Skip to main content

 

မြိတ်ခရိုင်အတွင်းရှိ ရေထွက်ကုန်ပစ္စည်းများ တင်ပို့မှုသည် နေ့စဉ်အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိပါကြောင်း၊ သို့ရာတွင် အဓိကဖြစ်သော မဟာချိုင်ဈေးကွက်သို့ရောက်ရှိရန်  မြိတ်မြို့မှ ကော့သောင်း၊ ၎င်းမှတစ်ဆင် ရေလမ်း၊ ကုန်းလမ်းဖြင့် တင်ပို့ရာတွင် ၃၂ နာရီခန့် ကြာမြင့်ခြင်း၊ အကယ်၍ မောတောင်မှတရားဝင် တင်ပို့နိုင်မည်ဆိုပါက ရှစ်နာရီခန့်သာ ကြာမြင့်မည်ဖြစ်၍ သယ်ယူ ပို့ဆောင်ခစရိတ်များစွာ သက်သာမည့်အပြင် ကုန်ပစ္စည်းအရည်အသွေးကိုလည်း ထိရောက်စွာ ထိန်းသိမ်းသွားနိုင်မည်ဖြစ်၍ အကျိုးများစွာ ဖြစ်ထွန်းနိုင်စေမည် ဖြစ်ခြင်းတို့ကြောင့် လည်းကောင်း၊ မြိတ်ကျွန်းစုမှ ရေထွက်ကုန်ပစ္စည်းများ ကော့သောင်းသို့ မရောက်မီ လမ်းခရီးတွင် တရားမဝင် ရောင်းချမှုများကြောင့်လည်းကောင်း၊ လှေ၊ င်္ဘောဖြင့် သယ်ဆောင်သည့် ရေထွက်ကုန်ပစ္စည်းများ၏ ခန့်မှန်းကုန်ချိန် တန်ဖိုးကိုသာ အခွန်ကောက်ခံနိုင်ခြင်းတို့ကြောင့် လည်းကောင်း၊ ရသင့်ရထိုက်သည့် အခွန်အခများ၊ နစ်နာဆုံးရှုံးမှုများကို ထိရောက်စွာကာကွယ် တားဆီးနိုင်မည် ဖြစ်ပါကြောင်း၊ ၎င်းအပြင် ထိုင်းနိုင်ငံရှိ နေ့စဉ်ကမ္ဘာလှည့်ခရီးသည်များ ခုနစ်သန်းခန့် လာရောက်လည်ပတ်နေသည့် ဝါဟင်းမြို့သို့ ပင်လယ်ကမ်းခြေစခန်းမှ မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းသို့ တစ်နာရီခွဲခန့်တွင် ရောက်ရှိလာနိုင်မည်ဖြစ်ရာ အမြဲတမ်းကုန်သွယ်မှုစခန်းအဖြစ်  အဆင့်တိုးမြှင့်ပြီးပါက ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ၊ မြိတ်ကျွန်းစု၏ သဘာဝပင်လယ်ကမ်းခြေ၊ တောတောင်ရေမြေများ၊ ရှုခင်းအလှအပ များရှိရာ မြိတ်ခရိုင်အတွင်းသို့ ကမ္ဘာလှည့်ခရီးသည်များ အလွယ်တကူအမြောက်အမြား လည်ပတ် နိုင်မည်ဖြစ်ရာ မြိတ်ခရိုင်ဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ထူးခြားစွာ အကျိုးဖြစ်ထွန်းနိုင်မည် ဖြစ်ပါကြောင်း၊ သို့ပါ၍ အဆိုပါမောတောင်ရှိ ယာယီနယ်စပ် ကုန်သွယ်ရေး အထူးစခန်းအား တရားဝင်အမြဲတမ်း ကုန်သွယ်ရေးစခန်းအဖြစ် အဆင်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိမည်ဆိုပါက မည်သည့်အချိန်တွင် တိုးမြှင့်ပေးမည်နှင် မရှိပါက မည်သည့် အတွက်ကြောင့် ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

မြန်မာနိုင်ငံနှင် ထိုင်းနိုင်ငံအကြားတွင် နှစ်နိုင်ငံနိုင်ငံသားများ ဝင်/ထွက်သွားလာမှု လွယ်ကူချောမွေ့ စေရန်နှင် နယ်စပ်ဒေသစီးပွားရေး လုပ်ငန်းများပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရနှင် ထိုင်းနိုင်ငံအစိုးရတို့အကြား နယ်စပ်ဖြတ်သန်း သွားလာရေး ဆိုင်ရာ သဘောတူညီချက်ကို ၁၆-၅-၁၉၉၇ ရက်နေ့တွင် လက်မှတ်ရေးထိုး ခဲ့ကြပါကြောင်း၊ ယင်း သဘောတူစာချုပ်အရ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်နှင် ကော့သောင်း-ရနောင်းတို့ကို နယ်စပ်ဝင်/ထွက် ပေါက်များအဖြစ် သတ်မှတ်ပြီး သက်ဆိုင်ရာ နိုင်ငံ၏အာဏာပိုင်က ထုတ်ပေးသော နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်နှင် ယာယီနယ်စပ် ဖြတ်သန်းခွင် လက်မှတ်တို့ဖြင် ဖြတ်သန်းခွင့်ပြုခဲ့ပါကြောင်း၊

အဆိုပါ နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းရေးဆိုင်ရာ သဘောတူစာချုပ်ကို ပြန်လည်ဆန်းစစ်ခဲ့ပြီး ၂၄-၆-၂၀၁၆ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း ထီးခီး-ဖူနာရွန် နယ်စပ်ဝင်/ထွက် ဂိတ်တစ်ခုကို တိုးချဲ့ဖွင့်လှစ်ခဲ့ပါကြောင်း၊  အဆိုပါ ထီးခီးနယ်စပ်ဝင်/ထွက်ဂိတ်အပါအဝင် မြဝတီ၊ ကော့သောင်းနှင့် တာချီလိတ်တို့ကိုလည်း အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ထွက်ပေါက်အဖြစ်သို့ အဆင့်မြှင့်တင်ဖွင့်လှစ် နိုင်ခဲ့ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ထွက်ပေါက် အဆင့်သို့ တိုးမြှင့်ခဲ့ခြင်းကြောင့် ယခုအခါ နှစ်နိုင်ငံ၏နိုင်ငံသားများနှင် တတိယနိုင်ငံ၏ နိုင်ငံသားများက နိုင်ငံကူးလက်မှတ်နှင် ဗီဇာတို့ဖြင် မြန်မာနိုင်ငံအတွင်းပိုင်းအထိ ဝင်ရောက်နိုင်ပါကြောင်း၊ ထို့အတူ ထိုင်းနိုင်ငံသို့လည်း ထွက်ခွာနိုင်ကြပါကြောင်း၊

လက်ရှိအခြေအနေတွင် မောတောင်နယ်စပ်ဂိတ်သည် နှစ်နိုင်ငံစာချုပ်တွင် ပါဝင်ခြင်းမရှိသေးသော နေရာတစ်ခုဖြစ်ပြီး နှစ်နိုင်ငံ၏နယ်စပ်ဒေသ အာဏာပိုင်အချင်းချင်း အောက်ခြေတွင်ညှိနှိုင်း၍ ဝင်/ထွက်ခွင့်ပြု ထားသည့်အဆင့်သာ ဖြစ်ပါကြောင်း၊ မောတောင်တောင်ကြားလမ်းသည် မြန်မာဘက်မှ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင်တည်ရှိပြီး ထိုင်းနိုင်ငံဘက်ရှိ ပရာချွတ်က ရီခန်ခရိုင်၊ ပရာချွတ်ကရီခန်မြို့နယ်၊ ဆင်ခွန်းဒေသတွင် တည်ရှိပါကြောင်း၊ မြိတ်၊ တနင်္သာရီ၊ သဲဖြူ၊ မောတောင်ကုန်းလမ်းခရီး အကွာအဝေးသည် ၁၁၄ မိုင် ရှိပါကြောင်း၊ မြိတ်ကျွန်းစုမှ ထွက်ကုန်များကို ကုန်းလမ်းမှသယ်ယူပြီး ဘန်ကောက်မြို့အပါအဝင် ထိုင်းပင်လယ်ကွေ့သို့ အရောက်ပို့နိုင်မည့် အတိုဆုံးလမ်းကြောင်း ဖြစ်ပါကြောင်း၊ ထို့အပြင် မောတောင်ဆင်ခွန်းလမ်းကို အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်အဖြစ် သတ်မှတ်ဖွင့်လှစ်နိုင်ပါက ထိုင်းနိုင်ငံ၊ ဟွာဟင်း၊ ဖူးခတ်ကမ်းခြေတို့မှ လာရောက်ကြသော ခရီးသည်များအနေဖြင် မြိတ်ကျွန်းစုကို အလွယ်တကူ လာရောက်လည်ပတ်နိုင်မည် ဖြစ်သည့်အတွက် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး နှစ်နိုင်ငံသဘောတူညီချက် ရရှိပြီး နယ်စပ်ဖြတ်သန်း သွားလာရေးဆိုင်ရာ သဘောတူစာချုပ်တွင် ဖြည်စွက်နိုင်ရေးအတွက် ဆောင်ရွက်သင့်ပါကြောင်း၊

ကုန်သွယ်လမ်းကြောင်း လွယ်ကူစီးဆင်းစေရန်အတွက် မောတောင်ယာယီ အထူးဂိတ်အဖြစ်မှ အမြဲတမ်းကုန်သွယ်မှု ဂိတ်စခန်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် မေးမြန်းချက်နှင့်ပတ်သက်၍ မောတောင် ကုန်သွယ်ရေးစခန်းကို တစ်ဖက်ထိုင်းနိုင်ငံ ပရာချွတ်ကရီခန်ခရိုင်၊ ဆင်ခွန်းကျေးရွာနှင် မျက်နှာချင်း ဆိုင်တွင်တည်ရှိပြီး နှစ်နိုင်ငံနယ်စပ်ဝင်/ထွက်ဂိတ်မှ နှစ်မိုင်ခန့်အကွာတွင် နိုင်ငံတော် သမ္မတရုံးမှ အတည်ပြုခွင့်ပြုပေးသည် မြေဧရိယာ ၃၁.၅၆ ဧကပေါ်တွင် ဖွင့်လှစ် ထားရှိပါကြောင်း၊ ကုန်သွယ်ရေးစခန်းကို ၈-၅-၂၀၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ပေးခဲ့ပြီး One Stop Services အဖွဲ့ဝင်ဌာနများမှ ဝန်ထမ်းပေါင်း ၂၈ ဦးဖြင် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ မောတောင်ကုန်သွယ်ရေး စခန်းအနေဖြင် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ .၅၁၂ သန်းမျှ ကုန်သွယ်နိုင်ခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှ မေလ ရက်နေ့အထိ) ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၃.၅၅၃ သန်းအထိ တိုးတက်လာခဲ့၍ နှစ်စဉ်ကုန်သွယ်မှုပမာဏ တိုးတက်လာနေပါကြောင်း၊

နှစ်နိုင်ငံနယ်စပ်အား စနစ်တကျတိုင်းတာသတ်မှတ်ပြီးမှသာ နယ်စပ်ဂိတ်နှင် အမြဲတမ်းနယ်စပ် ကုန်သွယ်ရေး စခန်းများအား ဖွင့်လှစ်နိုင်မည်ဖြစ်သည့်အတွက် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး ပူးတွဲကော်မတီ အစည်းအဝေးများနှင် မြန်မာ-ထိုင်းနှစ်နိုင်ငံ ပူးတွဲကော်မရှင်အစည်းအဝေးများတွင် လည်းကောင်း၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံဆွေးနွေးရာတွင်လည်းကောင်း ယင်းကိစ္စကို နှစ်ဖက်ညှိနှိုင်းလျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ နှစ်နိုင်ငံနယ်နိမိတ်အား စနစ်တကျတိုင်းတာ သတ်မှတ်ပြီး နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူညီချက် စာချုပ်တွင် ဖြည်စွက် လက်မှတ်ရေးထိုးပြီးပါက မောတောင်စခန်းကို တရားဝင်အမြဲတမ်း ကုန်သွယ်ရေးစခန်းအဖြစ် အဆင်တိုးမြှင်ဖွင့်လှစ်ပေးသွား နိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး