(စ)- ဦးသိန်းရီ(ထန်းတပင်မဲဆန္ဒနယ်)
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မှ လှိုင်သာယာသွားလမ်းမကြီးအနောက်ဘက် အလင်းနေ့ စားသောက်ဆိုင်မှ ရခိုင်ရိုးကြီးချောင်းပေါက်အထိ အလျား ၅၅၀ ပေ၊ အနံ ၆ ပေ၊ အနက် ၅ ပေ ကွန်ကရစ်ရေနုတ်မြောင်း ၁ ခုအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ မရှိနှင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၅ ရွာ၊ အိမ်ခြေပေါင်း ၇၀၀၀ ကျော်၊ လူဦးရေ ၃၀၀၀၀ ကျော်ရှိပါကြောင်း၊ အဆိုပါကျေးရွာအုပ်စုသည် လူဦးရေထူထပ်၍ ထန်းတပင်မြို့မှ လှိုင်သာယာသို့သွားသော အနော်ရထာလမ်းမကြီးဘေးတွင် တည်ရှိပါကြောင်း၊ ရခိုင်ရိုးကြီးကျေးရွာအုပ်စုရှိ ကျေးရွာများသည် မိုးတွင်းကာလ၌ ရွှေလင်ပန်း ချောင်းရိုးနှင့် ရေနုတ်မြောင်းများပိတ်ဆို့နေမှုကြောင့် ရေစီးရေလာမကောင်း၍ ရေထွက်ပေါက်မရှိဘဲ အဆိုပါကျေးရွာရှိ နေအိမ်များ ရေကြီးနစ်မြုပ်မှုကို ခံစားရခြင်း၊ ရေပုတ်နံ့များရှူရှိုက်ရသောကြောင့် ပြည်သူများသည် ကျန်းမာရေးထိခိုက်လျက်ရှိနေကြောင်း၊ ထန်းတပင်မြို့နယ်အပိုင် ရခိုင်ရိုးကြီးထိပ် မှ ရခိုင်ရိုးလေးထိပ်အထိ အနော်ရထာလမ်းမဘေးတစ်လျှောက် ပိတ်ဆို့နေသော ရေမြောင်းအား ကွန်ကရစ်ရေနုတ်မြောင်းဆောင်ရွက်ပေးမည်ဆိုလျှင် ရေကြီးမှုဒဏ်၊ ကျန်းမာရေး ထိခိုက်မှုဒဏ်များ ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အနော်ရထာလမ်းမကြီးအနောက်ဘက် အလင်းနေ့စားသောက်ဆိုင်မှ ရခိုင်ရိုးကြီးချောင်းပေါက်အထိ အလျား ၅၅၀ ပေ၊ အနံ ၆ ပေ၊ အနက် ၅ ပေ ကွန်ကရစ်ရေနုတ်မြောင်းအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ မရှိနှင့် အဆိုပါကွန်ကရစ်ရေနုတ်မြောင်းအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ မေးမြန်းခဲ့ပါသည်။
နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးဝင်းမိုးခိုင်
အဆိုပါ အလျား ၅၅၀ ပေ၊ အနံ ၆ ပေ၊ အနက် ၅ ပေ ရေမြောင်းသည် ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာအုပ်စုအတွင်း တည်ရှိပါကြောင်း၊ ထန်းတပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းလျာထားချက်များ ပါဝင်ခြင်းမရှိပါသဖြင့် လုပ်ငန်း ဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် အထက်ဖော်ပြပါ အလျား ၅၅၀ ပေ၊ အနံ ၆ ပေ၊ အနက် ၅ ပေ ရေမြောင်းကို ကွန်ကရစ်ရေမြောင်း အဆင့်တိုးမြှင့်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ဒေသန္တရစီမံကိန်း၌ ထည့်သွင်းရေးဆွဲပြီး လုပ်ငန်းလျာထားဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။