နောက်ဆုံးရသတင်းများ
MY EN

(ဆ)- ဦးတင်မြင့်(ဒလမဲဆန္ဒနယ်)-မေးခွန်း

2026-06-12
တတိယအကြိမ်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးတင်မြင့်(ဒလမဲဆန္ဒနယ်)
ဒလမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၃ စုရှိ ကျေးရွာများမှ မြို့သို့ဆက်သွယ်သွားလာသော လမ်းများ အား အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒလမြို့နယ်ကို ယခင်က ရန်ကုန်မြစ်နှင့် ခြားပြီးရှိနေသည့် အနေအထားမှ မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတားကြီးကို နိုင်ငံတော်သမ္မတကြီး ကနေပြီး ၆-၂-၂၆ နေ့တွင် ဖွင့်လှစ်ပေး၍ ရန်ကုန်တိုင်းဒေသကြီးတွင် ရှိသည့်မြို့နယ်များ၊ ပြည်သူများ၊ ဒလမြို့နယ်မှပြည်သူသာမက တွံတေး-ကွမ်းခြံကုန်း-ကော့မှူးမှတစ်ဆင့် ဒေးဒရဲ_ဖျာပုံအထိ ဧရာဝတီတိုင်းအတွင်းကို အလွယ်တကူ သွားလာနိုင်သည့် အတွက် အဆိုပါ တံတားကြီးဖွင့်လှစ်ပေးသည့် အတွက်ကြောင့် အများပြည်သူ အားလုံး ဆက်သွယ်မှုမြန်ဆန်၊ လုံခြုံ၊ ချောမွေ့သည့် အတွက်ကြောင့် အားလုံးဝမ်းသာ ကြည်နူး ပျော်ရွှင်ခဲ့ကြပါကြောင်း။

ဒလမြို့နယ်၏ ယခင်အခြေအနေသည် အဆိုပါတံတားကြီးမရှိခင်က ရန်ကုန်မြို့၏ တစ်ဘက်ကမ်း တွင် ရှိသည့်အတွက် ရန်ကုန်မြစ်ကြီးခြားလို့ တချို့မှာဒလမြစ်ကြီးခြားနေပြီး ဒလမြို့သည် ရပ်ကွက် အဆင့်သာရှိပြီး အခြားစည်ပင်သာယာနယ်နိမိတ်များထဲတွင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအင်မတန်နိမ့်ကျခဲ့ပါကြောင်း၊ ၁၉၈၉-၉၀ ခုနှစ်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ တာဝန်ပေးချက်အရ အိုးအိမ်ဦးစီး ဌာနမှ မြို့သစ်စီမံကိန်းများရေးဆွဲပြီး ဒလမြို့ကိုမြို့သစ်တည်ဆောက် ပေးသည့်အတွက်ကြောင့် ဒလမြို့သည်တစ်စစဖွံ့ဖြိုးတိုးတက်လာခဲ့ပါကြောင်း။ 

လက်ရှိဒလမြို့သည် ၆-၁-၀၆ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး ဌာန၏ အမိန့်ကြော်ငြာစာ နှင့် ပြန်လည် ဖွဲ့စည်းပေးထား၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒလ မြို့နယ်တွင်  ရပ်ကွက် ၂၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၃ စု၊ ကျေးရွာ ၅၄ ရွာ၊ လူဦးရေ ၁၈၁,၆၀၄ ဦးနှင့် ယခု တည်ရှိနေတာဖြစ်ပါကြောင်း၊ ယခင်က ဒလမြို့နယ် သည် ရပ်ကွက်အဆင့်သာရှိပြီး လူဦးရေလည်း ၈၀,၀၀၀ ခန့်သာရှိပါကြောင်း၊ နောက်ဆုံး ရွေးကောက်ပွဲ မတိုင်မီကောက်ထားသည့် လ.ဝ.က စာရင်း အရ ၁၈၀,၀၀၀ ကျော်ရှိတာဖြစ်ပါကြောင်း၊ ယခုလိုဖွဲ့စည်း ပေးခဲ့သည်မှာ နိုင်ငံတော်အကြီးအကဲများမှ ဒလတံတားကြီး၏အဆင်းမှစ၍ တွံတေးမြို့နယ်၏ လယ်ယာမြေများဖြစ်ပါကြောင်း၊ တွံတေးမြို့နယ် အတွင်းပါဝင်ခဲ့ပါကြောင်း၊ ယခုအခါတွင် ပြည်ထဲရေး ဝန်ကြီးဌာနမှ ဖွဲ့စည်းပေးသည့် မြို့ရွာများ ပြင်ဆင်ဖွဲ့စည်းမှုအရ တွံတေးမြို့နယ်မှ ကျေးရွာများပါရှိ လာပြီး ရပ်ကွက် ၂၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာပေါင်း ၅၄ ရွာ ပြည်ထဲရေး ဝန်ကြီးဌာန၏ ၆-၁-၀၆ ရက်နေ့ အမိန့်အရပြင်ဆင်ဖွဲ့စည်းပြီး ဒလမြို့နယ်သည် လူဦးရေများစွာ ဖြစ်ပေါ် လာပါပြီး  ဖွံ့ဖြိုးတိုးတက် လာပါကြောင်း၊ အဆိုပါတံတားကြီးကြောင့်လည်း ပိုမိုပြောင်းရွှေ့နေထိုင်သူ များ ရှိလာကြပါကြောင်း၊ သို့သော်လည်း ဒလမြို့ပေါ်ရပ်ကွက်တွင် မြို့အင်္ဂါရပ်နှင့်အညီ မြို့တော်ခန်းမ၊ ကြိုဆိုပါ၏ ဆိုင်းဘုတ်၊ နာရီစင်၊ အားကစားကွင်းများ စသဖြင့် ဖွံ့ဖြိုးတိုးတက်လာသော်လည်း တွံတေးမြို့နယ်မှ ဒလမြို့နယ်အတွင်းကို ပြောင်းရွှေ့လာသည့် ကျေးရွာ ၅၄ မှ တောင်သူလယ်သမား များ  များပြီးလယ်မြေဧကပေါင်း ၄၀,၀၀၀ ကျော်ရှိကြောင်း၊ လယ်သမားများ အနေဖြင့်လည်း ဒလနာရီစင် တင်ပြပါတံတားကြီး၏ထိပ်မှ ဒလမြို့၊ ရှေးဟောင်းသမိုင်းဓနုတ်ဘုရားကြီး၊ ပျော်ဘွယ်ကြီး ဆိုသည့် အနာဂါမ်ဆရာသက်ကြီး၏ တရားစခန်းရှိပါကြောင်း၊ သခွတ်၊ ဝါးဘလော့သောက်၊ ကော့မှူး လက်ခုပ်ကုန်း၊ ကွမ်းခြံကုန်းထိ ၃၆ မိုင်ကို လူထုအားနှင့်၁၉၈၉ ခုနှစ်၊ ၁၉၉၀ ခုနှစ်၊ ၁၉၉၁ ခုနှစ် အတွင်းတွင် မြေသားလမ်းအဖြစ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် နိုင်ငံတော်အစိုးရမှ ကျောက်စီလမ်း၊ ကွန်ကရစ် ချောလမ်းများ ဆောင်ရွက်ပေးခဲ့သည့်အတွက် ဖွံ့ဖြိုးတိုးတက်လာခြင်း ဖြစ်ပါကြောင်း၊ လူဦးရေပေါင်း ၁၈၀,၀၀၀ ကျော်နေထိုင်သည့်အထဲတွင် ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာ ၅၄ ရွာမှ ပြည်သူများအနေဖြင့် ရန်ကုန်မြို့ပေါ်ကို စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စများ အတွက် နေ့စဉ်ကူးလူးသွားလာ နေရသည့် အတွက်ရွာမှ တင်ပြပါလမ်းကို ဆက်သွယ်အသုံးပြုနေ ရပါကြောင်း၊ ကြာရှည်လာသည့် အတွက်ကြောင့် ပျက်စီးမှုများရှိပါကြောင်း၊ ထို့ကြောင့် ကျေးရွာ ၅၄ ရွာ၏ ကျေးလက်လမ်းများနှင့် စပ်လျဉ်းပြီး ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင်ဖောက်လုပ်ပေး ရန် လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်အတွင်းရှိ ကျေးရွာ ၅၄ ရွာမှ လက်ခုပ်ကုန်း-ကွမ်းခြံကုန်းဆက်သွယ်ထားသော လမ်းမကြီးကိုသွားသည့် ကျေးလက်လမ်းများကို အဆင့်မြှင့်တင်ပေးရန် ရှိ/ မရှိ ကိုသိလိုပါကြောင်းဖြင့် မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး

တွံတေးခရိုင်၊ ဒလမြို့နယ်သည် ကျေးရွာအုပ်စု ၂၃ စု၊ ကျေးရွာပေါင်း ၅၄ ရွာ၊ အိမ်ခြေ ၁၃၁၆၀ အိမ်နှင့် လူဦးရေ ၅၅,၃၉၂ ဦးရှိပြီး ကျေးလက်လမ်း မိုင်ပေါင်း ၅၅ မိုင်၊ ၄ ဖာလုံခန့် ရှိပါကြောင်း၊ ဒလ မြို့နယ်အနေဖြင့် Pave Ratio အနေနှင့် ၅၄ ရာခိုင်နှုန်း၊ Unpave Ratio အနေနှင့် ၄၆ ရာခိုင်နှုန်း ရှိပါကြောင်း၊ ရာသီမရွေးသွားလာနိုင်သည့် လမ်းမိုင် ၃၄ မိုင်၊ ၃ ဖာလုံ ၆၂ ရာခိုင်နှုန်းနှင့် နွေရာသီသာ သွားလာနိုင်သည့် လမ်း ၂၁ မိုင်၊ ၁ ဖာလုံ၊ ၃၈ ရာခိုင်နှုန်းရှိပါကြောင်း၊ ဒလမြို့နယ် ကျေးလက် ဖွံ့ဖြိုးရေး ဦစီးဌာနအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မှ ၂၈-၇-၂၃ ရက်နေ့ တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို လွှဲပြောင်းပြီး ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်အထိ ကွန်ကရစ်လမ်းအထိကို ၄ မိုင် ၆ ဖာလုံ၊ ကျောက်လမ်း  ၄ မိုင် ၆ ဖာလုံနှင့် တံတား ၅၂ ပေ ၁ စင်း၊ ၅ ပေ Box Culvert ၂ စင်း အဆင့်မြှင့် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊  ယခု ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း ၁ မိုင် ၅ ဖာလုံ၊ ကျောက်လမ်း ၁ မိုင် ၂ ဖာလုံ၊ ၁၅ မီတာ ကွန်ကရစ်တံတား ၁ စင်း၊ ၁၂ မီတာ ကွန်ကရစ်တံတား ၁ စင်း၊ ၂၀ ပေ Box Culvert ၃ စင်း၊ ၁၀ ပေ Box Culvert ၁ စင်းနှင့်   ၅ ပေ Box Culvert ၂ စင်းကို အဆင့်မြှင့်ဆောင်ရွက်ရန် ခွင့်ပြုမိန့်ချပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လာမည့် ဘဏ္ဍာရေးနှစ်များတွင် ဒလမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာချင်းဆက်လမ်း၊ တံတားများကို မြေပြင် ကွင်းဆင်း စစ်ဆေး၍ ကုန်ထုတ်လုပ်မှု၊ အကျိုးပြုမှုများအပေါ်အခြေခံပြီး လွှတ်တော်ကိုယ်စားလှယ် များ၊ မြို့နယ်စီမံခန့်ခွဲရေး၊ အုပ်ချုပ်မှုကော်မတီအဖွဲ့တို့နှင့် ပေါင်းစပ်၍ကျေးရွာလမ်းဖွံ့ဖြိုးရေး မဟာဗျူဟာ အရ ပြည်ထောင်စု သို့မဟုတ် တိုင်းဒေသကြီး ရရှိသည့် ရန်ပုံငွေ‌ပေါ်မူတည်ပြီး အကျိုး ပြုမှု နှုန်းထားကို ဦးစားပေးအစီအစဉ်ဖြင့် လျာထားတင်ပြ ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြာခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးတင်မြင့်(ဒလမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။

ကျေးရွာ ၅၄ ရွာရှိသည့်အနက် ဒုတိယဝန်ကြီးဖြေကြားသွားသည့်အတိုင်း ကျေးရွာတချို့ကို ကျေးလက် လမ်းများ အဆင့်မြှင့်တင်‌ပြီးဖြစ်ပါကြောင်း၊ ကျန်သည့် ကျေးရွာများကိုလည်း ကျေးရွာ ၅၄ ရွာမှ မြို့ဆက်သွယ်လမ်းများကို မည်သည့်ကာလအတွင်း မည်မျှအထိ ဆောင်ရွက် ပေးနိုင်မည် ကို သိလိုပါကြောင်းဖြင့်ဆက်စပ်မေးမြန်းခဲ့ပါသည်။ 

အဖြေ
အဖြေ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး

ဒလမြို့နယ်အတွင်းတွင် ကျေးရွာအရေအတွက်လမ်း ၄၈ လမ်း၊ ကွန်ကရစ်လမ်း ၂၅လမ်း၊ ကျောက်ချောလမ်း ၃လမ်း၊ မြေသားလမ်း ၂၀ စုစုပေါင်း ၅၅ မိုင် ၅ ဖာလုံခန့်ရှိပါကြောင်း၊ ရာသီမရွေးသွားလာသည့်လမ်းမှာ ၃၄ မိုင် ၄ ဖာလုံရှိပြီး ၆၂ ရာခိုင်နှုန်း၊ နွေရာသီမှ သာ သွားနိုင်သည့်လမ်းမှာ ၂၁ မိုင် ၃၈ ရာခိုင်နှုန်းခန့်ရှိပါကြောင်း၊ ဒလမြို့နယ်အတွင်းတွင်  ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်အထိကို တင်ပြခဲ့သည့်အတိုင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခုနွေရာသီတွင်သွားလာနိုင်သည့် ၂၁ မိုင်လမ်းကို အမာခံလမ်းအဖြစ် မြှင့်တင်မည်ဆိုလျှင်  ကျေးရွာမဟာဗျူဟာကကျေးရွာအိမ်ခြေ၊ လူဦးရေ၊ ကုန်ထုတ်လုပ်မှု၊ အကျိုးပြုမှု တို့ကို မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ နောက်မြို့နယ်စီမံခန့်ခွဲရေးအုပ်ချုပ်မှု ကော်မတီများ ပေါင်းစပ်ပြီး ဦးစားပေးအဆင့်မှတစ်ဆိုလျှင် တစ်အတိုင်းလျာထားပြီး အမြန်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဖြင့် ဆက်စပ်မေးခွန်းအား ပြန်လည်ဖြေကြားခဲ့ပါသည်။