နောက်ဆုံးရသတင်းများ
MY EN

(ဍ)- ဦးလှဆွေ(ပုဗ္ဗသီရိမဲဆန္ဒနယ်)-မေးခွန်း

2026-06-17
တတိယအကြိမ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးလှဆွေ(ပုဗ္ဗသီရိမဲဆန္ဒနယ်)

တပ်ကုန်းမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားရရှိရန် ကျန်ရှိနေသောကျေးရွာ ၂၄ ရွာကို 5 Year Plan ၏ လျာထားချက်အတိုင်း ၃၃ ကေဗွီဓာတ်အားလိုင်း ၁၉ မိုင်ခန့်နှင့် ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံအား ကရင်ချောင်းကျေးရွာတွင် တည်ဆောက်ခြင်း၊ ၁၁ ကေဗွီဓာတ်အားလိုင်း ၆၂.၉၈ မိုင် တည်ဆောက် ခြင်း နှင့် ၁၁/၀.၄ ကေဗွီ ၄၁၆၀ ကေဗွီအေ တည်ဆောက်ခြင်းလုပ်ငန်းများအား ရေတို၊ ရေရှည်အစီအမံများ ချမှတ်၍ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မိမိတင်ပြမည့်မေးခွန်းသည် တပ်ကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယ ဥက္ကဋ္ဌကြီး ဦးမောင်မောင်အုန်းကိုယ်စား မေးမြန်းပေးမည်ဖြစ်ပါကြောင်း၊ တပ်ကုန်းမြို့နယ်တွင် ကျေးရွာ ပေါင်း ၁၇၆ ရွာရှိသည့်အနက် အမြန်လမ်းအနောက်ဘက်မှ ရွာပေါင်း ၂၄ ရွာသည် ယနေ့အချိန် အထိ မီးရရှိခြင်း မရှိသေးပါကြောင်း၊ ထိုသို့ မီးမရရှိသေးသည်ကို 5 Year Plan နှင့် ကရင်ချောင်းရွာ တွင် ၃၃/၁၁ ကေဗွီအေ ဓာတ်အားခွဲရုံတည်ဆောက်ပေးမည်ဆိုလျှင် ရရှိမည့်ရွာ ၂၄ ရွာရှိပါကြောင်း၊ ထို ၂၄ ရွာသည် စိန်ပန်းပင်၊ စိန်ပန်းခိုင်၊ ဥသျှစ်ကုန်း၊ သဖန်းချောင်း၊ ကန့်နီ၊ ဇောင်းလျားကုန်း၊ လယ်ဇပင်၊ ဖက်သန်းတောင်၊ သံပုရာကုန်း၊ လက်ပံအိုင့်၊ ကျီးအင်း၊ မယ်ဇလီကျင်း၊ ရွာသစ်၊ လွှပုံ၊ သာယာအေး၊ ညောင်ပင်သာလေး၊ သဲချောင်း၊ ညောင်ပင်ကွင်း၊ ရွှေမောင်းဂွက်၊ ချောင်းဆုံ၊ ညောင်ပတ်၊ အောင်သပြေ၊ တုံးချိုး၊ ကံနှစ်ဆင့်ဆိုသည့်ရွာများ မီးရရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ထို Plan တွင်ပါသည့်အတိုင်း ခွဲရုံတည်ဆောက်ပြီး ရွာများကို မီးပေးနိုင်မည့် အခြေအနေ ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် က

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းမေးမြန်းသည့် မေးခွန်းနှင့်စပ်လျဉ်း၍ တပ်ကုန်းမြို့နယ်အတွင်း မီးလင်းရန် ကျန်ရှိနေသည့် ကျေးရွာ ၂၄ ရွာရှိ အိမ်ခြေစုစုပေါင်း ၅၈၁၄ စု ဓာတ်အားရရှိရန်အတွက် ဒဟတ်ကုန်း ၃၃ ကေဗွီ သကြားစက်ရုံခွဲရုံမှ ကရင်ချောင်းကျေးရွာ ကို ၃၃ ကေဗွီဓာတ်အားလိုင်း ၁၉ မိုင်ခန့်နှင့် ကရင်ချောင်းကျေးရွာတွင် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ခြင်း လုပ်ငန်းကို ခန့်မှန်းကုန်ကျစရိတ် ကျပ် ၇,၉၇၅.၃၃၇ သန်း ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်မှစပြီး ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ လျာထား ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ဆောင်ရွက်ရန်ကျန်ရှိသည့် ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ တည်ဆောက် ခြင်းလုပ်ငန်းအား လျာထားဆောင်ရွက်ရာတွင် စိန်ပန်းပင်၊ စိန်ပန်းခိုင်၊ ဥသျှစ်ကုန်း၊ သဖန်းချောင်း၊ ကန့်နီ၊ ဇောင်းလျားကုန်း၊ လယ်ဇပင်၊ ဖက်သန်းတောင်၊ သံပုရာကုန်း စုစုပေါင်း ကျေးရွာ ၉ ရွာ ဓာတ်အားရရှိရေးကို ၁၁ ကေဗွီဓာတ်အားလိုင်း ၂၀.၇၇ မိုင်နှင့် ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ ၉ လုံး တည်ဆောက်ခြင်းလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျစရိတ် ကျပ် ၂,၇၇၁.၃၅၀ သန်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင်လည်းကောင်း၊  လက်ပံအိုင့်၊ ရွာသစ်၊ လွှပုံ၊ သာယာအေး၊ ညောင်ပင်သာလေး၊ ကျီးအင်း နှင့် မယ်ဇလီကျင်း စုစုပေါင်းကျေးရွာ ၇ ရွာ ဓာတ်အားရရှိရေးအတွက် ၁၁ ကေဗွီဓာတ်အားလိုင်း ၁၈.၆၄ မိုင်နှင့် ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ ၈ လုံး တည်ဆောက်ခြင်းလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၁,၅၀၄.၁၀၀ သန်းအား ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်တွင်လည်းကောင်း၊ သဲချောင်း၊ ညောင်ပင်ကွင်း၊ ရွှေမောင်းဂွက်၊ ချောင်းဆုံ(တောင်၊ မြောက်)၊ ညောင်ပတ်၊ အောင်သပြေ၊ တုံးချိုးနှင့် ကံနှစ်ဆင့် စုစုပေါင်း ကျေးရွာ ၈ ရွာ ဓာတ်အားရရှိရေး ၁၁ ကေဗွီဓာတ်အားလိုင်း ၂၃.၅၇ မိုင်နှင့် ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ ၉ လုံး တည်ဆောက်ခြင်းလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၂,၈၁၅.၇၄၀ သန်းအား ၂၀၂၉-၂၀၃၀ ဘဏ္ဍာနှစ်တွင်လည်းကောင်း နေပြည်တော်ကောင်စီ၏ ဘတ်ဂျက်ဖြင့် ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ ပါသည်။