်ခ၏ ၇၅ကောက်ခံသော်လည်း ၁--၂၀၁၆ ရက်မှစ၍ ကျသင့်လက်မှတ်ခ ၁၀၀နှုန်းပြည့် ကောက်ခံဆောင်ရွက်ခဲ့ရပါကြောင်း၊ ရေကြောင်းခရီးစဉ်အနေဖြင့်လည်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးဌာနသည် ပန်းဆိုးတန်း-ဒလ (ခရီးသည်ခရီးစဉ်ကို လက်ရှိတွင် ချယ်ရီ ရေယာဉ်များဖြင့် ပြေးဆွဲလျက်ရှိပါကြောင်း၊ လေကြောင်းခရီးစဉ်အနေဖြင့် လေကြောင်းလိုင်းများ သည် ၎င်းတို့၏ ကုမ္ပဏီရင်းနှီးမြှပ်နှံမှုဖြင့် ရပ်တည်နေရသည့် လုပ်ငန်းများဖြစ်သည့်အတွက် မြန်မာအမျိုးသားလေကြောင်းသည်လည်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်၍ နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေပြင်ပမှ ဆောင်ရွက်လျက်ရှိသည့် လေကြောင်းလိုင်းဖြစ်ပြီး လေကြောင်းလိုင်းမှ ရရှိသည့်ဝင်ငွေဖြင့် ရပ်တည်နေရသည့်လုပ်ငန်း ဖြစ်ပါကြောင်း။

          ခရီးစရိတ်နှုန်းထားနှင့်စပ်လျဉ်း၍ ယခင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (/၂၀၂၀)၏ ခွင့်ပြုချက်အရ ၃--၂၀၂၀ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၂၇/၂၀၂၀)ဖြင့် နိုင်ငံ့ဝန်ထမ်းများအတွက် ယာဉ်စီးခနှုန်းထားများအား ယခင် နှုန်းထားဟောင်းအတိုင်းမဟုတ်ဘဲ ဒေသန္တရနှုန်းထားများဖြင့် ကုန်ကျသည့် ခရီးစရိတ်ကို ခံစား ခွင့်ပြုလျက်ရှိပါကြောင်း၊ ထိုသို့ နိုင်ငံ့ဝန်ထမ်းများ တာဝန်အရ ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်းဖြင့် ခရီးသွားလာခြင်းများအတွက် အမှန်ကုန်ကျစရိတ်ကို ပြန်လည်တင်ပြတောင်းခံ လာပါက သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်၊ သက်ဆိုင်ရာဌာန၏ သာမန်အသုံးစရိတ်မှ ကျခံ၍ ပြန်လည်ထုတ်ပေးခြင်းဖြစ်သည့်အတွက် ထိုဝန်ထမ်းများ၏ ခရီးစရိတ်အား နိုင်ငံတော်မှ ကျခံ ပေးခြင်းပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တာဝန်ဖြင့် ခရီးသွားလာသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အခမဲ့ခရီးသွားလာခွင့်ရသည့်သဘောဖြစ်ပါကြောင်း။

          သို့သော်လည်း ခရီးစရိတ်အားခွင့်ပြုရာတွင် ခရီးစရိတ်သည် ခရီးသွားသူဝန်ထမ်းအတွက် အမြတ်အစွန်းမဖြစ်စေရဟုလည်း မြန်မာနိုင်ငံခရီးစရိတ်နည်းဥပဒေ ၃ ()(က)ပါ ပြဋ္ဌာန်းချက် များနှင့်အညီဖြစ်စေရန် ဝန်ကြီးဌာနအဖွဲ့အစည်းများကလည်း ကြပ်မတ်ဆောင်ရွက်ပေးရန်ဖြစ်ပါ ကြောင်း၊ ထို့အပြင် တာဝန်ဖြင့် ခရီးသွားသည့်ဝန်ထမ်းများအတွက် ယခင်စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး(/၂၀၁၉၏ ခွင့်ပြုချက်အရ ၁၀--၂၀၁၉ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ (၄၆/၂၀၁၉ဖြင့် ခရီးသွားနေ့တွက်စရိတ်အား တစ်ရက်လျှင် ၄၈၀၀ ကျပ် နှုန်းဖြင့်လည်းကောင်း၊ တည်းခိုစရိတ်နှုန်းထားများကို ယခင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ၁၁-၁၁-၂၀၂၀ ရက်စွဲပါစာဖြင့် ရာထူးအဆင့်အလိုက်နှင့် မြို့အလိုက် ခွဲခြား၍ လည်းကောင်း၊ သတ်မှတ်ခံစားခွင့်များကို မြန်မာနိုင်ငံ ခရီးစရိတ်နည်းဥပဒေပါ ပြဋ္ဌာန်းချက်နှင့် အညီ သတ်မှတ်ခံစားခွင့်ပြုလျက်ရှိပါကြောင်း။

          သို့ဖြစ်ပါ၍ တာဝန်ဖြင့် ခရီးသွားလာသည့် နိုင်ငံ့ဝန်ထမ်းများအတွက် ခရီးစရိတ်၊ နေ့တွက် စရိတ်၊ တည်ခိုးစရိတ်များကို ဥပဒေနှင့်အညီ ခံစားခွင့်ပြုထားပြီးဖြစ်သည့်အတွက် ပြန်တမ်း ဝင်အရာရှိအောက် အမှုထမ်းအဆင့်နိုင်ငံ့ဝန်ထမ်းများအား နိုင်ငံအတွင်း ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းခရီးစဉ်များတွင် အခမဲ့ခရီးသွားလာနိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် စီစဉ် ဆောင်ရွက်ပေးထားပြီးဖြစ်ပါကြောင်းဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဒေါက်တာနန္ဒာလှမြင့် (ကလောမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။

ခရီးသွားသည့် ဝန်ထမ်းများအတွက် ခရီးစရိတ်ကို ပြန်လည်တင်ပြလျှင် သာမာန်အသုံး စရိတ်မှ ကျခံပေးမည်ဟု ဖြေကြားသည်ကို တွေ့ရပါကြောင်း၊ မိမိမေးသည်မှာ တာဝန်ဖြင့်ဖြစ်စေ၊ မည်သည့်အကြောင်းကိစ္စဖြင့်ဖြစ်စေ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ခရီးသွားလျှင် နိုင်ငံတော်မှ ၎င်းကို ဦးစားပေးအစီအစဉ်အနေဖြင့် အခမဲ့ခရီးသွားလာရန် ဆောင်ရွက်ပေးခြင်း ရှိ မရှိ မေးမြန်း ခြင်း ဖြစ်ပါကြောင်း၊ တာဝန်နှင့်ခရီးသွားသည်ကို ပြန်ထုတ်ပေးသော်လည်း တခြားအစီအစဉ်နှင့် ဝန်ထမ်းများသွားလျှင် နိုင်ငံတော်မှ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ ဖြည့်စွက်မေးမြန်းလိုပါ ကြောင်း၊ နောက်တစ်ချက် နေ့တွက်စရိတ်အနေဖြင့် ခရီးသွားလာလျှင် နိုင်ငံ့ဝန်ထမ်းများကို တစ်ရက်လျှင် ၄၈၀၀ ကျပ်ထောက်ပံ့သည်ဟုသိရပါကြောင်း၊ တည်းခိုစရိတ်လည်း ရာထူးအဆင့် ပေါ်မူတည်ထောက်ပံ့သည်ဟု သိရပါကြောင်း၊ ယခုလို ဆောင်ရွက်ပေးသည့်အတွက်လည်း နိုင်ငံ့ဝန်ထမ်းများမှ ကျေးဇူးတင် ပျော်ရွှင်မည်ဖြစ်ပါကြောင်း၊ သို့သော် နေ့ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းကြီးမြင့်မှု အနေအထားများအရ နိုင်ငံ့ဝန်ထမ်းများအတွက် အခက်အခဲ ပြည့်စုံလုံ လောက်မှုရှိရန် လိုအပ်မည်ဟု မိမိတို့အနေဖြင့် သုံးသပ်ပါကြောင်း၊ ထို့ကြောင့် နေ့တွက်ခရီး စရိတ်နှင့် တည်းခိုစရိတ်များကို နိုင်ငံတော်မှ ဝန်ထမ်းများအတွက် တိုးမြှင့်၍ ခံစားခွင့်ဆက်လက် ပေးရန် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် က

ပထမအချက်အနေဖြင့် ဝန်ထမ်းများ တာဝန်အရ ခရီးသွားလာခြင်းမှ ခရီးစရိတ်၊ နေ့တွက်စရိတ်၊ တည်းခိုစရိတ်များပါပါကြောင်း၊ ဝန်ထမ်းများဖြစ်ရမည်၊ တာဝန်အရ ခရီးသွားလာ ခြင်းသာ ဖြစ်ရမည်ဖြစ်ပြီး ကျန်သည့်ခရီးသွားလာခြင်းမျိုး ခွင့်ပြုမည်မဟုတ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါကြောင်း။

          ဒုတိယချက်အနေဖြင့် ခရီးစရိတ်အနေအထားတွင် မိမိတို့က ဒေသန္တရနှင့် ခွင့်ပြုနှုန်း ထားပြီး၍ သီးခြားပြန်လည်ဖြေကြားရန် မရှိပါကြောင်း၊ တည်းခိုစရိတ်အနေဖြင့် -၁၁-၂၀၂၀ မှစ၍ ပြဋ္ဌာန်းထားသည်မှာ ညွှန်ကြားရေးမှူးချုပ်နှင့်အထက် အဆင့်တူအရာရှိကြီးများဆိုလျှင် ရန်ကုန်-နေပြည်တော်-မန္တလေး ကျပ် ၅၀,၀၀၀၊ အခြားမြို့ဆိုလျှင် ကျပ် ၃၀,၀၀၀၊ ညွှန်ကြားရေး မှူးနှင့်အဆင့်တူ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဆင့်တူဆိုလျှင် ရန်ကုန်-နေပြည်တော်မန္တလေး ကျပ် ၃၀,၀၀၀၊ အခြားမြို့ ကျပ် ၂၀,၀၀၀ နှင့် ဦးစီးအရာရှိ နှင့်အဆင့်တူ ဒုတိယညွှန်ကြား ရေးမှူးနှင့် အဆင့်တူ ကျပ် ၂၅,၀၀၀၊ အခြားမြို့ ကျပ် ၂၀,၀၀၀ ဖြစ်ပါကြောင်း၊ အမှုထမ်းများ ဆိုလျှင် ကျပ် ၂၀,၀၀၀၊ ကျပ် ၁၅,၀၀၀ ဖြစ်ပါကြောင်း၊ အဆိုပါသည် တည်းခိုစရိတ်ဖြစ်ပါ ကြောင်း၊ ထို့အတူ နေ့တွက်စရိတ်သည်လည်း အရာထမ်း၊ အမှုထမ်းမရွေး ကျပ် ၄,၈၀၀ အား ၁--၂၀၁၉ ရက်မှစပြီး အကျိုးသက်ရောက် ခံစားနေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ခရီးစရိတ်တွင် ဒေသန္တရဈေးနှုန်းနှင့် ပေးထားပြီးဖြစ်သည့်အတွက် ပြင်စရာမလိုသော်လည်း တည်းခိုစရိတ်နှင့် နေ့တွက်စရိတ်ကို တိုးမြှင့်ပေးနိုင်ခြင်း ရှိ မရှိအနေအထားတွင် အမှန်တကယ် လိုအပ်ချက်အရ လိုအပ်လာလျှင် နိုင်ငံတော်မှ သက်ဆိုင်ရာဌာနများကို စိစစ်သုံးသပ်ပြီးမှ ဆောင်ရွက်ပေးသွားနိုင် မည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။