နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဥတ္တရခရိုင် တပ်ကုန်းမြိုနယ်တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်းပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းခြင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ သတင်းမီဒီယာများနှင့် တွေ့ဆုံ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြည်သူ့လွှတ်တော် လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းမော်ထွန်း နိုင်ငံတကာခေါင်းဆောင်မှုကောလိပ် (ILC) မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး
MY EN

(ဇ)- စိုင်းအောင်ခမ်း(မိုင်းယောင်းမဲဆန္ဒနယ်)-မေးခွန်း

2026-06-17
တတိယအကြိမ်
နယ်စပ်ရေးရာဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

စိုင်းအောင်ခမ်း(မိုင်းယောင်းမဲဆန္ဒနယ်)
ဝမ်ဘိုး-ဝမ်မန်းကျေးရွာအုပ်စုချင်းဆက်လမ်းပေါ်ရှိ ရေတိုက်စား၍ပျက်စီးသွားခဲ့သည့် ဝမ်ဘိုးတံတား အား အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

မိုင်းယောင်းမြို့နယ်၊ ဝမ်ဘိုးကျေးရွာအုပ်စုရှိ ဝမ်ဘိုးတံတားဟာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူစီမံခန့်ခွဲရသော အရှည် ၇ မိုင်ခန့် ရှိ ကျေးရွာအုပ်စုချင်းဆက်လမ်းပေါ်တွင် တည်ရှိသည့် တံတား ၁ စင်းဖြစ်ပါကြောင်း၊ အဆိုပါ တံတားကို ဝမ်ဘိုးကျေးရွာအုပ်စုနှင့် ဝမ်မန်းကျေးရွာအုပ်စုရှိ ကျေးရွာပြည်သူများမှ စုပေါင်း၍ အရှည် ၄၅ ပေ၊ အကျယ် ၁၄ ပေရှိသော ကွန်ကရစ်တံတားတစ်စင်းကို ၂၀၁၀ ပြည့်နှစ်တွင် ကိုယ်ထူကိုယ်ထ အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည့်တံတားဖြစ်ပါကြောင်း၊ ကိုယ်ထူကိုယ်ထအစီအစဉ်ဖြင့် တည်ဆောက်ခဲ့၍ နည်းပညာအားနည်းမှုကြောင့်လည်းကောင်း၊ သက်တမ်းကြာမြင့်လာ၍ သဘာဝရေကြီး ရေလျှံမှု ဒဏ်ကို နှစ်စဉ်ခံစားလာရ၍လည်းကောင်း၊ ၂၀၂၄ ခုနှစ် မိုးရာသီကာလတွင် တံတားကို ရေတိုက်စားပြီးတံတားအလယ်တည့်တည့်တွင် အင်္ဂလိပ်အက္ခရာ V ပုံသဏ္ဌာန် ညွတ်ကွေးတိမ်းစောင်းသွားခဲ့ပြီး မော်တော်ကားများ၊ ထော်လာဂျီများ၊ ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရတော့ပါကြောင်း၊ တံတားကို အမှီပြုသွားလာနေရသည့် ကျေးရွာ ၁၃ ရွာရှိ ပြည်သူပေါင်း ၄,၀၀၀ ကျော်၏ စိုက်ပျိုး ထုတ်ကုန်များ သယ်ယူရောင်းဝယ်ရန်အတွက်လည်းကောင်း၊ ပြည်သူများ၏ပညာရေး၊ ကျန်းမာရေး၊ သာရေးနာရေး၊ လူမှုရေး၊ အုပ်ချုပ်မှုကိစ္စရပ်များအတွက် မြို့ပေါ်သို့ ဆက်သွယ်သွားလာရန် အခက် အခဲကြုံတွေ့နေရလျက်ရှိပါကြောင်း။

အဆိုပါတံတား ကျိုးကျပျက်စီးခဲ့၍ တံတားအသစ်ပြန်လည်ရရှိရေးအတွက် မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့နှင့် မြို့မိမြို့ဖများ တိုင်ပင်ကာ တံတားအသစ်တည်ဆောက် နိုင်ရေးအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးကနေ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တစ်ကြိမ်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တစ်ကြိမ်၊ ရှမ်းပြည်နယ်အစိုးရစီမံကိန်းစာရင်းတွင် လျာထားတင်ပြခဲ့သော်လည်း ချထားပေးခြင်းမရှိကြောင်း၊ သို့ဖြစ်ပါ၍ မိုင်းယောင်းကျေးရွာ၊ ဝမ်ဘိုး ကျေးရွာအုပ်စုနှင့် ဝမ်မန်းကျေးရွာအုပ်စု ကျေးရွာအုပ်စုချင်းဆက်လမ်းပေါ်ရှိ ရေတိုက်စား၍ ပျက်စီး သွားသော ဝမ်ဘိုးတံတားအား နိုင်ငံတော်အစိုးရမှ အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ မရှိနှင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး က

ဝမ်ဘိုးကျေးရွာအုပ်စုနှင့် ဝမ်မန်းကျေးရွာအုပ်စုချင်းဆက် ကုန်ထုတ်လမ်းပေါ်ရှိ ရေတိုက်စားပြီး ပျက်စီးခဲ့သည့် ဝမ်ဘိုးတံတားသည် ယခင်က ကျေးရွာနေပြည်သူများ ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့ ကြသည့် တံတားဖြစ်ပြီး သက်တမ်းအားဖြင့် ကြာမြင့်ခြင်း၊ ၂၀၂၄ ခုနှစ် မိုးရာသီရေကြီးရေလျှံမှုကြောင့် ရေတိုက်စားခဲ့၍ တံတားအလယ်သည် ကျိုးကျညွတ်ကွေးသွားခြင်းများကြောင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိသော်လည်း ကျေးရွာအုပ်စု ၂ စုမှ ကျေးရွာပေါင်း ၁၃ ရွာမှ ဒေသခံ တိုင်း ရင်းသားပြည်သူများနှင့် မြို့ပေါ်သို့ ကျောင်းသွားတက်သည့် ကျောင်းသားကျောင်းသူများ သွားလာရေး အခက်အခဲကြုံတွေ့လျက်ရှိသည်ကို လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြချက်အရ သိရှိရပါကြောင်း၊ အဆိုပါမိုင်းယောင်းမြို့နယ်၊ ဝမ်ဘိုးကျေးရွာအထွက်ရှိ ၄၅ ပေခန့်ရှိသော သစ်သားတံတားသည် ၂၀၁၀ ပြည့်နှစ် ကိုယ်ထူကိုယ်ထအစီအစဉ်နှင့် ဆောက်လုပ်ထားသည့် တံတားဖြစ်ပြီး မိုင်းယောင်း-ကျိုင်းကုန်းလမ်းတွင် ပါဝင်သည့် တံတားဖြစ်သည့်အတွက် ဝမ်ဘိုးတံတားအသစ် ပြန်လည် တည်ဆောက်ပေးရေးအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ နယ်စပ် ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေစီမံကိန်းစာရင်းတွင် အဆိုပြုလျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။