နောက်ဆုံးရသတင်းများ
MY EN

(ဈ)- ဦးစိုင်းစိန်ဝင်း(လဲချားမဲဆန္ဒနယ်)-မေးခွန်း

2026-06-17
တတိယအကြိမ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးစိုင်းစိန်ဝင်း(လဲချားမဲဆန္ဒနယ်)
ဝမ်ဆန်းကျေးရွာအုပ်စု၊ ဝမ်ဆန်းကျေးရွာနှင့် ဝမ်ဟိုင့်ကျေးရွာအုပ်စု၊ ဝမ်ယိန်း ကျေးရွာအုပ်စု များသည် ယနေ့ထိ လျှပ်စစ်မီးမရရှိသေးပါသဖြင့် လျှပ်စစ်မီးတိုးချဲ့ဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ မရှိ၊ အစီအစဉ် မရှိပါက ဦးစားပေးအစီအစဉ်ဖြင့် ထည့်သွင်းပေးပါရန် သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့် မေးခွန်း

လဲချားမြို့နယ်အတွင်း ကျေးရွာများအထိ လျှပ်စစ်မီးရရှိရန် လိုအပ်နေကြောင်းလျှပ်စစ်မီး ဖြန့်ဖြူးရေးစီမံကိန်းသည် မြို့အတွင်းမှ မြို့နယ်အတွင်းသို့ တစ်နှစ်လျှင် ၅ မိုင်ခန့် တိုးချဲ့ ဖြန့်ဖြူး ပေးရန် စီမံချက်ရှိသည်ကိုသိရပါကြောင်း၊ 

(လဲချားမြို့နယ်၊ ဝမ်ဆန်းကျေးရွာသည် လဲချားမြို့အတွင်းမှ ၃ မိုင်ခန့်သာကွာဝေးပါကြောင်း၊  ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ၁ မိုင်ကျော်ခန့်သာ လျှပ်စစ်မီးတိုင်များ စိုက်ထူရန်ကျန်ရှိပြီးဆက်လက် ဆောင်ရွက်ပေးခြင်း မရှိသေးသဖြင့် ယနေ့ထိ လျှပ်စစ်မီး မရရှိသေးပါကြောင်း၊ ဆက်လက် လုပ်ဆောင်ပေးရန် အစီအစဉ် ရှိ မရှိ တင်ပြလိုပါကြောင်း၊ () လဲချားမြို့အတွင်းမှ ဝမ်ဟိုင့်ကျေးရွာ အုပ်စုအထိ မိုင်ပေါင်း ၂၂ မိုင်ခန့်ကွာဝေးပြီး ခန့်မှန်းလူဦးရေ ၂၀၀၀ ခန့်ရှိပါကြောင်း၊ယနေ့ထိ လျှပ်စစ် မီးမရရှိသေးပါကြောင်း၊ () လဲချားမြို့အတွင်းမှ ဝမ်ယိန်းကျေးရွာအုပ်စုအထိ မိုင်ပေါင်း ၁၅ မိုင်ခန့် ကွာဝေးပြီး ခန့်မှန်းလူဦးရေ ၂,၀၀၀ ကျော်ခန့်ရှိပါကြောင်း၊ ယနေ့ထိ လျှပ်စစ်မီး မရရှိသေးပါကြောင်း၊ ၎င်းဒေသများတွင် လျှပ်စစ်မီးရရှိပါက ဒေသဖွံ့ဖြိုးတိုးတက်မှု ပိုမိုမြန်ဆန် နိုင်ပြီး မြို့ပြမြို့ကြီးကဲ့သို့ အရာရာအခွင့်အလမ်းများ မရရှိသော်လည်းလျှပ်စစ်မီးဖြန့်ဖြူးပေး စေရန် အရေးကြီးကဏ္ဍအဖြစ် ဆောင်ရွက်ပေးစေလိုကြောင်း သို့မှသာ လူနေမှုဘဝ ပိုမို မြင့်မားလာမည်ဖြစ်ကြောင်း

သို့ဖြစ်ပါ၍ () ၁ မိုင်ကျော်ခန့်သာ လျှပ်စစ်မီးတိုင်များစိုက်ထူရန် ကျန်ရှိသည့် ဝမ်ဆန်း ကျေးရွာ လျှပ်စစ်မီးဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ မရှိ၊ () လဲချားမြို့အတွင်းမှ ဝမ်ဟိုင့်ကျေးရွာ အုပ်စုအထိ လျှပ်စစ်မီးဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ မရှိနှင့် () လဲချားမြို့အတွင်းမှ ဝမ်ယိန်း ကျေးရွာအုပ်စုအထိ လျှပ်စစ်မီးတိုးချဲ့ဖြန့်ဖြူးပေးရန် အစီအစဉ် ရှိမရှိတို့အား သိရှိလိုပါကြောင်း၊ အစီအစဉ် မရှိပါက ဦးစားပေး အစီအစဉ်ဖြင့် ထည့်သွင်းပေးပါရန် မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအေးကျော် က

ရှမ်းပြည်နယ်၊ လဲချားမြို့နယ်၊ ဝမ်ဆန်းကျေးရွာအုပ်စု၊ ဝမ်ဆန်းကျေးရွာ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ လဲချားဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသော ၁၁ ကေဗွီ (ဖီဒါ-အမှတ်၂) ဓာတ်အားလိုင်းမှချိတ်ဆက်၍ ၁၁ ကေဗွီ ဓာတ်အား လိုင်း ၂ မိုင်၊ ၁၁/.၄ ကေဗွီ၊ ၁၆၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးနှင့် ၄၀၀ ဗို့ ဓာတ်အား လိုင်း ၁ မိုင်     တည်ဆောက် ခြင်းလုပ်ငန်းကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရရန်ပုံငွေတွင်ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လဲချားမြို့နယ်၊ ဝမ်ဟိုင့် ကျေးရွာအုပ်စု ဓာတ်အားရရှိရေးအတွက် လဲချား-ဝမ်ဟိုင့် ၆၆ ကေဗွီ ဓာတ်အားလိုင်း ၃၀ မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေဓာတ်အားခွဲရုံ ၁ ရုံ အသစ် တည်ဆောက်ရန် လိုအပ်မည်ဖြစ်သည့် အတွက် ခန့်မှန်းကုန်ကျငွေအနေဖြင့်ကျပ် ၁၃.၂၉၂ ဘီလီယံခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ဝမ်ဟိုင့် ကျေးရွာအုပ်စုအပါအဝင် ကျေးရွာ ၁၅ ရွာတွင် ရှိသည့် အိမ်ထောင်စုပေါင်း ၈၅၇ စုကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဝမ်ဟိုင့်ကျေးရွာအုပ်စုအား နိုင်ငံတော်ဓာတ်အားစနစ် ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ဦးစားပေးအဆင့်ဖြင့် လျာထားပေးနိုင်ခြင်းမရှိသေးဘဲ ၂၀၂၉-၂၀၃၀ ဘဏ္ဍာရေးနှစ်မှစတင်၍ ရန်ပုံငွေခွင့်ပြုရရှိမှုအပေါ်မူတည် လျာထားဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

          လဲချားမြို့နယ်၊ ဝမ်ယိန်းကျေးရွာအုပ်စု လျှပ်စစ်ဓာတ်အားရရှိရေးအတွက် လဲချား-ဝမ်ယိန်း ၆၆ ကေဗွီဓာတ်အားလိုင်း ၂၇ မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေဓာတ်အားခွဲရုံ ၁ ရုံ တည်ဆောက် ပြီးမှသာ ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပြီး ခန့်မှန်းငွေကျပ် ၁၂.၃၅၂ ဘီလီယံခန့် ကုန်ကျမည် ဖြစ်ပါကြောင်း၊ ဝမ်ယိန်းကျေးရွာအုပ်စုအပါအဝင် ကျေးရွာ ၂၇ ရွာတွင် ရှိသည့် အိမ်ထောင်စုပေါင်း ၁,၀၈၂ စု ကို ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်သောကြောင့် ဝမ်ယိန်းကျေးရွာအုပ်စုအား နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးနှင့်စပ်လျဉ်း၍ ဦးစားပေးအဆင့်ဖြင့် လျာထားပေး နိုင်ခြင်း မရှိသေးဘဲ ၂၀၂၉-၂၀၃၀ ဘဏ္ဍာရေးနှစ်မှစ၍ ရန်ပုံငွေခွင့်ပြုရရှိမှုအရ လျာထားဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။