နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် ချင်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ (၆-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်တင့် မြန်မာနိုင်ငံမိုဘိုင်းဖုန်းလုပ်ငန်းရှင်များအသင်း (MMIA) အဖွဲ့အား လက်ခံတွေ့ဆုံ
MY EN

(စ)- ဦးလှဆွေ(ပုဗ္ဗသီရိမဲဆန္ဒနယ်)-မေးခွန်း

2026-07-06
တတိယအကြိမ်
နေပြည်တော်ကောင်စီ
Q&A Image
မေးခွန်း
မေးခွန်း

ဦးလှဆွေ(ပုဗ္ဗသီရိမဲဆန္ဒနယ်)

ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာဒီပရပ်ကွက်တွင် မြေအငှားဂရန် ဆက်လက်ထုတ်ပေးရန်နှင့် တပ်ပုဗ္ဗရှိ မြေကွက်များအား မြေအငှားဂရန် အမည်လွှဲပြောင်းခွင့်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိ လိုခြင်း နှင့်စပ်လျဉ်း သည့်မေးခွန်း

ပုဗ္ဗသီရိမြို့နယ်တွင် မြို့ပေါ် ၁၇ ရပ်ကွက်ရှိသည့်အနက်အရပ်ဘက် မှ ဝန်ထမ်းများ ကိုချပေး သည့်ရပ်ကွက်သည် ၁၃ ရပ်ကွက်ရှိပြီး တပ်ဘက်မှ ဝန်ထမ်းများကိုချပေးတာ ၄ ရပ်ကွက်ရှိပါ ကြောင်း၊  အဆိုပါ၄ ရပ်ကွက်မှာ တပင်ရွှေထီးတွင် မြေကွက်ပေါင်း ၄,၉၀၉ ကွက်၊ ဆင်ဖြူရှင်တွင် မြေကွက်ပေါင်း ၃,၃၇၈ ကွက်၊ နဝဒေးရပ်ကွက်တွင် မြေကွက်ပေါင်း ၂,၀၈၆ ကွက်နှင့် ဇေယျာဒီပ ရပ်ကွက်တွင်မြေကွက်ပေါင်း ၃,၁၉၇ ကွက်ရှိပါကြောင်း၊ ဇေယျာဒီပရပ်ကွက်တွင် မြေကွက်ပေါင်း ၃,၀၀၀ ကျော်ရှိသည့် အနက်မှ ၃၀၀ ကျော်သာ ဂရန် ချထားပေးပြီး ကျန်ရှိသည့် ,၈၉၇ ကွက်ကို ဂရန်ချပေးရန် ဆိုင်းငံ့လိုက်သည်ကို သိရပါကြောင်း၊ တခြားစီမံကိန်း ရှိလျှင်လည်း မည်သည့် အတွက်ကြောင့်ဆိုင်းငံ့လိုက်ကြောင်း၊ မပေးတော့ဘူးစသည်ဖြင့် တပ်မတော်မိသားစုများက  ပြတ်ပြတ် သားသားသိရှိလိုပါကြောင်း။

ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီး၊ ဆင်ဖြူရှင်နှင့် နဝဒေးတွင် ဂရန်အမည် လွှဲပြောင်းခွင့် မရှိကြောင်း၊ကွယ်လွန်သွားလျှင်ပင် သားသမီးက အမည်ပြောင်းမရဖြစ်နေသည့်အခါ အရပ်ပုဗ္ဗနှင့် အနည်းငယ်ကွာခြားနေပြီး အရပ်ပုဗ္ဗတွင် အရပ်ဘက်ဝန်ထမ်းများ သည့်အခါ မည်ကဲ့သို့ ဂရန်ကို လွှဲပြောင်းခဲ့သည်ဖြစ်စေ၊ အဆင်ပြေနေသည့်အတွက်ကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ ရှိနေပါကြောင်း၊ အဆိုပါနေရာများတွင် တိုက်များ ရဲရဲဝံ့ဝံ့ဆောက်ပြီး နေ၍ရကြောင်း၊  စည်ကားသာယာကြောင်း၊ တပ်မိသားစုများကိုပေးသည့် အခြမ်းတွင် ဂရန်လွှဲမရသည့်အခါ ဆောက်လျှင်ကောင်းမလား၊ မဆောက်လျှင် ကောင်းမလားဟူ၍ ဈေးနှုန်းများကအစ ကွာခြားသွားသည့် သဘောရှိပါကြောင်း၊ ရောင်းချနိုင်ရန် ပြောခြင်းမဟုတ်ပါကြောင်း၊တန်ဖိုးတက်လာစေချင်ပြီး အရပ်နှင့်တပ် တန်ဖိုး တန်းတူ ဖြစ်လျှင်ကောင်းပါကြောင်း၊ ယခုဆိုလျှင် ရထားလမ်းဂုံးကျော် တံတားလည်း ဆောက်နေတပ်ဘက်ခြမ်းတွင် စည်ကားလာမည့် အနေအထားရှိပါကြောင်း၊ သို့သော် ဂရန် ပြောင်းခွင့်မရသည့် အခါအခက်အခဲဖြစ်နေပါကြောင်း၊ ထို့ကြောင့် အဆိုပါတပ်ပုဗ္ဗ၊ တပင်ရွှေထီး၊ နဝဒေး၊ ဆင်ဖြူရှင်ရှိ အကွက်ပေါင်း ၁၃,၅၇၀၊ မိသားစုပေါင်း ၈၀,၀၀၀ ကျော်လောက် နေထိုင်သည့် နေရာတွင် ဂရန်လွှဲပြောင်းခွင့် မည်သည့်အတွက် ကန့်သတ်ထားတယ်ဆိုတာနှင့် ဇေယျာဒီပတွင် ၃၀၀ ကွက် ပဲချထားပေးပြီး ကျန်သည့် ,၈၉၇ ကွက်ကို မည်သည့်အတွက် ဂရန်မချပေးလဲဆိုတာ ကို သိလိုပါကြောင်းဖြင့် မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

နေပြည်တော်ကောင်စီ၊ ကောင်စီဝင်၊ ဦးဝင်းမိုးခိုင်

          ပုဗ္ဗသီရိမြို့နယ်တွင်စစ်မှုထမ်းများအား ရာထူးအဆင့်အလိုက် မြေကွက်နေရာ ချထားပေးရာ တွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ မှ လွှဲပြောင်းပေးသောမြေကွက်များကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ထောက်ချုပ်ရုံး၏ အစီအစဉ်ဖြင့် နေရာချထားခြင်းဖြစ်ပြီး သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ထောက်ချုပ်ရုံး၏ စိစစ် ထောက်ခံချက်ဖြင့် ညှိနှိုင်းပေးပို့လာမှသာ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှစိစစ်၍ မြေငှားစာချုပ်ချထားပေးခြင်းဖြစ်ပါကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ထောက်ချုပ်ရုံး မှ စစ်မှုထမ်း များအတွက် နေရာချထားပေးခဲ့သော ပုဗ္ဗသီရိ မြို့နယ်၊ ဇေယျာဒီပရပ်ကွက်၊ Block 7 မှ Block 11 အတွင်းရှိ မြေကွက်ပေါင်း ၂,၀၈၇ ကွက်အနက် မြေကွက်ပေါင်း ၃၁၉ ကွက်ကို နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် နှစ် ၃၀ မြေငှားစာချုပ်ချထားပေးပြီး ဖြစ်ပါ ကြောင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ပုဗ္ဗသီရိမြို့၊ ဇေယျာဒီပရပ်ကွက်၊ Block 7 မှ Block 11  အတွင်းရှိ မြေကွက်များအား အဆောက်အဦဆောက်လုပ်ရန် မြေပုံ၊ မြေရာဇဝင်ရေးကူးပေးခြင်း၊ မြေငှားစာချုပ်(ဂရန်)ထုတ်ပေးခြင်းနှင့် အမည်ပြောင်းလဲပေးခြင်း စသည့် မြေစီမံခန့်ခွဲမှုကိစ္စရပ်များအား လမ်းညွှန်ချက်အရ ဆက်လက် ဆောင်ရွက်ပေးခြင်းမပြုဘဲ ဆိုင်းငံ့ ထားရှိခဲ့ပါကြောင်း။

တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော စစ်မှုထမ်းများအနေဖြင့် တပ်မတော်မှ အငြိမ်းစားယူသည့်အချိန်တွင် မိသားစုနှင့်အတူ အဆင်ပြေစွာနေထိုင်နိုင်ရေးအတွက် ပုဗ္ဗသီရိမြို့၊ ဇေယျာဒီပရပ်ကွက်၊ ဆင်ဖြူရှင်ရပ်ကွက်၊ တပင်ရွှေထီးရပ်ကွက်နှင့် နဝဒေးရပ်ကွက်တို့တွင် မြေကွက်များအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ထောက်ချုပ်ရုံးမှ ရာထူးအဆင့်အလိုက် သတ်မှတ်နေရာချထားပေးခဲ့ခြင်းဖြစ်ပြီး မြေကွက်ရရှိသည့် စစ်မှုထမ်းများအနေဖြင့် ကတိဝန်ခံချက် ၄ ချက်ကို ဝန်ခံကတိပြုလက်မှတ်ရေးထိုးထားရှိရပါကြောင်း- ၎င်း ၄ ချက်မှာဤမြေကွက်အား အမှန်တကယ် အိမ်ရာဆောက်လုပ်နေထိုင်မည့်သူများအတွက်သာ နေရာချထားပေးခြင်းဖြစ်သည်ကို သိရှိပါကြောင်း၊ ထပ်ဆင့်လွှဲပြောင်းခြင်း၊ ရောင်းချခြင်းမပြုပါကြောင်းနှင့် မိမိကိုယ်တိုင်သာ နေထိုင် မည် ဖြစ်ပါကြောင်း၊ နေအိမ်အား တစ်ထပ်အဆောက်အဦသာ ဆောက်လုပ်ရမည်ဖြစ်ကြောင်း၊ အဆောက်အဦ ဆောက်လုပ်ရာတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ သတ်မှတ် စည်းကမ်းချက်များအတိုင်း လိုက်နာမည်ဖြစ်ပါကြောင်းဆိုသည့် ကတိခံဝန်ချက်များ ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ပုဗ္ဗသီရိမြို့ရှိ ဇေယျာဒီပရပ်ကွက်၊ ဆင်ဖြူရှင်ရပ်ကွက်၊ တပင်ရွှေထီးရပ်ကွက်နှင့် နဝဒေးရပ်ကွက်တို့တွင် စစ်မှုထမ်းများအတွက် နေရာချထားပေးသောမြေကွက်များအား မြေငှား စာချုပ် အမည်ပေါက်ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ထောက်ချုပ်ရုံးနှင့်ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။ 

မေးခွန်း
မေးခွန်း

ဦးလှဆွေ(ပုဗ္ဗသီရိမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း() နိုင်ငံသား၊ နိုင်ငံသားများ၏မူလအခွင့်အရေးနှင့် တာဝန်များမှာ ၄၅ ခုသော အချက် အလက်များရှိပါကြောင်း၊ ပုဒ်မ ၃၄၅ မှ ပုဒ်မ ၃၉၀ အထိ ရှိပါကြောင်း၊ အဆိုပါ အချက် ၃ ချက်ကို တင်ပြလိုပါကြောင်း၊ ပုဒ်မ ၃၄၇ တွင် နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူအခွင့်အရေး ရရှိစေရမည်။ ထို့အပြင် ဥပဒေ၏ အကာ အကွယ်ကိုလည်းတန်းတူညီမျှစွာရယူပိုင်ခွင့်ပေးရမည်ဟုပါရှိပါကြောင်း၊ သို့ဖြစ်ပါ၍ တပ်မတော်သား (အငြိမ်စား)များက တစ်မျိုး၊ အရပ်က အငြိမ်းစား များက တစ်မျိုးဆိုလျှင် အဆိုပါ ဥပဒေ နှင့် ဆန့်ကျင်နေပါကြောင်း၊ ၂၀၀၆ ခုနှစ်တွင် ပုဗ္ဗသီရိကို တည်သည့်အတွက် ၂၀၁၀ ပြည့်နှစ်တွင် အခြေခံ ဥပဒေက ထိုအချိန်က အကျုံးမဝင်သေးပါကြောင်း၊ ယခု ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ၂၀၁၀ ပြည့်နှစ်မှစပြီး အသက်ဝင်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ(Mother Law) နှင့် အတူတူသွားရန် လိုအပ်လိမ့်မည်ဟု မြင်ပါကြောင်း၊ ပုဒ်မ ၃၄၈ တွင် နိုင်ငံတော်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူး၊ ဌာနန္တရ၊ အဆင့်အတန်းဟူ၍  ပါကြောင်း၊ ထို့ကြောင့် အရပ်ဘက်၊ တပ်ဘက် ခွဲခြားပြီး ဂရန်ရသည့်သူ ရမရသည့်သူ မရဘူးဆိုသည်မှာ မလုပ်သင့်သည်မှာ ပေါ်လွင်ပါကြောင်း။

ပုဒ်မ ၃၄၉ မှာ နိုင်ငံသားများသည် အောက်ပါလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် တူညီသောအခွင့်အလမ်းရှိစေရမည်။ ပြည်သူ့ဝန်ထမ်းတာဝန်ထမ်းဆောင်မှု ဆိုပြီး ပါကြောင်း၊ အရပ်ပုဗ္ဗ၊ တပ်ပုဗ္ဗ မခွဲခြားဘဲနှင့် ကကထောက်ကို နေပြည်တော်ကောင်စီအနေဖြင့် တင်ပြပေးလျှင် ကောင်းမည်ဟု  ထပ်ဆင့်မေးခွန်းအနေဖြင့် တင်ပြအပ်ပါကြောင်း။

အဖြေ
အဖြေ

နေပြည်တော်ကောင်စီ၊ ကောင်စီဝင်၊ ဦးဝင်းမိုးခိုင်

အဆိုပါမေးခွန်းနှင့်စပ်လျဉ်းပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီ အနေဖြင့် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ထောက်ချုပ်ရုံးနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။