နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် Naypyitaw State Academyမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ (၂၉-၆-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပြည်သူ့လွှတ်တော် ကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ (၂၅-၆-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ်
MY EN

(ခ)- ဦးမိုးမြင့်(သန်လျင်မဲဆန္ဒနယ်)-မေးခွန်း

2026-06-29
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးမိုးမြင့်(သန်လျင်မဲဆန္ဒနယ်)
တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများ လုပ်သက်ပြည့် အငြိမ်းစားယူချိန်တွင် နေထိုင်ရန် အိုး/အိမ်နေရာများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိသိရှိလိုပါကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော် တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြပြီး လုပ်သက်ပြည့်၍ သက်ဆိုင်ရာဌာနအသီးသီးမှ အငြိမ်းစား ယူသည့်အချိန်တွင် အများစုသည် အဆင်သင့်နေထိုင်ရန် အိုး/အိမ်နေရာများ အခက်အခဲရှိကြပြီး ရရှိသည့် အငြိမ်းစားလစာနှင့် နေ့စဉ် စားဝတ်နေရေးလူနေမှုဘဝများကို ရင်ဆိုင်ဖြတ်သန်းနေရပါ ကြောင်း၊ ဝန်ထမ်းလုပ်သက် သတ်မှတ်ကာလတစ်ခုပြည့်မြောက်ချိန်တွင် သက်ဆိုင်ရာဝန်ထမ်းများ အခြေချနေထိုင်လိုသည့် နေရာများတွင် အိုး/အိမ်ပိုင်ဆိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးပြီး ပေးသွင်းရမည့်ကျသင့်ငွေကို သက်ဆိုင်ရာဝန်ထမ်းများ၏ လစာများမှ အချိုးကျစနစ်ဖြင့် ပေးသွင်း စေခြင်း၊ ဝန်ထမ်းကောင်းလက်မှတ်တံဆိပ်ရရှိပါက အချိုးကျ လျှော့ချပေးခြင်း၊ သက်ပြည့်ပင်စင် ရရှိသည်အထိ ပြစ်မှုပြစ်ဒဏ်ကင်းရှင်းစွာ တာဝန်ထမ်းဆောင်ခဲ့ပါက အချိုးကျ လျှော့ချပေးခြင်း စသည်ဖြင့် ပြုလုပ်ပေးပါက ဝန်ထမ်းများသည် နောင်ရေးစိတ်အေးရသဖြင့် နိုင်ငံ့တာဝန်များကို ကောင်းမွန်စင်ကြယ်စွာ ထမ်းဆောင်နိုင်ရေးအထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း။

ထို့အပြင် သက်ပြည့်ပင်စင် ရရှိသည့်အချိန်တွင် ၎င်းတို့၏ မိသားစုစားဝတ်နေရေးကို အထောက်အကူဖြစ်စေသည့် သင့်တော်သော လုပ်ငန်းများတွင် ထမ်းဆောင်နိုင်ရန် စီစဉ်ပေးပါက အငြိမ်းစားယူပြီးနောက်ပိုင်း စိတ်အေးချမ်းသာစွာဖြင့် နေထိုင်ဖြတ်သန်းသွားနိုင်မည်ဖြစ်သည့်အပြင် နိုင်ငံ့ဝန်ထမ်းတာဝန်များကို ထမ်းဆောင်လိုသည့် စိတ်ဝင်စားမှုများလည်း ဖြစ်ပေါ်လာနိုင်မည်ဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများ လုပ်သက်ပြည့် အငြိမ်းစားယူချိန်တွင် နေထိုင်ရန် အိုး/အိမ်နေရာများနှင့် အလုပ်အကိုင်အခွင့်အလမ်း များ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က

တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများ လုပ်သက်ပြည့် အငြိမ်းစားယူချိန်တွင် နေထိုင်နိုင်ရန် အိုး/အိမ်နေရာများကို အစီအစဉ်တစ်ရပ်အနေဖြင့် သီးခြား ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသော်လည်း လက်ရှိဆောင်ရွက်ပေးနေသည့် အခြေအနေများကို ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ အငြိမ်းစားဝန်ထမ်းများအတွက် အငှားစနစ်ဖြင့် နေထိုင်နိုင်ရန် ပဏာမအဆောက်အဦ ၂၅ လုံး(အိမ်ခန်းပေါင်း ၅၂၀ ခန်း)ပါရှိသည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားအိမ်ရာ ၁ ခုကို ရှေ့ပြေး ပရော့ဂျက်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေတွင် ၂၀၂၁ ခုနှစ် တည် ဆောက်ပြီးစီးခဲ့ပါကြောင်း၊ ယခုအခါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၊ တာဝန်ထမ်းဆောင်ဆဲဝန်ထမ်း များနှင့် ပြည်သူများအနက် နေရေးအခက်အခဲရှိသူများကို အငှားစနစ်ဖြင့် နေထိုင်နိုင်ရန် ပြည်သူ့ အငှားအိမ်ရာစီမံကိန်းကိုလည်း ဖော်‌ဆောင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို လူနေထူထပ်များပြားသည့် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော်တို့တွင် National Planning များချမှတ်ပြီး စီမံကိန်းများချမှတ်အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အိမ်ခန်း‌ပေါင်း ၅,၃၁၆ ခန်း ဆောက်လုပ်ပြီးစီး ခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအပြင် တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများ၊ တာဝန် ထမ်းဆောင်ဆဲဝန်ထမ်းများဆိုတာလည်း ရဲလည်းပါဝင်ပါကြောင်း၊ ပြည်သူများကို သက်သာသော နှုန်းထားဖြင့် ငှားရမ်းနေထိုင်နိုင်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့များသို့ အိမ်ခန်းများ လျှောက်ထားနိုင်ပြီး အစောကပြောသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၊ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများ၊ ပြည်သူများကို အားလုံးအချိုးကျ ခွဲဝေအငှားစာချုပ်ဖြင့် ငှားရမ်း ခွင့်ပြုပေးလျက် ရှိပါကြောင်း။

ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းတွင် အခန်းပေါင်း ၄၀၀ ခန်း၊ မန္တလေးမြို့ရှိ မင်္ဂလာရန်ကင်းပြည်သူ့အငှားအိမ်ရာ အခန်းပေါင်း ၂၂၄ ခန်း စုစုပေါင်း ၆၂၄ ခန်းကိုလည်း ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် နေထိုင်နိုင်ရန်အခက်အခဲရှိသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၊ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများနှင့် ပြည်သူများကို အခန်းများ အချိုးကျ ထပ်မံငှားရမ်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း၊ တပ်မတော်သားများအတွက် ကာကွယ်ရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် စစ်မှုထမ်းဟောင်း အိမ်ရာများကိုလည်း သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၊ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများ၊ ပြည်သူများကို တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြင့်အိမ်ခန်းများ ရောင်းချခြင်းနှင့် စပ်လျဉ်း၍ အိုး/အိမ်ဘဏ်(CHID Bank) တွင် လည်း ပဏာမစုငွေထားရှိပြီး အရစ်ကျငွေပေးသွင်းခြင်းစနစ်နှင့် တစ်လုံးတစ်ခဲတည်း ငွေပေးသွင်းခြင်း စနစ်တို့ကိုလည်း ရောင်းချပေးလျက်ရှိပါကြောင်း၊ အိမ်ရာများကို လစဉ်အရစ်ကျပေးဆပ်သည့်စနစ်ဖြင့် ပြည်သူများဝယ်ယူနိုင်ရန်အတွက် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အဦဖွံ့ဖြိုးရေးဘဏ် တွင်လည်း နှစ်ရှည်အိမ်ရာငွေချေးစနစ်ဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ယနေ့အထိ ချိတ်ဆက် ရောင်းချဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အငြိမ်းစားဝန်ထမ်းများ၊ တာဝန်ထမ်းဆောင်ဆဲဝန်ထမ်း များနှင့် ပြည်သူများကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ အိမ်ခန်း ပေါင်း ၃၂,၀၀၀ ကျော်ကိုလည်း ရောင်းချ ခဲ့ပြီး ၎င်းတို့အနက် အိမ်ခန်းပေါင်း ၈,၀၀၀ ကျော်ခန့်ကို နှစ်ရှည်အိမ်ရာချေးငွေစနစ်ဖြင့် အိမ်ခန်းတန်ဖိုးကို လစဉ်အရစ်ကျပေးသွင်းကာ အိမ်ရာပိုင်ဆိုင်ခွင့် ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြေင်း။

ဒုတိယမေးခွန်းဖြစ်သည့် လုပ်သက်ပြည့်အငြိမ်းစားယူချိန်တွင် အလုပ် အကိုင်အခွင့်အလမ်း များ စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းနှင့်စပ်လျဉ်း၍ လုပ်သက်ပြည့်ပြီးသူများဖြစ်သဖြင့် အစိုးရဝန်ထမ်း အဖြစ် အလုပ်အကိုင် ထပ်မံပေးအပ်နိုင်ခြင်း မရှိပါကြောင်းနှင့် အလုပ်အကိုင်လိုအပ်ချက်ရှိပါက အခွင့်အလမ်းရရှိရန်အလို့ငှာ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ ၎င်းတို့အနေဖြင့် အလုပ် သမားမှတ်ပုံတင်ကတ်ပြား လျှောက်ထားရမည်ဖြစ်ပြီး သက်ဆိုင်ရာပုဂ္ဂလိကဌာနများမှ အလုပ်ရှင် များ၏ အလုပ်ခေါ်စာနှင့်ကိုက်ညီသော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး ချိတ်ဆက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လာသောအချက်အလက်များနှင့် ပေါင်းစပ်၍ ရှင်းလင်းဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးမိုးမြင့်(သန်လျင်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

နယ်မြေများတွင် ပြည်သူလူထုနှင့် ထိတွေ့ဆောင်ရွက်သည့်အခါ သက်ပြည့်ပင်စင် အငြိမ်းစား ယူသွားပြီးနောက် နေထိုင်ရန် အခက်အခဲရှိသည့် ဝန်ထမ်းဟောင်းများ၊ သက်ပြည့်ပင်စင်နှင့် အငြိမ်း စားယူရန် အချိန်းနီးကပ်နေသဖြင့် နေထိုင်ရန် အိုး/အိမ်အခက်အခဲရှိ၍ စိတ်ပူပင်သောကရောက်နေ ရသည့် ဝန်ထမ်းများကိုလည်း တွေ့ဆုံခဲ့ရပါကြောင်း၊ ထို့ကြောင့် ပထမအချက်အနေဖြင့် ဝန်ကြီးဌာန အနေနှင့် အငြိမ်းစားဝန်ထမ်းများ နေထိုင်ရန် စီစဉ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့စီစဉ်ပေး သည့်အချိန်တွင် နှစ်စဉ်ဖြစ်ပေါ်နေသည့် အငြိမ်းစားဝန်ထမ်းများ၏ ရာခိုင်နှုန်းဘယ်လောက်ကို ဆောင်ရွက်ပေးနိုင်ပါသလဲ၊ ဒုတိယအချက်အနေဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများတွင် အိမ်ရာစီမံကိန်း များကို ဆောင်ရွက်ပေးနေသလို အခြားနယ်များတွင်ပါ  ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ တတိယအချက်အနေဖြင့် လတ်တလော အိုး/အိမ်နေရာအခက်အခဲရှိနေ သည့် ယခင် အငြိမ်းစားယူသွားခဲ့ပြီးသည့် ဝန်ထမ်းဟောင်းများ၊ လတ်တလောအငြိမ်းစားယူရန် ပြင်ဆင်နေသည့် ဝန်ထမ်းများအနေဖြင့် အိုးအိမ်အခက်အခဲဖြစ်၍ ဆောင်ရွက်ချင်ပါက ဝန်ထမ်း ဟောင်းများ၊ ဝန်ထမ်းများအနေနှင့် မည်ကဲ့သို့ဆောင်ရွက်ရမည်နှင့် ဝန်ကြီးဌာနအနေနှင့် မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်သည်ကို သိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က

အိမ်ရာရောင်းချမည့် အစီအစဉ်များကို နှစ်စဉ်အိမ်ရာတွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးစင်တာ Website တွင် အားလုံးတင်ထားပေးပြီး သတင်းစာတွင်လည်း ကြော်ငြာပါကြောင်း၊ အခန်းများကို လည်း လျှောက်ထားနိုင်ပါကြောင်း၊ နှစ်စဉ်ထွက်သည့် အခန်းများအပေါ်မူတည် နိုင်ငံတော် ရန်ပုံ ငွေ ဘတ်ဂျက်နှင့်မူတည်ပြီး မိမိတို့ ရနိုင်သည့်ငွေအပေါ်မူတည်ပြီး နှစ်စဉ်အိမ်ခန်းများ၊ အငှားအိမ်ရာ များ၊ အရောင်းအိမ်ရာများ ဆောင်ရွက်ပေးနေပါကြောင်း၊ ထိုသို့ဆောင်ရွက်သည့်အခါ ထွက်လာသည့် အခန်းအပေါ်မူတည်  အိမ်ရာလျှောက်ထားမှုများနှင့်စပ်လျဉ်းပြီး ဝန်ထမ်းဆိုလျှင် ပြန်ခွဲတမ်းချလျှင် ၄၀ ရာခိုင်နှုန်း၊ အငြိမ်းစားဆိုလျှင် အငြိမ်းစားအဟောင်းများလည်း ရပါကြေင်း၊ အငြိမ်းစားဆိုလျှင် ၁၅ ရာခိုင်နှုန်း၊ တပ်၊ ရဲ ဆိုလျှင် ၂၀ ရာခိုင်နှုန်း၊ ပြည်သူကိုလည်း ကြည့်ရပါကြောင်း၊ နေထိုင်လိုသူ ပြည်သူများကိုလည်း ၂၅ ရာခိုင်နှုန်း ထိုသို့ အချိုးများခွဲခြားပြီး လျှောက်လွှာစိစစ်ပြီး ပေးနေပါ ကြောင်း၊ ရာခိုင်နှုန်းအားဖြင့် အခြေခံအချိုးနှင့်ခွဲပြီး အငြိမ်းစားရော၊ ဝန်ထမ်းရော၊ ပြည်သူရော၊ တပ်ရော၊ ရဲရော အားလုံးလျှောက်ရအောင် အချက်အလက်နှင့်          ထောက်ခံချက်ပြည့်အောင် မိမိတို့ ပေးပါကြောင်း၊ ထိုသို့ပေးသည့်အခါ တချို့လည်း တစ်လုံးတည်းတစ်ခဲတည်း ဝယ်နိုင်ပါကြောင်း၊ ထိုဟာသည် တန်ဖိုးနည်း၊ တန်ဖိုးသင့်ဖြစ်ပြီး ဈေးမများပါကြောင်း၊ တစ်လုံးတည်း တစ်ခဲတည်း မဝယ်နိုင်လျှင် အိုး/အိမ်ဘဏ် ပထမ သိန်း ၃၀ သွင်းပြီး စီနီယာဝင်ထား လျှောက်ထားပြီး ဘဏ်စုငွေထားပြီးလျှင် မည်သည့်အငြိမ်းစားဖြစ်ဖြစ် ဘဏ်စုငွေရထားပြီးလျှင် ၅ နှစ်မှ ၈ နှစ်အထိ အတိုးနှုန်း ၇.၅ ရာခိုင်နှုန်းနှင့် ရောင်းချပေးပါကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ထွက်လာသည့်အခန်း အပေါ် မူတည် အချိုးကျ အားလုံးမျှတ‌အောင် မိမိရန်ပုံငွေနှင့်၊ ဆောင်ရွက်နိုင်သည့်ပမာဏနှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပထမမေးခွန်း ဖြေကြားလိုပါကြောင်း၊

အခြားနေရာတွင် ဆောင်ရွက်ပေးမရဘူးလားဆိုလျှင် အတွေ့အကြုံအရ နေပြည်တော်တွင် ပထမလုပ်ကြည့်ပါကြောင်း၊ စလုပ်ချိန်က နေမည့်သူမရှိကြောင်း၊ ရန်ကုန်တွင်လည်း ဝယ်မည့်သူ မရှိကြောင်း၊ ငှားမည့်လူလည်း ပထမ မရှိပါကြောင်း၊ နောက်ပိုင်းကျမှ လိုအပ်ချက် ပိုပြီးများလာပြီး လက်ရှိလျှောက်ထားသည့် လျှောက်လွှာများ၊ လက်ခံလျှောက်လွှာလက်ကျန် နေပြည်တော်တွင် ၄,၀၀၀ ကျော်ရန်ကုန် သုခဝတီအငှားအိမ်ရာတွင် လျှောက်လွှာပေါင်း ၂,၃၀၀၀၊  မန္တလေးတွင် ၂,၅၂၅ လောက်ကျန်ပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများသာ ခွဲပါကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များမှလည်း ပြီးခဲ့သည့်နှစ်များတွင် အထူးအစီအစဉ်နှင့် နိုင်ငံတော်အပေါ်တာဝန်ကျေခဲ့သည့် တပ်မတော်သားများ၊ ရဲများ၊ စွန့်လွတ်စွန့်စားသည့် ပြည်သူများ ကိုလည်း သီးခြားအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးများမှ ဆောင်ရွက်ပေးပါကြောင်း၊ ပြည်ထောင်စုအနေဖြင့် မြို့ ၃ မြို့ကိုသာ အဓိကထား ဆောင်ရွက်ပေးလျက်ရှိကြောင်း

ယခင်အငြိမ်းစားဝန်ထမ်းများ ပေးမည့်အခါ မည်သို့ ဆောင်ရွက်ပေးနိုင်မလဲဆိုသည်မှာ မိမိ စောစောက ပြောသွားသည့် အစီအစဉ်ရှိပါကြောင်း၊ လျှောက်ရပါကြောင်းနှင့် လျှောက်ရမည့် Website တွင်လည်း ဝင်ကြည့်လျှင် သိပါကြောင်း၊ ဘယ်မှာလျှောက်ရမည်၊ မည်သို့ လျှောက်ရမည် ဒီမှာပြောလျှင် အရှည်ကြီးဖြစ်မည်ဆိုး၍ သူ့ SOP အသေးစိတ်နှင့် ရှိပါကြောင်း၊ လျှောက်လွှာ လျှောက်ထားလျှင် ချက်ချင်း မရနိုင်သလို စီထားသည့် စီနီယာအတိုင်း အချိုးကျပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။