နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ သတင်းမီဒီယာများနှင့် တွေ့ဆုံ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့နှင့်် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြည်သူ့လွှတ်တော် လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းမော်ထွန်း နိုင်ငံတကာခေါင်းဆောင်မှုကောလိပ် (ILC) မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး ပြည်သူ့လွှတ်တော် သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဋ္ဌေး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
MY EN

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကျင်းပရန်ခေါ်ယူခြင်း

23 Feb, 2026 System Administrator နေပြည်တော် ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ ဥက္ကဋ္ဌ အမိန့်နှင့်ကြေညာချက်များ ကြေညာချက်များ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကျင်းပရန်ခေါ်ယူခြင်း

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် 

နေပြည်တော် ဖေဖော်ဝါရီ ၂၃

 

          တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော် အစည်းအဝေးခန်းမ၌ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီအချိန် တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြေညာထားရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားပါသည်။ 

          ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများပြုလုပ်နိုင်ရန် ဖိတ်စာလက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ လွှတ်တော် အစည်းအဝေး တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိကြောင်း သတင်းပို့လက်ခံ ဌာနများကို အောက်ဖော်ပြပါအတိုင်း ဖွင့်လှစ်ထားရှိပါသည်-

          (က)    နေပြည်တော်စည်ပင်သာယာရေးကော်မတီဧည့်ရိပ်သာတွင် တည်းခိုနေထိုင်မည့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဧည့်ရိပ်သာ (၂)၊

          (ခ)     ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရိပ်သာတွင် တည်းခိုနေထိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်၊

          (ဂ)     မိမိအစီအစဉ်ဖြင့် တည်းခိုနေထိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များအတွက် ပြည်သူ့လွှတ်တော်ရုံး၊ လွှတ်တော်ရေးရာဆောင် အိုင်- ၁ (I - 1) 

          (ဃ) တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် အမှတ် (၃) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ရွာတော်)။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်(အင်္ဂါနေ့) ထက်မစော၊ မတ်လ ၁၁ ရက် (ဗုဒ္ဓဟူးနေ့) ထက် နောက်မကျစေဘဲ သတင်းပို့ကြရန် ဖြစ်ပါသည်။

မျှဝေရန်