Skip to main content

ငပုတောမြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီး၏ အနောက်တောင်ဘက်အစွန်းတွင် တည်ရှိပြီး ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်တို့နှင့် ထိစပ်လျက်ရှိပြီး ကျေးရွာပေါင်း ၄၁၁ ရွာ၊ လူဦးရေ ၃၁၆၇၅၅ ဦးနေထိုင်လျက်ရှိပြီး ဧရိယာအကျယ်အဝန်းသည် ၁၄၀၄.၁၈၃၄ စတုရန်းမိုင် ကျယ်ဝန်း ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုကဏ္ဍတွင် အဓိကအားထားရသည်မှာ ရေကြောင်းလမ်းများသာဖြစ်သည့်အတွက် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍသည် ဖွံ့ဖြိုးမှုအင်မတန် နောက်ကျနေသည်ဟု သုံးသပ်ရမည်ဖြစ်ပါကြောင်း၊

ရေယာဉ်လိုင်းများအနေဖြင့် ကမ်းရိုးတန်းအမြန်ရေယာဉ် ၂၂ လိုင်း၊ ရိုးရိုးအနှေးရေယာဉ် ၃၁လိုင်းနှင့် မြင်းကောင်ရေ ၂၀ အောက် ရေယာဉ်လိုင်း ၂၅ လိုင်းတိုငပုတောမြို့၏ ဈေးတံတား ဆိပ်ကမ်းကို နေ့ညမပြတ်ဝင်/ထွက်ဆိုက်ကပ်ပြီး ပို့ဆောင်ဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုကို အားကုန် ကြိုးပမ်းဖြည့်ဆည်းပေးနေကြပါကြောင်း၊ သို့သော်လည်း ပင်လယ်ဒီရေအတက်/အကျရှိသည့် ဒေသဖြစ်သည့်အတွက် ရေယာဉ်၊ သင်္ဘောများ ကမ်းကိုဆိုက်ကပ်ရာတွင် အခက်အခဲ အတား အဆီးများနှင့် နေ့စဉ်ကြုံတွေ့နေရပါကြောင်း၊ ယခုလိုမိုးရာသီတွင် အနောက်တောင်မုတ်သုံလေ၏ ကြမ်းတမ်းသည့် တိုက်ခတ်မှုများကြောင့် ရေယာဉ်သည် ဆိပ်ကမ်းကိုကပ်သည့်နေရာတွင် တံတားကိုအရှိန်ပြင်းစွာ ဝင်ရောက်တိုးတိုက်နေမှုကြောင့် ကွန်ကရစ်တံတားတိုင်များ မကြာခဏ ကျိုးပဲ့ ပျက်စီးနေရပါကြောင်း၊ အမြဲတမ်းလည်း ပြန်လည်ပြင်ဆင်နေရခြင်းကြောင့် ဘဏ္ဍာရန်ပုံငွေများ နှစ်စဉ်ဆုံးရှုံးနေရပါကြောင်း၊ ပုသိမ်မြို့က နံနက်()နာရီနှင့် နံနက်(၁၀)နာရီတွင် ထွက်သည့် သင်္ဘောများသည် ငပုတောဆိပ်ကမ်းကို အလုအယက်ဝင်ရောက်ဆိုက်ကပ်ရာ၌ သင်္ဘောများ အထပ်ထပ်ဖြစ်ပြီး လူအတင်/အချများ၊ ကုန်စည်အတင်/အချများမှာ အင်မတန် အန္တရာယ်များ ပါကြောင်း၊

ထို့အတူ ကမ်းရိုးတန်းအခေါ် အမြန်ရေယာဉ်များသည်လည်း ပုသိမ်ဆိပ်ကမ်းမှ တစ်ပြိုင်တည်း ထွက်ပြီး ငပုတောဆိပ်ကမ်းကို တစ်ပြိုင်တည်း ဝင်/ထွက်ဆိုက်ကပ်ကြသည့်အတွက် ဘေး အန္တရာယ်များ အချိန်မရွေးကျရောက်လာနိုင်ပါကြောင်း၊ လက်ရှိဆိပ်ကမ်းတံတားသည် ရေယာဉ် တစ်စီးသာ ဆိုက်ကပ်နိုင်သည့် အကျယ်အဝန်းဖြစ်သည့် (၃၆ x ၂၇ ပေ) ရှိ၍ ရေယာဉ်တစ်စင်းမက တစ်ပြိုင်တည်းဆိုက်ကပ်နိုင်သည့် ဆိပ်ခံဘောတစ်စင်းကို နိုင်ငံတော်မှ ပံ့ပိုးကူညီ ဖြေရှင်းဆောင်ရွက် ပေးမည်ဆိုပါက ငပုတောမြို့အတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍသည် ပိုမိုပွင့်လင်းပြီး သွက်လက် မြန်ဆန် လာမည်ဖြစ်ခြင်းကြောင့် ငပုတောမြို့နယ်၏ အထူးလိုအပ်ချက်အဖြစ် ငပုတောမြို့၊ ဈေး တံတားဆိပ်ကမ်းတွင် ခရီးသွားပြည်သူများနှင့် ရေယာဉ်များဘေးအန္တရာယ် ကင်းရှင်းစွာ ဆိုက်ကပ် နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှုလျင်မြန်သွက်လက်စေရန်အတွက် ဆိပ်ခံဘော တစ်စင်းကို နိုင်ငံသား များအတွက် မည်သို့ဖြည့်ဆည်းဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်တွင် ဆိပ်ခံ တံတားနှစ်ခုရှိပါကြောင်း၊ အောက်ဘက်တွင် မြို့မဆိပ်ခံတံတားနှင့် အပေါ်ဘက် ဈေးတံတား ဆိပ်ခံတံတားဖြစ်ပါကြောင်း၊ ဈေးတံတား ဆိပ်ခံ တံတားကို ၂၀၀၆-၂၀၀၇ ခုနှစ်က ငပုတောမြို့နယ် စည်ပင် သာယာရေးကော်မတီ၏ အစီအစဉ်ဖြင့် မြန်မာကျပ်ငွေ ၁၄၅ သိန်း အကုန်အကျခံပြီး တည်ဆောက်ထားသော သံကူ ကွန်ကရစ်ဆိပ်ခံ တံတားဖြစ်ပြီး မျက်နှာစာအကျယ် (၂၇ x ၃၆ ပေ)ရှိကာ ဆိပ်ခံတံတား၏ ဘေးအစွန်တွင် လှေကားထစ်ပုံစံရေဆင်းတံတားလည်းပါရှိသည်ကို တွေ့ရှိရပါကြောင်း၊ မြို့မဆိပ်ခံတံတားသည် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် တည်ဆောက်ထားသည့် သံကူကွန်ကရစ်တံတား ဖြစ်ပြီး မျက်နှာစာ အကျယ် (၂၁ x ၁၂၇ ပေ)ရှိကာ အဆိုပါတံတားတွင်လည်း လှေကားထစ်ပုံစံ ရေဆင်းတံတား ပါရှိပါကြောင်း၊

မြို့မတံတားကို မြို့နယ်စည်ပင်သာယာရေးရန်ပုံငွေနှင့် အများပြည်သူထည့်ဝင်ငွေများ စုပေါင်းပြီး ကျပ်ငွေသိန်း ၁၄၀ ကျော်ကုန်ကျခဲ့သည်ဟု သိရှိရပါကြောင်း၊ အဆိုပါတံတားနှစ်စင်းကို ငပုတောမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ စီမံခန့်ခွဲမှုအောက်တွင် ထားရှိပြီး အခွန်အခများ ကောက်ခံလျက်ရှိရာ ဘဏ္ဍာရေးနှစ်တစ်နှစ်တွင် ဈေးတံတား ဝင်ကြေးကောက်ခံလိုင်စင် လေလံ ကြေးအနေဖြင့် ကျပ်ငွေ ၉၈၆၅၀၀၀ ရရှိသည်ကိုလည်းကောင်း၊ ဆိပ်ကမ်းရောက် ရေယာဉ်ပေါ်တွင် ကောက်ခံသည့် လိုင်စင်လေလံကြေးသည် ကျပ်ငွေ ၆၀၅၀၀၀၀ သိန်းရရှိသည်ကိုလည်းကောင်း တွေ့ရှိရပါကြောင်း၊

ကိုယ်စားလှယ်တော်ကြီးတင်ပြသည့် ဈေးတံတားသည် သက်တမ်း ၁၀ နှစ်ကျော်အတွင်း ယိုယွင်းပျက်စီးလာသည့်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီက ၂၀၁၇ ခုနှစ်တွင် ကျပ် ၁၂ သိန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၂၅ သိန်း အကုန်အကျခံ ပြုပြင်ပေးခဲ့သည်ဟု သိရှိရပါကြောင်း၊ ဈေးတံတားတွင် ဆိုက်ကပ်သည့် ရေယာဉ်အရေအတွက်သည် များပြားလှသည့် အတွက် လက်ရှိတံတားအရွယ်အစား၊ ခိုင်ခံ့မှုအနေဖြင့် အဆင်မပြေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အင်ဂျင်နီယာ ကျွမ်းကျင်သူများအဖွဲ့က မြေပြင် ကွင်းဆင်းတိုင်းတာရာတွင် နည်းလမ်းနှစ်ခုရရှိပါကြောင်း၊

ပထမနည်းလမ်းသည် (အလျား ၁၂၀ ပေ x အနံ ၂၀ ပေ x ပေ လက်မ)ရှိ ဆိပ်ခံဘော တံတားတစ်စင်းကို ကျောက်ကြိုး၊ ကျောက်ဆူးများ အသုံးပြုကာ သံမဏိဘောနှင့် ကွန်ကရစ်ဆိပ်ခံ တံတားများကို ဒီရေအတက်/အကျအလိုက် တည်ဆောက်က ကုန်ကျငွေအနေဖြင့် ကျပ်ငွေ သိန်း ၂၀၀ မှ သိန်း ၂၅၀ ကုန်ကျနိုင်သည်ဟု ခန့်မှန်းထားပါကြောင်း၊ အားနည်းချက်အနေဖြင့် ငဝန် မြစ်ရေသည် ဆားငန်ရေပါခြင်းကြောင့် သံမဏိဘောများ သံချေးစားမှုဖြစ်ခဲ့ပါက ပြုပြင်ထိန်းသိမ်းမှု (Maintenance Charges)သည် နှစ်စဉ်ကုန်ကျမည်ဖြစ်ပါကြောင်း၊ ရေယာဉ်များနှင့် မတော်တဆ ထိခိုက်မှုကြောင့်သော်လည်းကောင်း ထိခိုက်ပျက်စီးမှုဖြစ်ခဲ့ရင်လည်း ရေယာဉ်၊ ယန္တရားများ သုံးပြီး ဘောတံတား Floating ဖြစ်သည့်အတွက် ထိန်းသိမ်းရန် လိုအပ်ပါကြောင်း၊

ဒုတိယနည်းလမ်းအနေဖြင့် မြို့မဆိပ်ခံတံတားနှင့် ဈေးတံတား၏ ကြားထဲတွင် အလွတ် အလပ်က ပေ ၃၅၀ ခန့်ရှိပါကြောင်း၊ အဆိုပါနေရာတွင် ဈေးတံတားဆိပ်ခံတံတားကို တိုးချဲ့ တည်ဆောက် မည်ဆိုပါက လုံလောက်သည့် မြေပြင်၊ ရေပြင်နေရာရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဈေးတံတား ဆိပ်ခံ တံတား၏ မျက်နှာစာအကျယ်သည် ၂၇ ပေသာရှိသည့်အတွက် ပေ ၁၀၀ ခန့် တိုးချဲ့ တည်ဆောက် မည်ဆိုခဲ့ပါက အလျား ၁၂၇ ပေရှိသော သံကူကွန်ကရစ်ဆိပ်ခံတံတား ပေါ် ပေါက်လာ မည်ဖြစ်ပြီး ရေယာဉ်များ ဆိုက်ကပ်မှုအတွက် ပိုမိုအဆင်ပြေစေမည်ဖြစ်ပါကြောင်း၊ ဒေသ အနေဖြင့်လည်း အလွယ်တကူပြင်ဆင်ပြီး တည်ဆောက်နိုင်သည်ဟု ပြောပါကြောင်း၊ ဒီဇိုင်းပုံစံကို အသေးစိတ် မြေပြင်ကွင်းဆင်းမှုများပြုလုပ်ရွေးချယ်ပြီး တည်ဆောက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁၈၈ ဇယား() အပိုဒ် အပိုဒ်ခွဲ(က) အပိုဒ်ခွဲ()အရ ပို့ဆောင်ရေး၊ ဆက်သွယ် ရေးနှင့် ဆောက်လုပ်ရေးကဏ္ဍတွင် ဖော်ပြထားချက်များအရ တိုင်းဒေသကြီးအစိုးရ၏ အစီအမံဖြင့် သာ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးအစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် သင်္ဘောဆိပ် များ၊ ဆိပ်ခံများတွင် ပါဝင်နေခြင်းကြောင့် တိုင်းဒေသကြီးအစိုးရ၏ အစီအမံဖြင့်သာ ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊

ယင်းသို့ နည်းလမ်းနှစ်သွယ်ဖြင့် တည်ဆောက်ရာတွင် မည်သည့်နည်းလမ်းဖြင့် တည်ဆောက်သည် ဖြစ်စေနည်းပညာအရ ဆိပ်ကမ်းအာဏာပိုင်များနှင့် အင်ဂျင်နီယာများအနေဖြင့် ကူညီ ဆောင်ရွက် ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးသန်းအောင်(ငပုတောမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဝန်ကြီးဌာန၏ ဖြေကြားချက်သည် မိမိတို့မြို့နယ်၏ လက်တွေ့အခက်အခဲများကို အမှန်တကယ် ပြေလည်နိုင်အောင် ဖြေရှင်းနိုင်သည့် အဖြေမျိုး မဟုတ်ခဲ့ပါကြောင်း၊ မြို့နယ်၏ ဝင်ငွေက အင်မတန် နည်းပါးပါကြောင်း၊ အဆိုပါတံတားကို မိမိတို့ အိတ်ထဲကစိုက်ပြီး သုံးမည်ဆိုပါက မြို့နယ်၏ ဖွံ့ဖြိုးမှုများ အင်မတန်နောက်ကျသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် () ငပုတောမြို့နယ် စည်ပင်သာယာအဖွဲ့၏ စီမံခန့်ခွဲမှုနှင့် အခွန်အခများကို ဦးစီးဌာနတစ်ခုခု သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုက သဘောတူညီလွှဲပြောင်းရယူပြီး ဆိပ်ခံဘောကိုဖြည့်ဆည်းပေးနိုင်ခြင်းရှိ/မရှိ နှင့် () ဝန်ကြီးဌာနက သင့်တင့်သည့် နှုန်းထားနှင့် ပြည်တွင်းရေကြောင်းပိုင် ဆိပ်ခံဘောတစ်စင်းကို ငှားရမ်းကူညီနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်

ဘတ်ဂျက်တောင်းခံရာတွင် အခြေခံဥပဒေ ဇယား() ဇယား()နှင့်အညီသာ တောင်းခံရပါ ကြောင်း၊ တိုင်းဒေသကြီးအစိုးရ၏ စီမံခန့်ခွဲခွင့်ရှိသည့် ဆိပ်ခံ ဘောတံတားများ ဖြစ်သည့်အတွက် ပြည်ထောင်စုဘတ်ဂျက်ကနေ သုံးခွင့်၊ တောင်းခံခွင့်မရှိပါကြောင်း၊ ထို့ပြင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့်လည်း အစိုးရဘတ်ဂျက်သုံးသည့် ဌာနမဟုတ်ဘဲ ဘတ်ဂျက်၏ ပြင်ပမှ မိမိ ဘာသာရပ်တည်ရသည့် ဆိပ်ကမ်းအဖွဲ့အစည်းဖြစ်သည့်အတွက် ပြည်ထောင်စုဘတ်ဂျက် ရရှိရန် ခက်ခဲပါကြောင်း၊ တိုင်းဒေသကြီးအစိုးရသည် အဆိုပါကိစ္စအတွက် သယ်ယူပို့ဆောင်ရေးဝန်ကြီးနှင့် ကတိကဝတ်မဟုတ်သော်လည်း GRF Fund များ ရရှိအောင် ကြိးစားနေပါကြောင်းနှင့် သံမဏိဘောတံတားလောက် လုပ်နိုင်သည်ဟု သိရှိပါကြောင်း၊ အဖြေတစ်ခုခု ရရှိရန် တိုင်းဒေသကြီး အစိုးရအနေဖြင့် ဆက်သွယ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ မိမိတို့တွင်တိတိကျကျ ဘတ်ဂျက် မပေးနိုင်သည့်အတွက် တိုင်းဒေသကြီးအစိုးရကသာ ဘတ်ဂျက်ရှိပြီး အားလုံးပူးပေါင်း ဆောင်ရွက် မည်ဆိုပါကဖြစ်နိုင်ပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ GRF Fund က ရအောင်ကြိုးစား မည်ဟု ဝန်ကြီးမှ နှုတ်အားဖြင့် ပြောဆိုထားသည်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။