Skip to main content

ရေကြီးခြင်းအားဖြင့် မိမိတို့မြို့နယ်တစ်မြို့နယ်လုံး၊ ကျေးရွာတစ်ခုလုံးရေမြုပ်သွားခြင်းမရှိပါ ကြောင်း၊ သို့သော် ကျေးရွာများကိုဆက်သွယ်ပေးသည့်လမ်းများ ကသာလျှင် ရေမြုပ်သွားခြင်းဖြစ်ပါ ကြောင်း၊ ယခုရေမြုပ်သွားသည့် အခါမိမိတို့ကျောင်းသူ/ကျောင်းသားများ၊ ဆရာ/ဆရာမ များ တစ်ရွာနှင့်တစ်ရွာသွားလာဆက်သွယ်ရန် ကုန်ထုတ်လမ်းများကအစ ရေမြုပ်သွားသည့်အခါ တရုတ်ပြည်နှင့် ဆက်သွယ်ပြီးသွားသည့် ကုန်တင်ကားများ ကအစသွား၍မရဘဲ လမ်းဘေးတွင် ရပ်တန့်ခဲ့ရသည့်အချိန်များ လေးငါးရက်ခန့်ကြာပါကြောင်း၊ ထို့ကြောင့်ကျေးရွာချင်းဆက်လမ်း များဖြစ်သည့် မြို့နယ်ချင်းဆက်လမ်းများဖြစ်သည့်လမ်းများကို ဖြတ်သန်းသွားလာရန် ပြတ် တောက် မှုမရှိအောင် မြေသားလမ်းဖို့ပေးရန်နှင့် မိမိတင်ပြခဲ့သည့် တံတားကိုလည်း မြင့်ပေးပြီး ပြန်လည် ပြုပြင် တည်ဆောက်ပေးရန်အတွက် အစီအစဉ်ရှိ/မရှိကို သိလိုကြောင်း မေးမြန်းပါသည်။


 

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးကျော်လင်း

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ဧရာဝတီမြစ်ရေကြီးလာခြင်းကြောင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီး ဌာနမှစီမံခန့်ခွဲသော မန္တလေး - လားရှိုး - ဗန်းမော် - မြစ်ကြီးနားလမ်း မြစ်ကြီးနားဘက်ကမ်းရှိ နန့်မြစ်ခချောင်းတံတားချဉ်းကပ်လမ်းနှင့် ဝိုင်းမော်ဘက်ကမ်းရှိ ရေကျော် သောနေရာများအား အသေးစိတ်တိုင်းတာတွက်ချက်ပြီး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံ ငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော မုန်လွှဲ - ခတ်ချို - နောင်ဟီး - စန်းကား - တာဆန်း - ဥလောက်လမ်းပိုင်း ခတ်ချိုကျေးရွာအဝင် နောင်ဟီး ကျေးရွာနှင့် စန်းကားကျေးရွာအလွန်တို့တွင်လည်းကောင်း၊ မိုင်တိုင်အမှတ် (၁၁) နှင့် (၁၂) အကြားတွင် လည်းကောင်း၊ တာဆန်းကျေးရွာနှင့် ဥလောက်ကျေးရွာကြား မိုင်တိုင်အမှတ် (၁၆) နှင့် (၂၁) အကြားတွင်လည်းကောင်း ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး တာဆန်းနှင့်ဥလောက်ကြားမြေသားလမ်း တွင် မြစ်ရေတိုက်စားပြိုကျ၍ ကမ်းနှင့်ဝေးသောလမ်းအူကြောင်းအသစ် ပြန်လည်ရှာဖွေဖောက်လုပ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ရေကျော်မှုဖြစ်ပေါ်သော လမ်းမိုင်လေးမိုင်ခန့်အား တာပေါင်မြှင့်တင် ခြင်းလုပ်ငန်းဆောင်ရွက်ရန် အမြင့်ဆုံးရေတက်အမှတ်အထက် အမြင့် ရှစ် ပေမှ ၁၀ ပေခန့်အထိ မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ပြီး တံတားသုံးစင်း၊ Box Culvert ၁၀ စင်းနှင့် လမ်းရေကျော်နှင့် ကျောက်ရိုးစီမြေကာနံရံများ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဗလမင်းထင် - နောင်ချိန်း - အင်ဂန်း - ခမ်းဘူးလမ်း၊ မိုင်းနားကျေးရွာအတွင်းရှိ ခမွတ်ချောင်းတံတားအရှည် ၈၀၀ ပေမှာရေကျော်နစ်မြုပ် မှုအပိုင်းတွင် ပါဝင်ပါသဖြင့် တာပေါင်မြှင့်တင်ခြင်းလုပ်ငန်း အမြင့် ၈ ပေမှ ၁၀ ပေခန့်အထိနှင့် သံကူ ကွန်ကရစ်တံတားအသစ်တည်ဆောက်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီးရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း    ပြန်လည်ဖြေကြားပါသည်။