Skip to main content

မိမိမေးခွန်း၏ အဓိကရည်ရွယ်ချက်သည် လက်ရှိစိန်ခေါ်မှုများတွင် နိုင်ငံသားများအတွက် အလုပ်အကိုင်၊ အခွင့်အလမ်း ရှားပါးမှု၊ လုပ်ခလစာ နည်းပါးမှုများသည် တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ တချို့မှ ပြဿနာဟု ကင်ပွန်းတပ်ကြပြီး မည်သည့်အတွက် ယခုကဲ့သို့ သုံးနှုန်း ရသည်ကို လေ့လာသည့်အချိန်တွင် နိုင်ငံအတွင်းတွင် တန်ဖိုးရှိလှသည့် လူသား အရင်းအမြစ်များသည် နိုင်ငံခြားကိုထွက်ပြီး အလုပ်လုပ်ကိုင်နေကြခြင်းသည် နိုင်ငံအတွက် ဆုံးရှုံးမှုများ ဖြစ်သည့်အပြင် ယခုကဲ့သို့ လုပ်ကိုင်ကြသည့်သူများတွင် တရားဝင်သူများ၊ တရားမဝင်သူများ ပါသည့်အတွက် တိုင်းတစ်ပါးနိုင်ငံများ၏ ဥပဒေများအရ အမြဲတမ်း ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်းများခံရပြီး လူသားတစ်ယောက်၏ မွေးရာပါလုံခြုံစိတ်ချရသည့် အာမခံချက်များ ဆုံးရှုံးနေရခြင်းဖြစ်ကြောင်း၊

၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ ပြည်ပကို တရားမဝင်၊ တရားဝင် သွားရောက် လုပ်ကိုင်သည့် လူဦးရေစာရင်းကို တွေ့နိုင်မည်ဖြစ်ကြောင်း၊ စုစုပေါင်း နှစ်သန်းကျော် ပါကြောင်း၊  ၂၀၁၈ ခုနှစ်စာရင်းတွင် ငါးသန်း နီးပါးခန့် ရှိသည်ကို သိရှိရကြောင်း၊ မိမိတို့ နိုင်ငံသားများသည် ပြည်ပရောက် အလုပ်သမား ဦးရေ ကျား/မပေါင်း များလာသည့် အတွက် ၂၀၁၆-၁၇ ခုနှစ်စာရင်းများအရ မိမိတို့အလုပ်သမားများ တိုင်းပြည်မှ ထွက်ခွာသည့် နှုန်းသည် တစ်ရက်တွင် ၄၀၄ ဦး ရှိပြီး၊ ၂၀၁၇-၁၈ ခုနှစ်တွင် ၄၉၈ ဦး အထိ ရှိသည်ဟု သိရပါကြောင်း၊ ယခုကဲ့သို့ အလုပ်လုပ်ကိုင်ရှာဖွေမှုများကို အသုံးချပြီး မိန်းကလေးငယ်များ လူကုန်ကူးမှုခံရခြင်းများ၊ သားမယားအဖြစ် ရောင်းချခံရခြင်းများ၊ ယောက်ျားလေးများ ရောင်းကုန်ကဲ့သို့ ရောင်းချခံရခြင်းများသည် အလွန်များကြောင်း၊ ထို့အတွက် အလုပ်အကိုင်၊ အခွင့်အလမ်း ရှားပါးမှု ပြဿနာနှင့် ဝင်ငွေနည်းပါးလာမှု ပြဿနာများကြောင့် အနယ်နယ်အရပ်ရပ်မှ မြို့ကြီးပြကြီးများတွင် လမ်းဘေးကျူးကျော်ပြီး ဈေးရောင်းသူများ၏ ဘဝဖြစ်ပါကြောင်း၊ ထို့ကဲ့သို့ ကားကြီး၊ ကားငယ်များကြားတွင် အန္တရာယ်ကိုရင်ဆိုင်ပြီး ရုန်းကန်ရှာဖွေကြရသည့် အနှေးယာဉ်လုပ်သားများ၏ ဘဝများ၊ ကယ်ရီသမားများ၏ ဘဝများသည် ခဏခဏယာဉ်တိုက်ပြီး ဆုံးရှုံးနေသည်ကို တွေ့ရှိရကြောင်း၊

ထိုဘဝများကို လွတ်မြောက်စေရန်အတွက် လွတ်မြောက်ရန် နည်းလမ်းကို ရှာဖွေသည့် နေရာတွင် ဖြတ်လမ်းမှ မူးယစ်ဆေးဝါး ကျေးကျွန်ဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းချခြင်းများ၊ ဒုစရိုက်သမားများ ဖြစ်သွားခြင်းများသည် အများကြီး ဖြစ်ကြောင်း၊

ထို့အပြင် ၎င်းပြဿနာများကို ဖြေရှင်းနိုင်ရန်အပြင် မိမိတို့နိုင်ငံတွင် Inflation ဟု ခေါ်သည့် ငွေကြေးကွာဟမှုသည် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် မတ်လအထိ ပို့ကုန်ပမာဏသည် သွင်းကုန်ပမာဏနှင့် နှိုင်းယှဉ်ပါက သွင်းကုန်သည် ၈၉၆၅.၇၅၇ သန်း ဖြစ်သကဲ့သိ့ို ပို့ကုန် တန်ဖိုးပမာဏသည် ၈၃၀၆.၂၂၃ သန်း US သန်းပေါင်းဖြစ်ကြောင်း၊ ထို့အတွက် မိမိတို့ လိုငွေပမာဏသည် ၇၅၉.၄၃ သန်းအထိ ကွာဟချက်သည် အမြဲတမ်း Inflationနှင့် ငွေကြေး၏ တန်ဖိုးနိမ့်ကျမှုကို ထိန်းသိမ်းနိုင်ရန် ခက်ခဲပါကြောင်း၊ ထို့ကဲ့သို့ ပြဿနာများ ဖြေရှင်းနိုင်မှုသည် မိမိတို့တွင် လိုအပ်လျက်ရှိကြောင်း၊ ထို့အပြင် မိမိတို့နိုင်ငံတွင် ၎င်းပြဿနာများကို ဖြေရှင်းနိုင်ရန် စဉ်းစားသည့်အပြင် Geo-Politics အရ မကြာခင်တွင် ဆယ်စုနှစ်တစ်ခုအတွင်းတွင် ပိုးလမ်းမကို ရောက်မည်ဖြစ်သည့်အတွက် ကြိုတင် ပြင်ဆင်ခြင်းဖြင့် မိမိတို့နိုင်ငံတော်ရှိ ဈေးကွက်တွင် Brand ဖြစ်နိုင်သည့် နိုင်ငံတကာမှ စက်ရုံ၊ အလုပ်ရုံများ၊ လယ်ယာစိုက်ပျိုးရေးများ၊ စက်မှုလက်မှုများတွင် ဝင်ရောက်ပြီး ကြိုတင်ရင်းနှီးမြှုပ်နှံပြီး မိမိတို့ လက်ဦးမှုရယူထားရမည် ဖြစ်ပါကြောင်း၊  ထို့အတွက် ယခု ကိစ္စသည် နှစ်ပေါင်း ၆၀ ကျော် ခန့်ကြာသည့်တိုင်အောင် အစိုးရအဆက်ဆက် မဖြေရှင်းနိုင်သေးသည့်ကိစ္စတွင် နိုင်ငံတော်၏အတိုင်ပင်ခံမှ နိုင်ငံတကာကို သွားပြီး လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် ကြိုးစားနေသည်ကို အားလုံးအမြင်ဖြစ်သည့်အပြင် ၂၀၁၇-၁၈ ခုနှစ်နှစ်ဦး ပတ်ဝန်းကျင်ခန့်တွင် ဂျပန်နိုင်ငံသို့သွားပြီး ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ခဲ့သည့်ကို တွေ့ရပါကြောင်း၊ ထိုကြောင့် မိမိတို့နိုင်ငံတွင် ဂျပန်နှင့် ကိုရီးယား ရင်းနှီးမြှုပ်နှံမှု စက်ရုံများသည် လာရောက်ပြီး တည်ထောင်ရန် အစီအစဉ် ရှိ/မရှိနှင့် လာ ရောက် တည်ထောင်သည့်အချိန်တွင် မိမိတို့နိုင်ငံ၏လူငယ်လူရွယ်များ အလုပ်အကိုင် ရရှိစေရန် အခွင့်အလမ်း မည်ကဲ့သို့ကြိုတင်ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ အဖွဲ့ဝင် ဦးဆက်အောင်

လက်ရှိ အခြေအနေတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဂျပန်နိုင်ငံမှ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၁၈၆.၃၂၆ သန်းနှင့် ကိုရီးယားနိုင်ငံက စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၃၈၉၉.၈၂၆ သန်းကို ခွင့်ပြုထားပြီး ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့မှ စတင်ပြီး စိုက်ပျိုးရေးအခြေခံကုန်ထုတ် လုပ်ငန်းများ၊ ပို့ကုန်မြှင့်တင်နိုင်မည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန် အစားထိုးနိုင်မည့် ကုန်ထုတ်လုပ်ငန်းများနှင့် စက်မှုမြို့တော် တည်ဆောက်မှုလုပ်ငန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ခွင့်ပြုချက်တင်ပြလာပါက ချက်ချင်းဦးစားပေးဆောင်ရွက်ပေး သွားမည့်လုပ်ငန်းများအဖြစ် သတ်မှတ်ကြော်ငြာ၍ အမြန်ဆုံးခွင့်ပြုမိန့်များကို ခွင့်ပြုပေးပြီး လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အမိန့်ကြော်ငြာစာ အမှတ်(၁၃/၂၀၁၇)အရ ဝင်ငွေခွန် ကင်းလွတ် ခံစားနိုင်သည့် ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုများ စာရင်းသည် ကုန်ထုတ် လုပ်ငန်းများနှင့် စက်မှုဇုန်များတည်ထောင်သည့် လုပ်ငန်းများပါဝင်လျက် ရှိကြောင်း၊ ထိုသို့ စက်မှုလက်မှုလုပ်ငန်းများသည် ဦးစားပေးဆောင်ရွက်သွားမည့် လုပ်ငန်းများစာရင်းတွင် ထည့်သွင်းထားခြင်းကြောင့်လည်းကောင်း၊ ဝင်ငွေခွန်ကင်းလွတ်ခွင့် ဆွဲဆောင်မှုကြောင့် လည်းကောင်း ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများသာမက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် အလားအလာ ကောင်းများ ရှိပါကြောင်း၊

ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဂျပန်နိုင်ငံ Consortium သီလဝါ အထူးစီးပွားရေးဇုန် ရင်းနှီးတည်ထောင်သည့် ကုမ္ပဏီတွင် ပါဝင် တည်ထောင်ဆောင်ရွက်ခွင့်ကို ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ သီလဝါ အထူးစီးပွားရေး ဇုန်တွင် ဂျပန်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၈.၁၄ သန်း ရင်းနှီးမြှုပ်နှံ ထားပြီး ဖြစ်ပါကြောင်း၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုသည် ၁.၇၂ ဘီလီယံကျော်ခန့် ရှိကြောင်း၊ ကိုရီးယားရင်းနှီးမြှုပ်နှံမှုတွင် စုစုပေါင်း အမေရိကန် ဒေါ်လာသန်းပေါင်း ၁၆၈.၁၃ သန်း ရင်းနှီးမြှုပ်နှံထားရှိပြီး သီလဝါအထူးစီးပွားရေးဇုန်သို့ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများနှင့်တကွ တခြားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများလည်း ဆက်လက် ဝင်ရောက်လျက်ရှိကြောင်း၊ အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ညောင်နှစ်ပင်တွင် အမေရိကန်ဒေါ်လာသန်းပေါင်း ၁၂၀ ရင်းနှီးမြှုပ်နှံမည့် စက်မှုဇုန် စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Korea Land and Housing Corporation တို့ ပူးပေါင်းဖွဲ့စည်းထားသော KMIC Development Co., Ltd. ကို ၂၀၂၅ ခုနှစ်တွင် အပြီးဆောင်ရွက်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ စက်မှုဇုန်စီမံကိန်း ပြီးစီးပါက ကိုရီးယားနိုင်ငံမှ စက်မှုလက်မှုလုပ်ငန်းများလည်း အလုံးအရင်း ဝင်ရောက်လာ နိုင်ပြီး အခြားနိုင်ငံမှ စက်မှုလက်မှုလုပ်ငန်းများလည်း ဝင်ရောက်လာနိုင်ပါကြောင်း၊

လုပ်သားခန့်ထားမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၅၁(ဂ) အရ ကျွမ်းကျင်မှုမလိုသည့်လုပ်ငန်းများတွင် မြန်မာနိုင်ငံသားများကိုသာ ခန့်ထားရမည် ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၅၁(ခ)အရ အဆင့်ဆင့်သော စီမံခန့်ခွဲမှုနည်းပညာ၊ လုပ်ငန်းကျွမ်းကျင်သူနေရာများတွင် နိုင်ငံသားများ ခန့်အပ်နိုင်ရန် အလို့ငှာ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေး အစီအစဉ်များလည်း ဆောင်ရွက်၍ အစားထိုး ခန့်အပ်ရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံနှင့်ရင်းနှီးမြှုပ်နှံမှု ဖြေလျှော့ခြင်း၊ တိုးမြှင့်ခြင်းနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူညီမှုစာချုပ်ကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်လည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူညီမှုစာချုပ်ကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ပိုမိုစီးဝင်စေမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ဂျပန်နိုင်ငံ တိုကျိုမြို့၌ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၁၀) ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေးကို လိုက်ပါတက်ရောက်ခဲ့ပြီး ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများပိုမိုစီးဝင်လာ နိုင်ရေးအတွက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် မြန်မာရင်းနှီးမြှုပ်နှံမှုညီလာခံသို့ တက်ရောက်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များကို ရှင်းလင်းပြောကြားခဲ့ပြီး ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှင်းလင်း ပြောကြားခဲ့ပြီး ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်နိုင်ခဲ့ကြောင်း၊

ထို့အတူ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းမှ ကိုရီးယားသမ္မတ နိုင်ငံကုန်သွယ်ရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကိုရီးယားသမ္မတနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ခဲ့ပြီး ကိုရီးယား ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံအတွင်းသို့ ပိုမိုစီးဝင်လာစေရေးအတွက် ကိုရီးယား ရင်းနှီးမြှုပ်နှံသူများနှင့်တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးများကို ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ ထို့အပြင် ဂျပန်အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း(JICA)မှ ကျွမ်းကျင်သူများ၊ ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့ (JETRO)မှ ကျွမ်းကျင်သူတို့ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနတွင် Japan Desk အဖြစ် တွဲဖက်တာဝန်ပေးအပ်ပြီး ဂျပန်ရင်းနှီး မြှုပ်နှံလိုသူများနှင့်တွေ့ဆုံ၍ အကြံဉာဏ်များပေးခြင်း၊ ဂျပန်ကုမ္ပဏီများမှ မေးမြန်း လာသည့် မေးခွန်းများအား ဖြေကြားပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကိုယ်စား လှယ်တော်ကြီးပြောသည့်အချက်အရ Vocational Training Center များ တည်ထောင်ပြီး Vocational Training Center တွင် မြန်မာနိုင်ငံ၏ Human Resources Development ကို ဖြည့်ဆည်းသည့်နည်းလမ်းဖြင့် On Job Training နှင့် လုပ်ငန်းခွင်တွင် မြန်မာနိုင်ငံ လုပ်သားများကို ဆက်လက်ပြီး စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ပြီး ဆောင်ရွက်လျက် ရှိပါကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံမှ Vocational Training Center ကို ခေါ်ယူ၍ အနီးပတ်ဝန်းကျင်များတွင် ရှိသည့် Local များကို Training များ ပေးသော်လည်း သီလဝါအထူးစီးပွားဇုန်တွင် ရှိသည့် Electronic Industry မှ စတင်ပြီး Industry၊ စက်ရုံတော်တော်များများကလုပ်ငန်းများကို ဆောင်ရွက်နေသည့် လုပ်သား များကို On Job Training အနေဖြင့်ပေးပြီး လုံလောက်စွာဖြင့် ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရှိရပါကြောင်း၊

ကိုယ်စားလှယ်တော်ကြီးတင်ပြသည့် Migration နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံမှ တခြား နိုင်ငံသို့ သွားရောက်ပြီး အလုပ်လုပ်သည့်အချိန်တွင် Professional များ ထွက်သည်မျိုး ရှိသော်လည်း အနီးအနားနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံကို သွားသည့် မြန်မာနိုင်ငံမှ အလုပ်သမားအများစုသည် Semi Skill နှင့် Un-Skill Worker များ ဖြစ်သည့်အတွက် ၎င်း Migration, Labour Migrant ဟု ခေါ်သည့် နိုင်ငံတကာတွင် ထွက်သွားသည့် မြန်မာနိုင်ငံမှ လုပ်သားများသည် ထွက်သွားသည့်အချိန်တွင် မိမိတို့မှ Brain Drain ဖြစ်သည်ဟုယူဆရန် မလိုကြောင်း၊ ၎င်းလုပ်သားများ ပြန်ရောက်လာပါက မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်သည့် အတွက် ၎င်းတို့ကို Future Brain Gain အနေဖြင့် သိရှိလိုက်နာပြီး ဆောင်ရွက်နိုင်ရန် ၎င်း  Migrant Worker များကို မိမိတို့မြန်မာနိုင်ငံကို ပြန်လာသည့်အချိန်တွင် ပိုမိုပြီး လုပ်ငန်းများကို ဆောင်ရွက်စေနိုင်မည့် Enabling Environment ကို ဖန်တီးပေးနိုင်ရန် အတွက် ဆက်လက်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊

ထို့အပြင် လူငယ်လူရွယ်များ လုပ်ငန်းကျွမ်းကျင်မှုနှင့် ဘာသာစကား အခက်အခဲ မဖြစ်စေနိုင်ရေးနှင့် ပတ်သက်ပြီး Vocational Training ကဲ့သို့ ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ပေးမည့် လုပ်ငန်းများတွင် လည်းကောင်း၊ ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင်လည်းကောင်း ထည့်သွင်းပြီး ၎င်းသင်တန်းကျောင်းများ ပိုမိုတိုးပွားစေရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာအတွင်း၊ နိုင်ငံတော်အတွင်း ကျွမ်းကျင် လုပ်သားများ တိုးတက်များပြားစေရေးအတွက် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် လက်ရှိတွင်လည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် သက်မွေးပညာသင် ပုဂ္ဂလိကကျောင်း သုံးခုကို မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေနှင့်အညီ အတည်ပြုမိန့် ထုတ်ပေးထားပြီးဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဦးတိုးဝင်း (တာမွေ မဲဆန္ဒနယ်) ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပေးသွားသည့်အတွက် လူငယ်လူရွယ်များနှင့် တိုင်းပြည် ကိုယ်စား အထူးကျေးဇူးတင်ကြောင်း၊ နှစ်ထောင်းအားရ ရှိကြောင်း၊ ၎င်း Vocational Training School များ များများဖွင့်နိုင်ရန်နှင့် ဖွင့်သည့်အချိန်တွင် သတင်းစာများ၊ ဂျာနယ် များမှ ကျယ်ကျယ်ပြန့်ပြန့် Training တွင် လာပြီး တက်နိုင်သည့် လူငယ်လူရွယ်များကို ခေါ်နိုင်ရန်အတွက် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ထို့အပြင် လုပ်ခလစာများကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ အဖွဲ့ဝင် ဦးဆက်အောင်

အဓိက Vocational Training Center များကို မိမိတို့ အိမ်နီးချင်းနိုင်ငံ တော်တော်များများတွင် အလားတူ Vocational Training Center အမြောက်အမြားကို တည်ထောင်ခဲ့ပြီး ဖြစ်ကြောင်း၊ သို့သော် အိမ်နီးချင်းနိုင်ငံများ၏ အတွေ့အကြုံအရ Vocational Training Center များသည် Supply Based Center များ ဖြစ်ပြီး Demand Based Center မဟုတ်ပါက Vocational Training Center များ အောင်မြင်မှု မရှိသည်ကို မိမိတို့ တွေ့ရှိရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် Vocational Training Center များကို ဦးစားပေးပြီး Vocational Training Center များ မဖွင့်မနေရဖွင့်ရမည်ဆိုပြီး ဆောင်ရွက်ခြင်းသည် အိမ်နီးချင်းနိုင်ငံများ၏ အတွေ့အကြုံအရ အောင်မြင်မှုမရှိသည့် လုပ်ငန်းများ ဖြစ်ကြောင်း၊ ၎င်း Vocational Training Center များသည် Demand Based ဖြစ်သည့် Training Center များ ပေါ်ပေါက်သည့်အချိန်တွင်သာ မိမိတို့အတွက် ပိုပြီး နိုင်ငံတော်အတွက် အကျိုးရှိပြီး အလုပ်သမားလူထုအတွက် အကျိုးရှိမည့် Vocational Training Center များ ဖြစ်လာမည် ဖြစ်ကြောင်း၊ ထို့အပြင် နောက်ပိုင်းတွင် Vocational Training Center ဆိုသည့် Training သီးသန့်ပေးသည့် Center မျိုးမဟုတ်ဘဲ နိုင်ငံတကာတွင် မည်ကဲ့သို့ ပုံစံမျိုးကျယ်ပြန့်လာသည်ကို One Stop Human Resources Center ဆိုသည့် ပုံစံမျိုးလည်း ကြုံတွေ့ရမည် ဖြစ်ကြောင်း၊ Vocational Training Center သို့ သင်တန်းသားများခေါ်ပြီး သင်ယူပေးခြင်း ဖြစ်ကြောင်း၊ One Stop Human Resources Center သို့ ခေါ်ယူပြီး Training ပေးခြင်းမျိုးသာမက ၎င်းတို့ကိုယ်တိုင် Trainee များကို Training မဟုတ်ဘဲ ၎င်းတို့ကိုယ်တိုင် ဝန်ထမ်းများကို၊ အလုပ်သမားများကို ၎င်းတို့ ကိုယ်တိုင် Rescruit လုပ်ပြီး ၎င်း Trainee များကို ဦးစားပေး Training ပေးကြောင်း၊ Training ပေးပြီး၊ တခြား Demand Based ဖြစ်လာသည့်အချိန်တွင် လိုအပ်သည့် စက်ရုံ၊ အလုပ်ရုံများကို ၎င်းတို့၏၊ မိမိတို့၏ လုပ်သားများအနေဖြင့် Contract စနစ်နှင့် ပြန်ပြီး ပံ့ပိုးပေးသည့်စနစ်များသည် နိုင်ငံတကာတွင် ရေပန်းစားလာသည့် သဘောမျိုး ဖြစ်ပါကြောင်း၊ ၎င်း Center များ၊ One Stop Human Resources Center များသည် မြန်မာနိုင်ငံတွင် တစ်စထက်တစ်စ ပေါ်ပေါက်လာမည် ဖြစ်ကြောင်း၊

မြန်မာနိုင်ငံတွင်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန်တွင် ဖွင့်လှစ်ထားသည့် ဂျပန်နိုင်ငံမှ လာရောက်ဆောင်ရွက်နေသည့် Vocational Training Center တစ်ခုသည် One Stop Human Resources Center အနေဖြင့် လာရောက်ပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် Vocational Training Center များသည် Supply Based မဖြစ်စေရန်၊ Demand Based ဖြစ်စေရန်အတွက် မြန်မာနိုင်ငံမှ နိုင်ငံတော်မှ ပံ့ပိုးနိုင်စရာရှိသည်ကို ပံ့ပိုးပြီး Enabling Environment တစ်ခုကို ဖန်တီးပေးနိုင်ရန် လိုကြောင်း၊ ထို့အပြင်  လုပ်ခလစာနှင့် ပတ်သက်ပြီး အနည်းဆုံး လုပ်ခလစာကို ဥပဒေဖြင့် ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း၊ ၎င်းလုပ်ခလစာသည် Sensitive ဖြစ်သည့် ဧရိယာတစ်ခု ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် မိမိတို့ ကြည့်လိုက်မည်ဆိုပါက ၎င်းလုပ်ခလစာသည် ဝင်ရောက် လာသည့် Investor များ ပေးနိုင်သည့် လစာထက်ပိုပြီး များသွားသည့်နေရာများတွင် Investor များနှင့် Commercially Viability ဖြစ်သည့် လုပ်ငန်းများ လုပ်နိုင်ရန် မရသည့် အတွက် ၎င်းနိုင်ငံမှ ပြန်ထွက်သွားရသည့်အစဉ်အလာမျိုးများ ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်း၊ ၎င်းလုပ်ခလစာနှင့် ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံများတွင် ဆက်လက်ပြီး Industry Life Cycle ပုံစံမျိုးဖြင့် မိမိတို့  ဆက်လက်ဆောင်ရွက်ကြောင်း၊ Industry တစ်ခုသည် တိုးတက်လာပြီး Introductory Stage မှ Maturity Stage ဖြစ်ပြီး နောက်ဆုံး Decline Stage ကို Industry ရောက်သွားသည့် အချိန်တွင် Another Industry တစ်ခုမှ Decline Stage မရောက်မီအချိန်တွင် Introductory Stage ကို စနိုင်ရမည် ဖြစ်ကြောင်း၊ လုပ်ခ လစာသည် Industry Life Cycle အပေါ်မူတည်ပြီး Industry အမျိုးအစားပေါ်မူတည်ပြီး လုပ်ခလစာ မြှင့်တင်နိုင်သလို၊ လုပ်ခလစာ မြှင့်တင်လို့မရသည့် Industry များ ရှိကြောင်း၊ မိမိတို့နိုင်ငံသည် Labour Intensive Industry ဆိုသည့် Industry သည် Introductory Stage မည်မျှရှိသည်ဟုဆိုသော်လည်း သို့မဟုတ် Maturity Stage လောက်သာ ရှိနေသည်ဟု ဆိုပါက လုပ်ခလစာကို ၎င်း Industry တွင် မပေးနိုင်သည့် လုပ်ခလစာ မြှင့်တင်လိုက်မည် ဆိုပါက Another Industry Life Cycle မစမီတွင် Industry Life Cycle Gap ဖြစ်ပြီး တိုးတက်မှုများ ဖွံ့ဖြိုးရေးနှောင့်နှေးသွားရသည့် ပုံစံမျိုး ဖြစ်တတ်ကြောင်း၊ ထို့အတွက် မြန်မာနိုင်ငံအတွက် လုပ်ခလစာသည် အလွန်အရေးကြီးကြောင်း၊ အလုပ် သမားများအတွက် တကယ်ကိုအရေးကြီးသည့် Factor တစ်ခု ဖြစ်ကြောင်း၊ ၎င်း Factor ကို အောင်မြင်နိုင်ရန်အတွက် နိုင်ငံတော်မှ အနည်းဆုံး လုပ်ခလစာများ သတ်မှတ်ထားပြီး ဖြစ်ကြောင်း၊ ဆက်လက်ပြီး အနည်းဆုံး လုပ်ခလစာကို Revive လုပ်သွားမည်ဟု မိမိတို့ ယုံကြည်ကြောင်း၊ သို့သော် မိမိတို့ နားလည်ထားရမည့်အချက်တွင် လုပ်ခလစာသည် မိမိတို့တွင် ရှိနေသည့် Industry Life Cycle ထက်ပိုပြီး များသည့် လုပ်ခလစာမျိုး မဖြစ်သွားစေရန် ဆက်လက်ပြီး ဆန်းစစ်မှုများ၊ စိစစ်မှုများ ပြုလုပ်ပြီး ဆောင်ရွက်လျှင် ပိုပြီးကောင်းမည်ဟု ဖြေကြားပါသည်။