နောက်ဆုံးရသတင်းများ
မြန်မာလွှတ်တော်ကိုယ်စားလှယ်များ၏ အိန္ဒိယနိုင်ငံ စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဥ် တက်ရောက်လေ့လာမှုခရီးစဥ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည်မန္တလေးတိုင်းဒေသကြီးအတွင်းရှိလွှတ်တော်ကိုယ်စားလှယ်များ၊ရေးရာကော်မတီဥက္ကဋ္ဌများ၊အတွင်းရေးမှူးများနှင့်တွေ့ဆုံတိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းသားသမီးများအားပညာသင်ထောက်ပံ့ငွေများနှင့်စားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ် မြန်မာလွှတ်တော်ကိုယ်စားလှယ်များ အိန္ဒိယပါလီမန်တွင် စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ် တက်ရောက်ခြင်း ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း ဦးဆောင်သည့် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံသို့ သွားရောက် တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း
MY EN

(စ)- ဦးမြင့်ဇော်လင်း(ဖြူးမဲဆန္ဒနယ်)-မေးခွန်း

2026-07-03
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးမြင့်ဇော်လင်း(ဖြူးမဲဆန္ဒနယ်)

ကွန်းချောင်းဆည်ရေလှောင်တမံသည် ၂၀၁၆ ခုနှစ်တွင် ရပ်နားထားခဲ့သဖြင့် ပြန်လည်တည်ဆောက် ပေးနိုင်မှုရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တစ်ခုလုံးအတွက် စီမံချက်ချထားသည့် ကွန်းချောင်းဆည်ရေလှောင်တမံသည် ၂၀၁၄ ခုနှစ်မှစတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်မှစတင်၍ အစိုးရသက်တမ်းတစ်ခုအကြား ရပ်နားထားခဲ့ကြောင်း၊ ၎င်းဆည်တာတမံသည် ကျောက်တံခါးမြို့နယ်တစ်ခုလုံးတွင်သာမက ဖြူးမြို့နယ်တောင်ဘက်ခြမ်း ကျောက်တံခါးနယ်စပ် တောင်သူများနှင့်အတူ ရေရှည်အကျိုးပြုနိုင်သည့် စီမံချက်လုပ်ငန်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဖြူးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့အကြား ဆောင်ရွက်ထားသည့် ဆည်မြောင်းတာတမံ ရပ်နားထားမှုအား ပြန်လည်တည်ဆောက်ပေးနိုင်မှု ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကိုသိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က

အထက်ပါမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကွန်းချောင်းပေါ်တွင် ကွန်းချောင်းရေလှောင်တမံကို တမံအမြင့် ၂၄၀ ပေ၊ တမံအလျား ၁,၂၆၀ ပေ၊ သိုလှောင်ရေပမာဏ ၉၅၅,၀၀၀ ဧကပေ၊ စက်တပ်ဆင် အင်အား ၂၀ မဂ္ဂါဝပ်၊ တာဘိုင် ၃ လုံးဖြင့် လျှပ်စစ်ဓာတ်အား ၆၀ မဂ္ဂါဝပ်ထုတ်လုပ်ရန်ရည်ရွယ်၍ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ၂၀၁၂ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါတယ်။ ကွန်းချောင်းရေလှောင်တမံရှိ တာဘိုင်တစ်လုံးမှ တစ်ရက်လျှင် ၇၇၇ ကုဗပေ/စက္ကန့် ထုတ်လွှတ် နိုင်ပြီး နေ့စဉ်တာဘိုင် ၃ လုံးမှ အနည်းဆုံး ၂,၀၀၀ ကုဗပေ/စက္ကန့်ရှိသည့်  ရေပမာဏကို ထုတ်လွှတ် လျက်ရှိရာ အဆိုပါရေများဖြင့် ကျောက်တံခါးမြို့နယ် တောကျွဲအင်း၊ ပဲနွယ်ကုန်းဒေသများရှိ ဆည်ရေသောက်ဧရိယာ ၃၅,၀၀၀ ဧကအား သီးထပ်များပိုမိုစိုက်ပျိုးနိုင်ရန် ရည်ရွယ်ပြီး ကွန်းချောင်း ရေလွှဲဆည်နှင့် ဆည်ရေသောက်စနစ်တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ပါကြောင်း။

စီမံကိန်းစတင်သည်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အထိ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ရာ ရေလွှဲဆည်တည်ဆောက်ခြင်းလုပ်ငန်း ၅၀.၃၆ ရာခိုင်နှုန်း၊ ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်း ၁.၁၆ ရာခိုင်နှုန်းဆောင်ရွက်ခဲ့ပြီးဖြစ်၍ စီမံကိန်းလုပ်ငန်းတစ်ခုလုံး၏ ၈.၄၁ ရာခိုင်နှုန်း ပြီးစီးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ ဆည်မြောင်းဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် ကွန်းချောင်း ရေလွှဲဆည်နှင့် ဆည်ရေသောက်စနစ်တည်ဆောက်ခြင်းလုပ်ငန်းအား အိန္ဒိယချေးငွေဖြင့် ဆောင်ရွက်ရန် ၇-၉-၂၀၁၂ ရက်တွင် ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်း အဝေးတွင် အတည်ပြုခဲ့ပါကြောင်း၊ ချေးငွေစာချုပ်ကို မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နှင့် Exim Bank of India တို့အကြား ၁၁-၁၂-၂၀၁၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး စီမံကိန်း အတိုင်ပင်ခံ သဘောတူစာချုပ် (Project Management Consultant, (P.M.C) Agreement) ကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံ WAPCOS Limited တို့အကြား ၂၃-၇-၂၀၁၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ချေးငွေစာချုပ်ပါလုပ်ငန်းစဉ်များအရ စီမံကိန်းကို အကောင်အထည်ဖော်နိုင်ရေး ကွန်းချောင်းရေလွှဲဆည်နှင့် ဆည်ရေသောက်စနစ် တည်ဆောက်ခြင်း လုပ်ငန်းအတွက် တင်ဒါစာရွက်စာတမ်းမူကြမ်း (Draft Tender Document)အား ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် WAPCOS Limited တို့အကြား ညှိနှိုင်း ပြုစု ဆောင်ရွက်ခဲ့ကြပြီး ၁၀-၁၂-၂၀၂၄ ရက်တွင် ပြုလုပ်ခဲ့သော အမျိုးသားအဆင့် စီမံကိန်းဦးဆောင် ကော်မတီ(National Project Steering Committee-NPSC)အစည်းအဝေးတွင် နယ်မြေအခြေအနေ အရ လက်ရှိမြေပြင်တွင် ကွင်းဆင်းဆောင်ရွက်ရန် အခက်အခဲရှိသဖြင့် ခေတ္တဆိုင်းငံ့ထားရန် ဆုံးဖြတ် ခဲ့ကြောင်းနှင့် တင်ဒါလုပ်ငန်းစဉ်များ ရပ်နားထားခဲ့ရသည့် အခြေအနေဖြစ်ပါကြောင်း၊ ကွန်းချောင်းရေလွှဲဆည်နှင့် ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်း တည်နေရာပြ မြေပုံနှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များအား တင်ပြအပ်ပါကြောင်း။

လက်ရှိကာလတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် WAPCOS Limited တို့အကြား ချုပ်ဆိုထားသည့် အတိုင်ပင်ခံစာချုပ်သက်တမ်းမှာ ၃၀-၉-၂၀၂၅ ရက်တွင် ကုန်ဆုံးပြီး Exim Bank of India နှင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(Myanmar Foreign Trade Bank-MFTB)တို့အကြား ချုပ်ဆိုထားသည့် ချေးငွေသဘောတူစာချုပ်(Line of Credit-LOC)သက်တမ်းသည် လည်း ၃၁-၃-၂၀၂၆ ရက်တွင် ကုန်ဆုံးပါကြောင်း၊ ကွန်းချောင်းရေလွှဲဆည်နှင့် ဆည်ရေသောက် စနစ်တည်ဆောက်ခြင်းလုပ်ငန်းကို အိန္ဒိယချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထား ခဲ့သော်လည်း ချေးငွေသဘောတူစာချုပ်မှာ သက်တမ်းကုန်ဆုံးသွားပြီဖြစ်သောကြောင့် လုပ်ငန်း များကို ပြည်ထောင်စုရန်ပုံငွေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်အထိ ၅ နှစ်စီမံကိန်းတွင် ကြိုတင်ထည့်သွင်းရေးဆွဲခဲ့ ပြီးဖြစ်သည့်အပြင် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင် အခန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွင် ထည့်သွင်း ထားပြီးဖြစ်ပါသဖြင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်ကာ ရန်ပုံငွေ လျာထား တင်ပြ သွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အပိုင်းလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။