ဦးတင်ထွေး(အုတ်ဖိုမဲဆန္ဒနယ်)
အုတ်ဖိုမြို့နယ်၊ ထောက်ကြံ့ကွင်းကျေးရွာသို့ ရန်ကုန်-ပြည်လမ်းမှ ရာသီမရွေးသွားလာ အသုံးပြုနိုင် သည့် အမာခံလမ်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
အုတ်ဖိုမြို့နယ် ထောက်ကြံ့ကွင်းကျေးရွာအုပ်စု၊ ထောက်ကြံ့ကွင်းကျေးရွာသည် ရန်ကုန်-ပြည်လမ်း လမ်းပိုင်း မိုင်အမှတ် ၁၀၈ မိုင်တွင် တည်ရှိပြီး အုတ်ဖိုမြို့နယ်၏ အရှေ့တောင်ဘက်၌တည်ရှိနေ သောကျေးရွာတစ်ရွာလည်းဖြစ်ပါကြောင်း၊ ၎င်းကျေးရွာသည် လမ်းမကြီးမှ ၂ မိုင်ခန့် ရှည်လျားပြီး အိမ်ခြေ ၃၂၅ အိမ်ခန့် နေထိုင်ပြီး လူဦးရေ ၁၃၀၀ ခန့် နေထိုင်လျက်ရှိသည့် ကျေးရွာတစ်ရွာ ဖြစ်ကြောင်း၊ အဆိုပါကျေးရွာတွင် အ.မ.က ကျောင်းတစ်ကျောင်း၊ ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်း၊ ကျေးလက် ဆေးပေးခန်းဌာနခွဲတစ်ခု၊ ကျေးလက်စာကြည့်တိုက်တစ်ခုတို့ တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပါကြောင်း၊ အဆိုပါထောက်ကြံ့ကွင်း ကျေးရွာသည် ရန်ကုန်-ပြည် ကားလမ်းမကြီး မှ ရာသီမရွေးသွားလာ အသုံးပြုနိုင်သည့် အမာခံလမ်း တည်ဆောက်ပေးရန် လိုအပ် လျက်ရှိပါကြောင်း၊ အဆိုပါ ရွာအဝင်လမ်း၊ ရွာတွင်းလမ်းစသည်တို့ကို ကိုယ့်အားကိုယ်ကိုးဖြင့် ဆောင်ရွက်နေရသောလမ်းဖြစ်ကြောင်းကို ရပ်မိရပ်ဖများ၊ ပြည်သူများ၏ တင်ပြချက်အရသိရှိရ ကြောင်း၊ ထို့အတွက်ကြောင့် ယခုလိုတင်ပြ မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်-ပြည် လမ်းမကြီး မှတစ်ဆင့် ထောက်ကြံ့ကွင်းကျေးရွာအုပ်စု ထောက်ကြံ့ကွင်းကျေးရွာ အဝင်လမ်း ၂ မိုင်ခန့်အား အမာခံ ကွန်ကရစ်လမ်းအဖြစ် လမ်းအဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/ မရှိ ကိုသိရှိလိုပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်းဖြင့် မေးမြန်း ခဲ့ပါသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး
အုတ်ဖိုမြို့နယ်၊ ထောက်ကြံ့ကွင်းကျေးရွာအုပ်စု၊ ထောက်ကြံ့ကွင်းကျေးရွာလမ်း ရန်ကုန်-ပြည်လမ်းမှ ထောက်ကြံ့ကွင်းရွာအဝင်လမ်းသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှစီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ ရန်ကုန်-ပြည်လမ်းမှ ထောက်ကြံ့ ကွင်းရွာအဝင်လမ်းသည် အရှည် ၁ မိုင် ၄ ဖာလုံခန့်ရှိသည့် ဂဝံလမ်းဖြစ်ပြီး ယခုအခါ ပျက်စီး လျက်ရှိပါကြောင်း၊ အဆိုပါ လမ်းသည် Class (A) အဆင့်လမ်းဖြစ်ပြီး ဂဝံခင်းခြင်းလုပ်ငန်း ကို ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၁ ရွာ၊ အိမ်ခြေ ၂၈၉ အိမ်၊ လူဦးရေ ၁၁၆၄ ဦး အကျိုးပြုသဖြင့် ပြည်ထောင်စု သို့မဟုတ် တိုင်းဒေသကြီး ရန်ပုံငွေရရှိမှုကိုမူတည်၍ အကျိုးပြုနှုန်းထားအတိုင်း ဦးစားပေးစီစဉ်ပြီး ၂၀၂၇-၂၈ ဘဏ္ဍာရေးနှစ်တွင် လျာထားတင်ပြပြီး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဖြေကြားခဲ့ပါသည်။