နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာနန္ဒာလှမြင့် မြန်မာနိုင်ငံမိုဘိုင်းဖုန်းလုပ်ငန်းရှင်များအသင်း (MMIA) အဖွဲ့အား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပညာရေးမြှင့်တင်မှုကော်မတီအား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ (၈-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း Secretary- General of the Japan-Myanmar Parliamentary Friendship League ဖြစ်သူ Mr. Hiromichi Watanabe အား Video Conferencing ဖြင့် တွေ့ဆုံ
MY EN

(ဃ)- ဒေါ်ခင်နီနီအောင်(ကော့ကရိတ်မဲဆန္ဒနယ်)-မေးခွန်း

2026-07-08
တတိယအကြိမ်
ပို့ဆောင်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဒေါ်ခင်နီနီအောင်(ကော့ကရိတ်မဲဆန္ဒနယ်)

ကော့ကရိတ်မြို့အဝင် လှိုင်ချောင်းနှင့်မြို့အတွင်းရှိချောင်းတောင်ချောင်းအားအမြန်ဆုံးပြန်လည်တူးဖော်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိမရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့သည် ဘားအံ-ကျုံဒိုး-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး ပေါ်တွင် တည်ရှိသောမြို့ဖြစ်ပါကြောင်း၊ ကော့ကရိတ်မြို့အဝင် ရေကျော်ကြီးကျေးရွာအုပ်စုရှိ လှိုင်ဝ ရွာနှင့် ကော့ကရိတ်မြို့ကို လှိုင်ချောင်းက ပိုင်းခြားထားပါကြောင်း၊ အဆိုပါချောင်းပေါ်တွင် အရှည်ပေ ၃၀၀ ရှိ သံကူကွန်ကရစ်တံတား ၁ စင်းရှိပြီး လှိုင်ဝကျေးရွာနှင့် ကော့ကရိတ်မြို့ကို ဆက်သွယ်ထားပါ ကြောင်း၊ ကော့ကရိတ်မြို့၊ အမှတ်() ရပ်ကွက်၊ အမှတ်()ရပ်ကွက်၊အမှတ်(ရပ်ကွက်နှင့် အမှတ် ()ရပ်ကွက်ကို အလယ်ကပိုင်းခြားထားသည့် ချောင်းတောင်ချောင်းတစ်ခုရှိပါကြောင်း၊ အဆိုပါ ချောင်းတောင်ချောင်းမှ စီးဆင်းလာသောရေသည် ထိုလှိုင်ချောင်းထဲသို့ စီးဝင်လျက်ရှိပါကြောင်း၊ ကော့ကရိတ်မြို့သည် နှစ်စဉ်နှစ်တိုင်း မိုးရာသီတွင် မိုးရွာသွန်းမှုအားကောင်းသော မြို့တစ်မြို့ ဖြစ်ပါကြောင်း၊ မိုးရွာသွန်းမှုများခြင်းကြောင့် ဒေါနတောင်တန်းမှ စီးဆင်းလာသော တောင်ကျချောင်း ရေများ ဒလဟောစီးဆင်းဝင်လာသည့်အချိန်တွင် ကော့ကရိတ်မြို့ ချောင်းနံဘေးပတ်လည်နေရာများ နှင့် မြို့ထဲရှိ မြေနိမ့်ရာလူနေထိုင်သည့် ရပ်ကွက်များထဲသို့ ချောင်းရေများ လျှံတက်လာပြီး ရေကြီးမှုများဖြစ်ပေါ်လေ့ရှိပါကြောင်း။

ကော့ကရိတ်မြို့သည် ယာယီနေရပ်စွန့်ခွာကာလမှ မြို့အတွင်းသို့ အခြေချပြန်လည်ဝင် ရောက်နေထိုင်ကြသည်မှာ ၂ နှစ်ကျော်ကာလရှိပြီး မြို့နေပြည်သူအများအပြားလည်း ရောက်ရှိ နေထိုင်လျက်ရှိကြောင်း၊ မြို့အဝင်ရှိ လှိုင်ချောင်းသည်လည်း တစ်နှစ်ထက်တစ်နှစ် တိမ်ကောလာပြီး ရေများခန်းခြောက်လာ၍ သောင်ပြင်များ ဖြစ်ပေါ်နေပါကြောင်း၊ အဆိုပါချောင်းရေ ခန်းခြောက်နေ သော လှိုင်ချောင်းအား အမြန်ဆုံး တူးဖော်ဆည်ပေးရန် လိုအပ်ပါကြောင်း၊ မဆောင်ရွက်ပါက မိုးတွင်း အချိန်တွင် ချောင်းရေလျှံပြီး မြို့အတွင်းသို့ ရေကြီးရေလျှံခြင်းများ ပိုမိုဖြစ်ပေါ်လာနိုင်သည်ကို တွေ့ရှိရ ပါကြောင်း၊ ၎င်းအပြင် ရေစီးလမ်းကြောင်းပြောင်းလဲ၍ ချောင်းကမ်းပါးရှိ နေအိမ်များသည်လည်း ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်လာပါက အန္တရာယ်ရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြို့နေပြည်သူ များအတွက် မြို့အဝင်လှိုင်ချောင်းနှင့် မြို့အတွင်းရှိ ချောင်းတောင်ချောင်းအား အမြန်ဆုံးပြန်လည် တူးဖော်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူ က

လှိုင်ချောင်းသည် ကော့ကရိတ်မြို့ အနောက်ဘက်ရှိ လှိုင်အင်းမှအစပြု၍ ဟောင်သရော မြစ်အတွင်းသို့ စီးဝင် အရှည် ၇.၅ မိုင်ခန့်ရှိပြီး လှိုင်ချောင်းရေကို စိုက်ပျိုးရေးအတွက် အဓိက အသုံးပြုကြပါကြောင်း၊ ချောင်းတောင်ချောင်းသည် ကော့ကရိတ်မြို့အရှေ့ဘက် ဒေါနတောင်တန်း ပေါ်မှ အစပြုစီးဆင်းလာသော တောင်ကျချောင်းများဖြစ်သည့်တတန်ကူးချောင်းနှင့် မြို့ဟောင်း ချောင်းနှစ်ခုတို့ ပေါင်းဆုံ ကော့ကရိတ်မြို့အား ဖြတ်သန်း၍ လှိုင်ချောင်းအတွင်းသို့ စီးဝင်လျက် ရှိပြီး လှိုင်ချောင်းပျမ်းမျှချောင်းအကျယ်သည် ပေ ၈၀ ခန့်ရှိပါကြောင်း၊ တောင်ကျချောင်းများမှ စီးဆင်းလာသည့် သဲနုန်းများသည် ကော့ကရိတ်မြို့၊ အမှတ် () ရပ်ကွက်တွင် ချောင်းအလယ်၌ သောင်ခုံများဖြစ်ပေါ်နေပြီး ရေစီးရေလာအား ပိတ်ဆို့နေသည့်အတွက် ကော့ကရိတ်မြို့၊ အမှတ် () ရပ်ကွက်တွင် နှစ်စဉ်မိုးများချိန်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသဖြင့် ကော့ကရိတ်မြို့၊ အမှတ်() ရပ်ကွက်ရှိ ချောင်းအလယ်၌ ပိတ်ဆို့နေသည့် သောင်ခုံကို ရှင်းလင်းဖယ်ရှားပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း။

          ချောင်းတောင်ချောင်း အတွင်းပိတ်ဆို့နေသည့် သောင်ခုံများအခြေအနေကို လာမည့် ပွင့်လင်းရာသီတွင်ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ကရင် ပြည်နယ်အစိုးရအဖွဲ့မှ ဖြေကြားထားပါကြောင်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်း ဆောင်ရွက်ချိန်များတွင် နည်းပညာအကူအညီနှင့် လုပ်ငန်းအကူအညီများကို ပံ့ပိုးကူညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။