နောက်ဆုံးရသတင်းများ
MY EN

(င)-ဦးသိန်းရီ(ထန်းတပင်မဲဆန္ဒနယ်) မေးခွန်း

2026-06-05
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

(င)-ဦးသိန်းရီ(ထန်းတပင်မဲဆန္ဒနယ်)
ထန်းတပင်မြို့နယ်၊ ချောင်းဟောင်း ထိန်နှစ်ပင်မှ စာဖြူစုကျေးရွာအလွန် (ရိုးရှည်)အထိ အရှည် ၃ မိုင် အား ချောင်းဟောင်းတူးဖော်ရန် လိုအပ်လျက်ရှိပါသောကြောင့် ချောင်းဟောင်း ပေအရှည် ၃ မိုင်အား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/ မရှိနှင့် မည်သည့်အချိန်၊ မည်သည့် ကာလတွင် ဆောင်ရွက်နိုင်ခြင်းရှိ /မရှိတို့အား သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တံတားဦးကျေးရွာအုပ်စု၊ ထိန်နှစ်ပင်ကျေးရွာအုပ်စု၊ ငှက်သိုက်ကျေးရွာအုပ်စု၊ ထိန်ကုန်းကျေးရွာအုပ်စု တောင်သူလယ်သမားများသည် စိုက်ပျိုးရေး လုပ်ငန်း ကို အခြေခံ၍ နွေစပါး၊ မိုးစပါးများ စိုက်ပျိုးလျက်ရှိပါကြောင်း၊ တောင်သူလယ်သမားများသည် အဆိုပါချောင်းအား အမှီပြုလျက် ၃ မိုင်ရှည်သော ချောင်းဟောင်းမှ သမ္မတကြီးဦးသိန်းစိန် လက်ထက် တွင် တူးဖော်ခဲ့သည်မှာ ၂၀၁၃ ခုနှစ်မှ ယနေ့ဆိုလျှင် ၁၀ နှစ်ကျော်ကြာပြီဖြစ်ပါကြောင်း၊ အဆိုပါ ချောင်း တွင် မြက်၊ ဒိုက်၊ ရွံ့များ ပိတ်ဆို့နေခြင်းကြောင့် တောင်သူလယ်သမားများစိုက်ပျိုးသော မိုးစပါးများ ရေကြီး နစ်မြုပ်မှုဖြစ်ခြင်း၊ နွေရာသီတွင် နွေစပါးစိုက်ပျိုးသော လယ်များတွင် ရေမရှိသဖြင့်အောင် ရေအတွက် အခက်အခဲများကြုံတွေ့နေရပါကြောင်း။
အဆိုပါချောင်းအား အချိန်မီ  တူးဖော်ပေးမည်ဆိုပါက ထိန်နှစ်ပင်ရွာ၊ သဲဖြူရွာ၊ တံတားဦးရွာ၊ ထိန်ကုန်းရွာ တို့ရှိ တောင်သူလယ်သမား ၁၀၀ ကျော်တို့၏ စိုက်ဧက စုစုပေါင်း ၃၀၀၀ ကျော် အတွက် ရေကြီး နစ်မြုပ်မှုဒဏ်ကာကွယ်နိုင်ခြင်း၊ နွေစပါးရေရရှိမှုအပေါ် အကျိုးခံစားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ထိန်နှစ်ပင်မှ ရိုးရှည်အထိ ၃ မိုင် အရှည် ချောင်းဟောင်းအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ /မရှိ၊ အဆိုပါချောင်းအား မည်သည့်အချိန်၊ မည်သည့် ကာလတွင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ /မရှိ တို့ကိုသိလိုပါကြောင်းဖြင့်မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် 
ထန်းတပင်မြို့နယ်၊ ထိန်နှစ်ပင် ချောင်းဟောင်း မှ စာဖြူစုကျေးရွာအလွန်(ရိုးရှည်)ချောင်းဟောင်းအထိ အရှည် ၃ မိုင် ပြန်လည်တူးဖော်ခြင်းလုပ်ငန်း သည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ လျာထားဆောင်ရွက်သွားမည့် သဲဖြူကျေးရွာ ချောင်းအရင်း ပိုင်းမှ ရွာကန့်လန့် ကျေးရွာရှိ ချောင်းသစ်ချောင်းအထိ ချောင်းဟောင်း အား ၃.၅ မိုင် ပြန်လည် တူးဖော်ခြင်း လုပ်ငန်းဖြစ်ပါကြောင်း။ ယခုအခါ ၎င်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် တင်ဒါလုပ်ထုံး လုပ်နည်း နှင့် အညီ တင်ဒါလုပ်ငန်းစဉ်အား ဆောင်ရွက်လျက်ရှိပြီး တင်ဒါလုပ်ငန်းစဉ်ပြီးစီးပါက တင်ဒါအောင်မြင် သည့်ကုမ္ပဏီနှင့် လုပ်ငန်း စာချုပ်ချုပ်ဆိုပြီး ယခုဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများစတင်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ကာလအတွင်း လုပ်ငန်းများပြီးစီးရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။