တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
(၁၆) ရက်မြောက်နေ့အစီအစဉ်
( ၃၀ - ၆ -၂၀၂၆ ) (အင်္ဂါနေ့) နံနက် ၁၀:၀၀ နာရီ
၁။ | ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း၊ |
၂။ | ပြည်သူ့လွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း၊ |
၃။ | တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ အစီအစဉ် ကြေညာခြင်း၊ |
၄။ | အစည်းအဝေးမတက်ရောက်နိုင်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အတွက် ခွင့်ပန်ကြားခြင်း၊ |
၅။ | ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း၊ |
၆။ | ကြယ်ပွင့်ပြထားသည့် မေးခွန်းများကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း- (က) ဦးစိုင်းဝန်းဆမ်၊ မိုင်းခတ်မဲဆန္ဒနယ်၏ မိုင်းခတ်မြို့နယ်၊ ဟွေဖယ်ရွာမှ ပါပီကျေးရွာသွားလမ်း ၃/၀ မိုင် မြေလမ်းပေါ်တွင် အရှည် ၂၀ ပေ ကွန်ကရစ် တံတား(၁)စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ရှိလျှင် မည်သည့် အချိန်တွင်တည်ဆောက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း၊ (ခ) ဦးကျော်ငြိမ်းအောင်၊ တာချီလိတ်မဲဆန္ဒနယ်၏ တာချီလိတ်မြို့၊ အောက်မိုင်းဟဲ ကျေးရွာအုပ်စုသွားလမ်းမကြီးကို အရှည် (၂၂) မိုင်ကျော်ခန့် အကျယ်ပေ (၂၀) ရှိ မြေသားလမ်းမှ ကတ္တရာလမ်းအဆင့်သို့ ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ယင်း လမ်းမကြီးကောင်းမွန်စေရန် မည်သို့စီမံဆောင်ရွက် ပေးသွားမည်တို့ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း၊ (ဂ) ဦးဌေးလွင် (ခ) ဦးဒီလုံး၊ နမ့်စန်မဲဆန္ဒနယ်၏ နမ့်စန်မြို့နယ်အတွင်းရှိ နမ့်စန်- မိုးနဲသွားလမ်းမကြီး ကတ္တရာလမ်း (၁၉.၅)မိုင်အနက် ဆောင်ရွက်ရန် ကျန်ရှိသော ကတ္တရာလမ်း (၁၆)မိုင်အား ဆောင်ရွက်ပေးနိုင်ပါရန် သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း၊ (ဃ) ဦးဆင်ဆုန်း၊ ခေါင်လန်ဖူးမဲဆန္ဒနယ်၏ ခေါင်လန်ဖူးမြို့နယ် မထီစွတ်- ဒါဘန်- မရန်ထ- ဆရဲဖါနှင့် အဘွမ်ထန်လမ်းပိုင်း ၃၅ မိုင်မှ ကျန်ရှိသောလမ်းပိုင်း ၂၁ မိုင်အား ဆက်လက်ဖောက်လုပ်ရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း၊ ( င) ဒေါ်နန်းသန်းသန်းမွှေး၊ မိုင်းကိုင်မဲဆန္ဒနယ်၏ မိုင်းကိုင်မြို့နယ်တွင် ကျောင်းပေါင်း (၁၉)ကျောင်းမှ ဆရာ/ ဆရာမများလစ်လပ်နေခြင်း၊ ဆရာ(၁)ဦးတည်းသာ တာဝန်ထမ်းဆောင်နေရခြင်းများကြောင့် လစ်လပ်နေသော နေရာများကို အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း၊ (စ) ဒေါ်ခင်သန်းမြင့်၊ ငပုတောမဲဆန္ဒနယ်၏ မြန်မာနိုင်ငံအနှံ့ ကျေးလက်ကျောင်း များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ/ ဆရာမများအတွက် လုံခြုံစိတ်ချရသော ဝန်ထမ်းအိမ်ရာများ နှစ်အလိုက် စီမံကိန်းချ၍ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း၊ (ဆ) ဦးတေဇကျော်၊ အောင်မြေသာစံမဲဆန္ဒနယ်၏ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ အမက(၁၆) အမည်ပေါက် နှစ်(၃၀) ဂရန်မြေ ပေါ်တွင် ရပ်ကွက်လမ်းအဖြစ် အသုံးပြုနေမှုအား ဆက်လက်အသုံးပြုမည် ဆိုပါက ကျောင်းမြေနေရာကို ဂရန်မြေအဖြစ် သတ်မှတ်ပေးရန်နှင့် မြို့ အင်္ဂါရပ်နှင့်ညီသော ကျောင်းအဆောက်အဦများ ဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း၊ (ဇ) ဦးဝင်းဇော်ဦး၊ သာယာဝတီမဲဆန္ဒနယ်၏ သာယာဝတီခရိုင် မြို့တွင် ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တစ်ခု ဆောက်လုပ်ပေးရန်နှင့် မည်သည့်ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း၊ (ဈ) ဦးအောင်ဝင်းဆွေ၊ မြန်အောင်မဲဆန္ဒနယ်၏ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့တွင် ဆရာအတတ်သင် သိပ္ပံ/ ပညာရေးကောလိပ် ဖွင့်လှစ် ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း။ |
၇။ |
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၁၆) ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး (၁၇) ရက် မြောက်နေ့ ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။ |