နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဥတ္တရခရိုင် တပ်ကုန်းမြိုနယ်တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်းပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းခြင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ သတင်းမီဒီယာများနှင့် တွေ့ဆုံ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြည်သူ့လွှတ်တော် လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းမော်ထွန်း နိုင်ငံတကာခေါင်းဆောင်မှုကောလိပ် (ILC) မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး
MY EN

(ဆ)- ဦးစိုင်းဝန်းဆမ်(မိုင်းခတ်မဲဆန္ဒနယ်)-မေးခွန်း

2026-06-17
တတိယအကြိမ်
နယ်စပ်ရေးရာဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးစိုင်းဝန်းဆမ်(မိုင်းခတ်မဲဆန္ဒနယ်)
မိုင်းခတ်-မိုင်းညှင်းလမ်းပေါ်ရှိ အတက်အဆင်း မတ်စောက်သည့်နေရာများတွင် ကွန်ကရစ်ခင်းပေးရန် အစီအစဉ် ရှိ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

မိုင်းခတ်-မိုင်းညှင်းလမ်းသည် မိုင်းခတ်မြို့နယ်အတွင်း ရပ်ကွက် (၂)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၁၆ အုပ်စုရှိသည့်အနက် ကျေးရွာအုပ်စု ၅ အုပ်စုမှ အဓိကအသုံးပြုနေသော လမ်းပိုင်း ဖြစ်ပါကြောင်း၊ ၎င်းကျေးရွာအုပ်စုများသည် မိုင်းညှင်းအုပ်စု၊ ဝမ်အွန်အုပ်စု၊ ဟုတ်ပုံအုပ်စု၊ ဝမ်ပင်း အုပ်စုနှင့် နောင်လုံး အုပ်စုတို့ဖြစ်ကြပြီး ကျေးရွာပေါင်း ၅၀ ကျော်ရှိ၍ လူဦးရေစုစုပေါင်း ၂၂,၀၀၀ ကျော်ခန့် ဆက်သွယ် သွားလာနေထိုင်လျက်ရှိပါကြောင်း၊ မိုင်းခတ်မြို့နေ လူဦးရေထက်ဝက်ခန့် အသုံးပြုလျက်ရှိကြောင်း၊ မိမိတို့ဒေသသည် မိုးရာသီတွင် မိုးများ၍ တောင်ဆင်း တောင်တက် များသည့် မိုင်းညှင်းလမ်းသည် ကျောက်များခင်ထားသော်လည်း ကျောက်များ ဖွာထွက်ခြင်း၊ လမ်းများပျက်စီးခြင်းကြောင့် သွားရေးလာရေး ခက်ခဲပါကြောင်း၊ ထို့အပြင် ၎င်းဒေသအတွက် ဒေသဖွံ့ဖြိုးရေး၊ လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုစီးပွားရေး ကိစ္စအဝဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေ ရန် အတွက် ဆောင်ရွက်ရာတွင် ၎င်းလမ်းမကြီးသည် အဓိက အရေးကြီးသောလမ်းမဖြစ်ပါကြောင်း။ 

ထို့ကြောင့် မိုင်းခတ်မြို့နယ်၊ မိုင်းခတ်-မိုင်းညှင်းလမ်း ၂၂ မိုင်အနက် ၁၂/၄ မိုင်ကျောက်လမ်း ပေါ်တွင် အတက်အဆင်းမတ်စောက်သည့်အတွက် ကွန်ကရစ်ခင်းခြင်းအဆင့်သို့ တိုးမြှင့်ခင်းပေးနိုင် ရန် အစီအစဉ် ရှိ မရှိ၊ ရှိလျှင် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်း ခဲ့ပါသည်။

အဖြေ
အဖြေ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး က

မေးမြန်းချက်ပါ မိုင်းခတ်မြို့နယ်၊ မိုင်းခတ်-မိုင်းညှင်းလမ်းသည် စုစုပေါင်း လမ်းအရှည် ၂၂ မိုင်ရှိ ပြီး သမဝါမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲသည်လမ်းသည် ၀ မိုင်မှ ၇ မိုင်၊ ၆.၅ ဖာလုံဖြစ်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ စီမံခန့်ခွဲသည့်လမ်းပိုင်းသည် ၇ မိုင်၊ ၆.၅ ဖာလုံမှ ၂၂ မိုင် အထိ ၁၄ မိုင်၊ ၁.၅ ဖာလုံ ဖြစ်ပါကြောင်း၊ မေးမြန်းချက်ပါ ၁၂ မိုင်၊ ၄ ဖာလုံလမ်းသည် နယ်စပ်ရေးရာဝန်ကြီးဌာနမှ စီမံခန့်ခွဲသည့် လမ်းပိုင်း ၁၄ မိုင်၊ ၁.၅ ဖာလုံတွင် ပါဝင်ပြီး နယ်စပ် ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်အထိ ကျောက်လမ်း ၁၂ မိုင်၊ ၄ ဖာလုံနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်အစိုးရရန်ပုံငွေမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း ၄ ဖာလုံကို ဆောင်ရွက်ခဲ့ပြီး အဆိုပါလမ်းသည် ကျေးရွာ ၄၂ ရွာ၊ အိမ်ခြေ ၁၄၇၀ အိမ်နှင့် လူဦးရေ ၇,၃၆၄ ဦးတို့ကို အကျိုးပြုပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော် ကိုယ်စားလှယ်မေးမြန်းခဲ့သည့် လမ်းပိုင်းသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း ၄ ဖာလုံ ဆောင်ရွက်ရန် ရန်ပုံငွေ ခွင့်ပြုပေးပြီးဖြစ်ပါ ကြောင်းနှင့် ကျန်ရှိသော လမ်းပိုင်းများကို နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု သို့မဟုတ် ပြည်နယ် အစိုးရရန်ပုံငွေတို့မှ ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။