နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဥတ္တရခရိုင် တပ်ကုန်းမြိုနယ်တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်းပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းခြင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ သတင်းမီဒီယာများနှင့် တွေ့ဆုံ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြည်သူ့လွှတ်တော် လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းမော်ထွန်း နိုင်ငံတကာခေါင်းဆောင်မှုကောလိပ် (ILC) မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး
MY EN

(စ)- ဦးစိုင်းလောင်း(မိုင်းပျဉ်းမဲဆန္ဒနယ်)-မေးခွန်း

2026-06-17
တတိယအကြိမ်
နယ်စပ်ရေးရာဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးစိုင်းလောင်း(မိုင်းပျဉ်းမဲဆန္ဒနယ်)
မိုင်းပျဉ်းမြို့နယ်၊ မိုင်းပုအွန်-မိုင်းရှဲန် ကျေးလက်ကုန်ထုတ်လမ်းအား ပြန်လည်ပြုပြင်အဆင့်မြှင့်တင် ပေးရန် အစီအစဉ် ရှိ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းရှဲန်ကျေးရွာအုပ်စုသည် မိုင်းပျဉ်း မြို့နှင့် မိုင်ပေါင်း ၄၅ မိုင်ခန့်ကွာဝေးပြီး ရှမ်း၊ လားဟူ၊ ပလောင် စသော တိုင်းရင်းသားလူမျိုးများ စုပေါင်း နေထိုင်ကြပါကြောင်း၊ ထိုအုပ်စုတွင် ကျေးရွာပေါင်း ၁၁ ရွာ၊ လူဦးရေပေါင်း ၁,၆၈၄ ဦး၊ အိမ်ခြေပေါင်း ၂၈၉ အိမ်ခန့်‌ နေထိုင်ကြသော တောင်ပေါ်ကျေးရွာအုပ်စုတစ်ခု ဖြစ်ပါကြောင်း၊ ယခင်က နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မိုင်းပုအွန်ကျေးရွာအုပ်စု၊ ဝမ်တန်းရွာမှ မိုင်းရှဲန်ကျေးရွာအုပ်စု ဝမ်ယန်းရွာအထိ ၁၈ မိုင်အား မြေသားလမ်း ဖောက်လုပ်ပေးခဲ့ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားဒေသခံပြည်သူများ လမ်းပန်းဆက်သွယ် သွားလာမှု၊ ကုန်ပစ္စည်းများ သယ်ယူ ပို့ဆောင်မှု အဆင်ပြေချောမွေ့ခဲ့ပါကြောင်း၊ သို့သော် နှစ်ပေါင်းကြာမြင့်လာသည့်အခါ လက်ရှိ ထိုလမ်း သည် ရေတိုက်စားခြင်း၊ တောင်ပြိုကျခြင်း၊ လမ်းအူကြောင်း မြောင်းဖြစ်ခြင်း၊ ချိုင့်ခွက်ဖြစ်ခြင်း တို့ကြောင့် ကားများ သွားလာ၍ မရဘဲ ဆိုင်ကယ်များသာ သွားလာနေရပါကြောင်း၊ အရေးပေါ်ကိစ္စများ ကြုံကြိုက်လျှင်သော်လည်းကောင်း၊ ပညာရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး စသည့်ကိစ္စရပ်များ ပေါ်ပေါက်လာလျှင်သော်လည်းကောင်း အခက်အခဲများ ရင်ဆိုင်ခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ မိုင်းပျဉ်း မြို့နယ်၊ မိုင်းပုအွန်-မိုင်းရှဲန် ကျေးလက်ကုန်ထုတ်မြေကားလမ်းအား ပြန်လည်အဆင့်မြှင့်တင်ပေးရန် အစီအစဉ်များ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် စီမံချက်များရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက

မိုင်းပုအွန်-မိုင်းရှဲန်လမ်းသည် ၁၈ မိုင်ရှိပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်အစိုးရရန်ပုံငွေဖြင့် မြေသားလမ်း ၁၈ မိုင် ဖောက်လုပ်ခဲ့ပြီး လက်ရှိတွင် လမ်းအကျဉ်းဆုံးနေရာ၌ ၁၀ ပေ နှင့် အကျယ်ဆုံးနေရာသည် ၁၈ ပေခန့်ရှိပြီး အဆိုပါ မိုင်းပုအွန်-မိုင်းရှဲန်ကျေးရွာအုပ်စုကွင်းဆက် ၁၈ မိုင် လမ်းဟာ ကျေးရွာ ၈ ရွာ၊ အိမ်ခြေ ၁၆၃ အိမ်၊ လူဦးရေ ၁၁၆၄ ဦးအတွက် အကျိုးပြုသော လမ်းဖြစ်ရာ လမ်းအဆင့်မြှင့်တင်နိုင်ရေးအတွက် မြေသားလမ်းတာချဲ့ခြင်းလုပ်ငန်းကို ဦးစွာဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မေးမြန်းခဲ့သည့်လမ်းအား နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ သို့မဟုတ် ပြည်နယ်ရန်ပုံငွေတို့မှ ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ် မူတည်၍ လျာထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။