Skip to main content

 

ယနေ့ မိမိမေးမြန်းသည့်မေးခွန်းသည် ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက လွှတ်တော် တွင်တင်ပြပေးရန် မေတ္တာရပ်ခံလာသည့်အတွက် မေးမြန်းရခြင်းဖြစ်သော်လည်း ကျန်သည့် ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ဝယ်ယူသူပြည်သူများအတွက် နိုင်ငံတော်အစိုးရ အနေဖြင့် လိုအပ်သည်များကို ပြန်လည်သုံးသပ်နိုင်စေရန်ဖြစ်ပါကြောင်း၊ ပြည်ပက အတတ်ပညာ နှင့်အရင်းအနှီးများကို ပြည်တွင်းကိုစီးဝင်လာစေရန်လုပ်ဆောင်ရန် မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင်‌့ FDI ကဖိတ်ခေါ်သည့်အခါ Real E state သည် ကဏ္ဍတစ်ခုအနေဖြင့် အဓိကကျကျပါဝင်လာပါကြောင်း၊ ပြည်တွင်းရှိ နိုင်ငံပိုင်မြေများကို ပထမနှစ် ၃၀/၅၀၊ ၁၀ နှစ် နှစ်ကြိမ်သက်တမ်းတိုး၊ စုစုပေါင်းသက်တမ်း ၅၀/၇၀ ဖြင့်ငှားရမ်းသည်ကို BOT အနေဖြင့် ငှားရမ်းခဲ့ပါကြောင်း၊ BOT ဆိုသည်မှာ Build, Operate and Transfer ဖြစ်သည့် အတွက် နှစ် ၅၀/၇၀ ပြည့်ပါက အဆောက်အဦသာမကမြေကိုပါမူလပိုင်ရှင်ဖြစ်သော နိုင်ငံတော်ကို လွှဲပြောင်းပေးရမည် ဖြစ်ပါကြောင်း၊ ယနေ့ ဆောက်လုပ်ရေးလောကတွင် မူလရှိပြီးဖြစ်သော ကွန်ဒိုဆိုသည့်ဝေါဟာရအပြင် BOT စီမံကိန်းများကဆောက်လုပ်သည့် ကွန်ဒိုအဆောက်အဦများ ကို BOT နှင့် ကွန်ဒိုပေါင်းပြီး ဘီဒိုဟုခေါ်သောဝေါဟာရတစ်ခုပေါ်ထွန်းလာပါကြောင်း၊ အဆိုပါ ဘီဒိုနှင့် မူလရှိပြီးဖြစ်သော ကွန်ဒိုနှစ်ခုအကြားတွင် အထိုက်အလျောက်ကွာခြားမှုများ ရှိလာ ပါကြောင်း၊ အဓိကကွာခြားချက်က (Land Tenure Right) ဟုခေါ်သည့် မြေပိုင်ဆိုင်မှု အခွင်‌့အရေးဖြစ်ပါကြောင်း၊ ကွန်ဒိုမီဒီယံဥပဒေကို လွှတ်တော်ကအတည်ပြုပြီးဖြစ်ပါကြောင်း၊ ကွန်ဒို အခန်းဝယ်ယူသည့် Customer သည် မြေကိုပါထိုက်သင်‌့သည့်ရာခိုင်နှုန်းတစ်ခု ပိုင်ဆိုင်ခွင်‌့ရှိ သကဲ့သို့ ကွန်ဒိုအခန်းကိုလည်း ရေရှည်ပိုင်ဆိုင်ခွင်‌့ရှိပါကြောင်း၊ သို့သော် ဘီဒိုစနစ်ဖြင့် အခန်းကို ဝယ်မည်ဆိုပါက မြေပိုင်ဆိုင်မှုလုံးဝမရှိနိုင်သကဲ့သို့ နှစ် ၇၀ ကြာပါက BOT စနစ်အရ မူလ မြေပိုင်ရှင်ကို ပြန်လည်လွှဲပြောင်းပေးရမည်ဖြစ်သည့်အတွက် နှစ် ၇၀ သာ အခန်းကိုငှားရမ်း ပိုင်ဆိုင်ခွင်‌့ရရှိမည် ဖြစ်ပါကြောင်း၊ ၎င်းကို ဝယ်ယူသူပြည်သူများက ရှင်းရှင်းလင်းလင်းမသိရှိကြ ပါကြောင်း၊ ထို့ကြောင်‌့ BOT ငှားသည့် မြေပေါ်တွင် တိုက်ခန်းဆောက်ခွင်‌့၊ ရောင်းခွင်‌့ပြုသည်မှာ သမိုင်းက အမတ်ကြီးဦးပေါ်ဦး၏ ဆင်ဖြူတော်လျှောက်ထုံးကဲ့သို့ နှစ် ၇၀ ကြာသည့်အခါ ဘုရင် လည်းမရှိ၊ ဆင်လည်းမရှိ၊ ငါလည်းမရှိ ထို့ကြောင်‌့ ဆင်သည်မဖြူဘဲ မည်းသွားပါကလည်း ကိစ္စမရှိ ပါဘူးဟု နိုင်ငံတော်အစိုးရအနေဖြင့်သဘောထားရန်မသင်‌့ပါကြောင်း၊ BOT Company ကြီးများက Golden City၊ Central MaGa Landmark၊ INNO City နှင့် HAGS စသည်‌များဖြစ်ပြီး ၎င်း စီမံကိန်းများမှတစ်ဆင်‌့ နိုင်ငံတော်အစိုးရအနေဖြင့် ဝင်ငွေတစ်ရပ်ရရှိခဲ့သော်လည်း ဘီဒိုကို ကြိုပွိုင်‌့ ဝယ်ယူသည့် ငွေမြောက်မြားစွာစီးထွက်သွားခဲ့သည်ကိုလည်း သတိမူသင်‌့ပါကြောင်း၊ လက်တွေ့ ဖြစ်နေသည်မှာ BOT ကရရှိသည့် နိုင်ငံခြားကုမ္ပဏီများသည် နှစ် ၇၀ ငှားရမ်းခဟု နားလှည်‌့ ပါးရိုက်ပြီး ငှားရမ်းခကို နှစ် ၇၀ စာ တွက်ပြီး ယူသည့်စနစ်ကို ကျင်‌့သုံးနေကြပါကြောင်း၊ ငှားရမ်းခ ကို နှစ် ၇၀ စာ ကြိုတင်ပေးရသည်ဟု မည်သည့်နိုင်ငံတွင်မျှ မကြားဖူးပါကြောင်း၊ ဘီဒိုများက One Square Meter ကို တစ်နှစ်ငှားရမ်းခ US 11 to 18 ဒေါ်လာအထိ ပေးရသည်ဆိုသည့်အချက်ကို လည်း နှစ် ၇၀ ငှားရမ်းသူကသာ နှစ်စဉ်ပေးချေရမည့်သဘောဖြစ်နေပါကြောင်း၊ အခန်းများ ရောင်းမကုန်မီတွင်  Company ကစိုက်ထုတ်ပေးနေသော်လည်း Company ပြန်ထွက်သွားပါက မည်သို့ဖြေရှင်းရမည်နည်း၊ နိုင်ငံတော်နှင့်နှစ်ရှည်ငှားရမ်းသူအကြားတွင် ပြဿနာဖြစ်ရန် ဖန်တီးထားခဲ့သကဲ့သို့ ဖြစ်နေပါကြောင်း၊ ယခုချိန်တွင် BOT စနစ်ဖြင့် နိုင်ငံခြားကလာရောက်ပြီး ရင်းနှီးမြှုပ်နှံသူများကို ပြည်တွင်းဆောက်လုပ်‌ရေး လုပ်ငန်းရှင်များ မယှဉ်ပြိုင်နိုင်ပါကြောင်း၊ ဘာကြောင်‌့လဲဆိုသည်မှာ BOT Company က ငှားရမ်းခသာပေးချေရဖြင့် ရင်းနှီးမြှုပ်နှံသည့် ပမာဏကနည်းပါးကြောင်း၊ ပြည်တွင်းကုမ္ပဏီများက မြေကိုဝယ်ပြီး‌ဆောက်ရခြင်း ဖြစ်သောကြောင့် မြေပေါ်တွင် ရင်းနှီးမြှုပ်နှံရသည့်ပမာဏက ၁၀ ဆခန့်ထိ များခြင်းက အဓိကအချက်ဖြစ်ပါကြောင်း၊ မြေဝယ်လျှင် ၃၇ ရာခိုင်နှုန်း အခွန်ပေးရပြီး မတည်ငွေ မလုံလောက်လို့ချေးလျှင် အနည်းဆုံး ၁၃ ရာခိုင်နှုန်းနှင်‌့ ဆောက်လုပ်သည့် နှစ်နှစ်ကာလ အတောအတွင်း ၁၆ ရာခိုင်နှုန်း ကျသင်‌့မည် ဖြစ်ပါကြောင်း၊ ထို့ကြောင်‌့ ဝယ်ယူစဉ်က ၁၀ ဆ ကုန်ကျသည့်အပြင် ထပ်စောင်းကုန်ကျငွေ အခွန်နှင်‌့အတိုးက ၆၃ ရာခိုင်နှုန်းထိ မြင်‌့တက်ပါကြောင်း၊ တစ်ဖန် BOT ကုမ္ပဏီများက ဆောက်လုပ်ရေး ပစ္စည်းတင်သွင်းလျှင် အခွန်ကင်းလွတ်ခွင်‌့ရပြီးမှ နိုင်ငံသားကွန်ဒို ဆောက်သူများက အခွန်အပြည်‌့အဝ ပေးရပါကြောင်း၊ ကွန်ဒိုတိုက်ခန်း ရောင်းချသည့် အခါတွင်လည်း အခွန်ကိုထပ်ပြီး ပေးရပါကြောင်း၊ ယခုလိုအချက်များကြောင်‌့ ဘီဒိုများကို ကွန်ဒိုများက မယှဉ်နိုင်သည့်အတွက် ပြည်တွင်းလုပ်ငန်းရှင်များ နားလန်မထူနိုင်ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံအစိုးရတိုင်းတွင် မိမိသားလုပ်ငန်းရှင်များ အကျိုးစီးပွားကို ကာကွယ်ပေးရန် တာဝန်ရှိသော်လည်း ယခုလို ယှဉ်ပြိုင်နိုင်စွမ်းမရှိလောက်အောင် ရောက်နေသည်ကို လျစ်လျူရှုထားသည်ဟု ခံစားနေရပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် BOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ကြသည့် နိုင်ငံခြား Company များနှင့် စာချုပ်ချုပ်ဆိုထားသည့် အခြေအနေ၊ လက်တွေ့မြေပြင်တွင် ဝယ်ယူအငှားချထားမှု အခြေအနေများသည် ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းရှင်များကို ခွဲခြားဆက်ဆံရာရောက်ပြီး မယှဉ်သန်နိုင်အောင် ဖြစ်လာသကဲ့သို့ ဝယ်ယူငှားရမ်းသူများ အနေဖြင့်လည်း အခန်းကိုအမှန်တကယ် ပိုင်ဆိုင်ခွင်‌့ မရရှိနိုင်သည့်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် အားလုံးမနစ်နာစေရေးအတွက် ရှင်းလင်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ရင်းနှီးမြှုပ်နှံမှုနှင်‌့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်

အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) နည်းလမ်းများတွင် Build Operate Transfer (BOT)၊ Build-Transfer-Lease (BTL)၊ Build-Transfer-Operate (BTO) စသည်‌့စနစ်များ၊ ပုံစံများစွာ ပါဝင်ပါကြောင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) သည် အစိုးရအဖွဲ့ အစည်းများနှင်‌့ ပုဂ္ဂလိက အဖွဲ့အစည်းတို့အကြား ပြည်သူပိုင်ပစ္စည်းများအတွက် သော်လည်းကောင်း၊ အခြေခံအဆောက်အဦ ဆောက်လုပ်မှုအတွက် သော်လည်းကောင်း၊ ပြည်သူ့ရေးရာ ဝန်ဆောင်မှုအတွက် သော်လည်းကောင်း သဘောတူညီချက် စာချုပ်ချုပ်ဆိုပြီး ပူးပေါင်းဆောင်ရွက်သည့်  ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါကြောင်း၊ ထိုအခါ တချို့ အမှတ်မှားခြင်းများလည်း ရှိပါကြောင်း၊ ဥပမာ (PPP) ဆိုသည့် နေရာတွင် နိုင်ငံတော် အဖွဲ့အစည်းတစ်ခုခုဖြင့် Private Center တစ်ခုဖြစ်သည့် ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခုခု ပူးပေါင်းပါဝင် ဆောင်ရွက်လျှင် (PPP) ဖြစ်သည်ဆိုပြီး အမှတ်မှားကြခြင်းများလည်း ရှိပါကြောင်း၊ ဥပမာ JV ဆိုသည့် Joint Venture ဖက်စပ်စနစ်တွင် အစိုးရဌာနက ပါဝင်ပြီး Private Center နှင့် ပူးပေါင်းဆောင်ရွက် သော်ငြားလည်း JV သည်  (PPP) မဟုတ်သည့်အပြင် BOT ဟုခေါ်သည့် အစိုးရဌာနက လုံးဝပါဝင်ပတ်သက်မှု မရှိသည့် Build Operate Transfer ဆိုသော BOT Project များကလည်း (PPP) မဟုတ်ကြောင်း အထင်မှတ်မှားနေသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ အမှန်တကယ် Build Operate Transfer ဆိုသည့် Project များက နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးရမည့် Public Goose များ ဖြစ်သည့်အတွက် အဆိုပါ Public Goose ကို နိုင်ငံတော်ကမဟုတ်ဘဲ ပြည်တွင်း/ပတွင်ရှိသည့်  Private Center ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်သည် ဆိုလျှင်လည်း BOT Project များက PPP Project များသာ ဖြစ်ပါကြောင်း၊ BOT လုပ်ငန်းတစ်ခုသည် သာမန် Infrastructure တည်ဆောက်မှု မဟုတ်ဘဲ အိမ်ရာတည်ဆောက်မှု တစ်ခုဖြစ်မည်ဆိုလျှင် BOT လုပ်ငန်းသက်တမ်းကုန်ဆုံး၍ လွှဲပြောင်းသည့်အခါ ၎င်းအိမ်ရာ၊ အခန်းများ ဝယ်ယူနေထိုင်လျက်ရှိသူများ Residences များနှင်‌့ ပတ်သက်၍ မည်သို့ဆက်လက် ဆောင်ရွက်မည် ဆိုသည့်အချက်ကို BOT စာချုပ်များတွင် ထည်‌့သွင်းချုပ်ဆိုနိုင်ပါကြောင်း၊ အကယ်၍ BOT စာချုပ်တွင် ယင်းအချက်နှင့်ပတ်သက်၍ ထည်‌့သွင်းချုပ်ဆိုမှု မရှိလျှင် BOT သက်တမ်းကာလ ကုန်ဆုံးသည့်အခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် အဆိုပါ ချုပ်ဆိုခဲ့သည်‌့ BOT စာချုပ်နှင်‌့အညီသာ  လုပ်ငန်းဆောင်ရွက်မှုများကို အစိုးရသို့လွှဲပြောင်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အဆောက်အဦ ဝယ်ယူသူများကို BOT စာချုပ်ပါ သက်တမ်းများနှင့်အညီသာ ငှားရမ်းနိုင်မည်ဖြစ်ပါကြောင်း၊ PPP နှင့်ပတ်သက်လျှင် အချို့နိုင်ငံများမှာ ဥပဒေများပြဋ္ဌာန်း ဆောင်ရွက်သော်လည်း တချို့နိုင်ငံများတွင် ဥပဒေပြဋ္ဌာန်းမှုမရှိဘဲ PPP Policy တစ်ရပ်ထုတ်ပြန်၍ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ယခုအခါ PPP စီမံကိန်းများကို နည်းလမ်းတကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အချက်များကို ၃၀-၁၁-၂၀၁၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသော Project Bank ဆိုင်ရာ ညွှန်ကြားချက်များ ထည်‌့သွင်းညွှန်ကြား ဖော်ပြထားပါကြောင်း၊ ယင်း Project Bank ဆိုင်ရာ ညွှန်ကြားချက်အရ (PPP Center) ကိုလည်း စီမံကိန်းနှင်‌့ဘဏ္ဍာရေး ဝန်ကြီးဌာနတွင် ၂၄-၁၂-၂၀၁၈ ရက်စွဲဖြင်‌့ ဖွဲ့စည်းထားပြီး ဖြစ်သည့်အပြင် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းအကောင်အထည်‌ဖော် ဆောင်ရွက်ရမည်‌့အစိုးရ အဖွဲ့အစည်းများ အနေဖြင်‌့လည်း အစိုးရ-ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အဖွဲ့ (PPP Unit) တစ်ခုကို ၎င်းတို့ဌာနအလိုက် ဖွဲ့စည်းနိုင်မည်ဖြစ်ရာ အဆိုပါအဖွဲ့များသည် သက်ဆိုင်ရာအစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် တာဝန်ယူ‌ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးအတွက် နိုင်ငံတော်သမ္မတရုံးမှ စီမံကိန်းဘဏ်ဆိုင်ရာ ညွှန်ကြားချက်ကို ထုတ်ပြန်ထားရှိပြီးဖြစ်ရာ လုပ်ငန်းဆောင်ရွက်သည်‌့ ဝန်ကြီးဌာနများအနေဖြင်‌့ BOT ဖြင်‌့ လုပ်ကိုင်ကြသော ပြည်ပကုမ္ပဏီ များနှင်‌့ပတ်သက်၍ နောင်တစ်ချိန်တွင် ဝယ်ယူသူအငှားချထားသူများအား မနစ်နာစေရေးအတွက် ဆောင်ရွက်ပေးနိုင်မည်‌့ အခြေအနေများကို အစိုးရ-ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှုဗဟိုဌာန (PPP Center) နှင်‌့ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာအဖွဲ့ (PPP Unit) တို့ဖြင်‌့ ညှိနှိုင်း၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဦးမောင်မြင်‌့ (မင်းကင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိနားလည်ထားသည်က ယခုလက်ရှိလုပ်နေသည့် ကိစ္စများအပေါ် ပိုပြီးရှင်းလင်းလွယ်ကူပြီး ကောင်းမွန်အောင် မိမိတို့၏ နိုင်ငံသူ/သားများ ရေရှည်တွင် အကျိုးရှိအောင် လုပ်ပေးမည်ဟု နားလည်ပါကြောင်း၊ ထို့ကြောင့် မြေပြင်တွင်လက်တွေ့ ဖြစ်နေသည်များက မိမိတွင်ရှိသည့် Lease Agreement ဆိုတာငှားခြင်း၊ ရောင်းခြင်းမဟုတ်ပါကြောင်း၊ တစ်ဖန် Indo City နှင့် The Lake Street နောက်တစ်ခုက Golden City စသည်အားဖြင်‌့ ယခုလိုမျိုး Lease Agreement များတွင် သူက Lease ဟုသာပြောခြင်း အမှန်တကယ် ပေးရခြင်းက သိန်းထောင်နှင့်ချီပြီး ပေးရကြောင်း၊ သိန်းထောင်နှင့် ချီပြီးပေးရခြင်းဆိုသည်က Lease မဖြစ်နိုင်ကြောင်းကို ဒုတိယဝန်ကြီးတို့ ဦးနှောက်ဖြင့် စဉ်းစားသိရှိရန် လိုအပ်ပါကြောင်း၊ အဓိကက ပြဿနာအရှုပ်ထုပ်ကြီးသည် နောက်လာမည့် မျိုးဆက်သစ်များကျလျှင် အများကြီးကျန်ရှိနေခဲ့မည့် ကိစ္စကို မြန်မြန်ဆန်ဆန် ဖြေရှင်းရန် ပထမပိုင်းအနေဖြင့် တင်ပြလိုပါကြောင်း၊ သို့သော် ဖြေကြားသွားသည့်ထဲတွင် မပါသည်က စောစောကတင်ပြခဲ့သလို BOT ဆောက်သည့်သူများကို ဘီဒိုဟုခေါ်လိုက်ခြင်း၊ မူလရှိသည်က ကွန်ဒိုရှိခြင်း၊ ၎င်းကွန်ဒိုများက တိုင်းရင်းသားလုပ်ငန်းရှင်များ၊ ဘီဒိုများဆိုသည်မှာ နိုင်ငံသားလုပ်ငန်းရှင်များ၊ ၎င်းနှစ်ခုကြား ကွာခြားချက် ရှိနေသည့်အတွက် မယှဉ်နိုင်ပါကြောင်း၊ မယှဉ်နိုင်သည်ကို သက်ဆိုင်သည့်ဝန်ကြီးဌာန တစ်ခုတည်း မဖြစ်နိုင်ပါကြောင်း၊ အဆိုပါ ကိစ္စအားလုံးကို မည်ကဲ့သို့ ဖြေရှင်းပေးမည်နည်း ဆိုသည်ကို မိမိတင်ပြခြင်း ဖြစ်ပါကြောင်း၊ ယခင်ကလည်း နိုင်ငံတော်အတိုင်ပင်ခံနှင့် တွေ့သည့်အချိန်တွင် လုပ်ငန်းရှင်များက သူတို့အခွန် လျှော့ပေးပါဟု ပြောပါကြောင်း၊ အခွန်လျှော့ပေးပါဆိုသည်မှာ သာမန်အားဖြင်‌့‌ ပြောမည်ဆိုပါက နားထောင် မကောင်းပါကြောင်း၊ သို့သော် နိုင်ငံသားလုပ်ငန်းရှင်များက ပြည်တွင်းတွင်လာပြီး Investment လုပ်လျှင် အခွန်မပေးရပါကြောင်း၊ ပြည်တွင်းလုပ်ငန်းရှင်များက ပေးနေရပါကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စကို ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် လုပ်ပေးပါဟု တင်ပြသည့်သဘော ဖြစ်ပါကြောင်း၊ ၎င်းကို အားလုံးနားလည်ရန် လိုအပ်ပါကြောင်း၊ အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး ဝန်ကြီးအနေဖြင့် တတ်နိုင်လျှင် ဖြေကြားပေးနိုင်ပါရန် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

 

ရင်းနှီးမြှုပ်နှံမှုနှင်‌့ နိုင်ငံခြားစီးပွားရေး ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်

မိမိဖြေကြားသည်မှာ အပိုင်းနှစ်ပိုင်း ဖြစ်ပါကြောင်း၊ ပထမတစ်ပိုင်းက Lease Agreement နှင့် ပတ်သက်သည့် ကိစ္စဖြစ်ပြီး ဒုတိယအပိုင်းက မြန်မာလုပ်ငန်းရှင်များနှင့် နိုင်ငံခြားသား လုပ်ငန်းရှင်များ နှစ်ခုယှဉ်ပြိုင်မှု ရရှိရေးကိစ္စဖြစ်ပါကြောင်း၊ ပထမပိုင်းအနေဖြင့် Lease Agreement ဆိုသည့်နေရာတွင် ကွန်ဒိုတိုက်ခန်းမပြောပါနှင့် မြေယာနှင့် ပတ်သက်လျှင် Lease Agreement ဖြင့်သာ မိမိတို့ပြောခြင်း ဖြစ်ပါကြောင်း၊ အကယ်၍ Lease Agreement က ထိုင်းနိုင်ငံလို နေရာမျိုးတွင် မြေယာနှင့်ပတ်သက်ပြီး နိုင်ငံခြားသားကို ဝယ်ယူခွင်‌့ ရှိခြင်းဖြစ်ပါကြောင်း၊ သို့သော် ဗီယက်နမ်လို နိုင်ငံမျိုးတွင် မြေယာနှင့်ပတ်သက်၍ Ownership ကို နိုင်ငံခြားသားကို မပေးပါကြောင်း၊ ထို့ကြောင့် ဗီယက်နမ်နိုင်ငံတွင် Industrial E state များကို Lease သာ ပေးရခြင်း ဖြစ်ပါကြောင်း၊ ယခုလို Lease ပေးရခြင်းဆိုသော်လည်း Lease Agreement ဆိုသည့်နေရာတွင် Land Lease Right ကို ပိုင်ဆိုင်သော Ownership of the Land Lease Right ပုံစံမျိုးဖြင့် ဗီယက်နမ်လို နိုင်ငံမျိုးတွင် ပေးပါကြောင်း၊ ထိုင်းနိုင်ငံမျိုးတွင် ပုံမှန်မြေ တစ်ခုကဲ့သို့ နိုင်ငံခြားသားကို Ownership မပေးသော်လည်း Industrial E state နိုင်ငံခြားသားများကို  Ownership ပေးထားခြင်း ဖြစ်သည့်အတွက် Ownership of the Land Lease Right ဆိုသည့် ပုံစံမျိုးက ထိုင်းနိုင်ငံတွင် ပြဋ္ဌာန်းရန် မလိုပါကြောင်း၊ ယခုလို Lease Agreement ပေးမည်လား၊ အပြတ်ပဲရောင်းမည်လား ဆိုသည့်ကိစ္စက BOT Contract တွင် မူတည်ပါကြောင်း၊  BOT Contract တွင် အဆောက်အဦကို ဝင်ရောက်ငှားရမ်းပြီး ဝယ်သည့် Residents များက အကယ်၍ BOT သက်တမ်းကုန်သည့်အခါ ၎င်းတို့ကို မည်ကဲ့သို့ ဆက်လက် နေထိုင်ခွင်‌့ ဆောင်ရွက်မည်နည်း ဆိုသည့်ကိစ္စကို BOT Contract ထဲတွင် ပါဝင်သည်ဆိုလျှင် အဆိုပါ ကိစ္စက Lease Agreement တွင်လည်း BOT Contract ထဲတွင်ပါသည့် အချက်များကို ဆက်လက်ပြီး ထည်‌့သွင်းရေးဆွဲ သွားရမည်ဖြစ်ပါကြောင်း၊ အကယ်၍ BOT Contract တွင် Clause  များ မပါသေးလျှင်လည်း PPP Center နှင်‌့ PPP Unit တို့က ဝိုင်းဝန်းစဉ်းစားပြီး Contract များကို ပြန်ပြီး Amendment လုပ်သင်‌့သည်ဆိုလျှင်လည်း လုပ်နိုင်အောင် ဝိုင်းဝန်းပြီး ကူညီပေးမည် ဖြစ်ပါကြောင်း၊ ၎င်းက Lease Agreement ဖြစ်မည်လား၊ Agreement ဖြစ်မည်လား ဆိုသည့်ကိစ္စက ၎င်းချုပ်ဆိုခဲ့သော BOT Agreement ပေါ် မူတည်သည်ဆိုတာ မိမိအနေဖြင့် တင်ပြလိုပါကြောင်း၊

ဒုတိယအချက်အနေဖြင့် အခွန်ဟုပြောလျှင် မည်ကဲ့သို့အခွန်မျိုးလည်း Type for Tax က အရေးကြီးပါကြောင်း၊ ဥပမာ Corporate Tax ကို ပြောခြင်းလား၊ Personal Tax ဟု ပြောခြင်းလား၊ Withholding Tax ကို ပြောခြင်းလား ဆိုသည့်ကိစ္စများမှာ အရေးကြီးပါကြောင်း၊ ယခု  Tax ဟု ပြောသည့်နေရာတွင် စောစောက လုပ်ငန်းရှင်များ Tax ဟု ပြောလျှင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းက ၎င်းတို့နှင့်အကျုံးဝင်သည့် Tax ဆိုတာက Corporate Income Tax ဖြစ်ပါကြောင်း၊ Corporate Income Tax က နိုင်ငံခြားသားကို သတ်မှတ်သည့် Corporate Income Tax ဖြင့် ပြည်တွင်းလုပ်ငန်းရှင်ကို သတ်မှတ်သည့် Corporate Income Tax က အကုန်လုံးတူတူ ဖြစ်ပါကြောင်း၊ Level Playing Field ရနိုင်အောင် Corporate Income Tax ကို Rate ကအစ အတူတူသတ်မှတ် ထားပါကြောင်း၊ နိုင်ငံခြားသားအတွက်ကလည်း နိုင်ငံခြားပြည်ပ ကုမ္ပဏီတစ်ခု လာလျှင် MIC မှာ Register လုပ်ပြီး ဆောင်ရွက်လို့လည်းရသကဲ့သို့ MIC ပြင်ပတွင်လည်း ဆောင်ရွက်၍ ရပါကြောင်း၊ MIC ပြင်ပတွင် ဆောင်ရွက်၍ ရသလား။ ဒါမှမဟုတ် MIC တွင် Register လုပ်ပြီး ဆောင်ရွက်၍ ရသလားဆိုသည့် အခြေခံအချက်က MIC ဥပဒေတွင် ရင်းနှီးမြှုပ်နှံမှုဥပဒေမှာ ဖော်ပြထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ဥပဒေပါသည့် အချက်များကို ဥပမာ နိုင်ငံတော်၏ မြေကိုအသုံးချမည်၊ နိုင်ငံတော်၏ အဆောက်အဦကို အသုံးချမည်ဆိုလျှင် MIC ကို မဖြစ်မနေ တင်ရမည်ဖြစ်ပါကြောင်း၊ MIC Register မလုပ်မနေရ လုပ်ရမည်ဖြစ်ပါကြောင်း၊ ၎င်းကဲ့သို့ မဟုတ်ဘဲ ၎င်း၏ရင်းနှီးမြှုပ်နှံမှုက အရမ်းကြီးပါကြောင်း၊ မည်မျှထိကြီးလည်းဆိုလျှင် 100 Million US Dollar ထက် ကျော်လျှင်လည်း MIC ကို အဖြစ်မနေ Register လုပ်ရမည် ဖြစ်ပါကြောင်း၊ သို့မဟုတ် ယခုမျိုးအချက်များ MIC ဥပဒေတွင် ပါသည့်အချက်များနှင့် အကျုံးဝင်မှု မရှိလျှင် MIC တွင်ဝင်ပြီး MIC Register လုပ်စရာလည်း မလိုပါကြောင်း၊ MIC Registration မရှိလျှင် MIC မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ပြဋ္ဌာန်းထားသည့် Tax များက အဆိုပါ လုပ်ငန်းနှင့် အကျုံးမဝင်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကလည်း အကယ်၍ MIC တွင် Register လုပ်မည်ဆိုလျှင် ၎င်းအနေဖြင့် Corporate Tax နှင့်ပတ်သက်သည့် Exemption ကို ရမည်ဖြစ်ပါကြောင်း၊ အကယ်၍ MIC တွင် Register လုပ်ရန်မလိုကြောင်း၊ MIC တွင် Register မလုပ်ဘူးဆိုလျှင် Corporate Tax နှင့် ပတ်သက်သည့် Exemption ကို လုံးဝရရှိမည် မဟုတ်ပါကြောင်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများကလည်း MIC တွင် Register လုပ်မည်ဆိုလျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် နည်းတူ Corporate Tax တို့ Exemption ကို ရရှိမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့မဟုတ်ဘဲ MIC တွင် Register မလုပ်ဘဲ မိမိအနေဖြင့် လုပ်မည်ဆိုပါက MIC ပြင်ပတွင် ဆောင်ရွက်မည်ဆိုလျှင် MIC ကလုံးဝ ပြဋ္ဌာန်းထားသည့် Corporate Tax နှင့် Exemption က မရမှာ မဟုတ်ပါကြောင်း၊ ထို့ကြောင့် Corporate Tax နှင့် Exemption လိုချင်လျှင် MIC တွင် Register လုပ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ ပြောနေသည်က Corporate Tax နှင့် ပတ်သက်ခြင်း မဟုတ်ကြောင်း မိမိအနေဖြင့် နားလည်ပါကြောင်း၊ Corporate Tax နှင့်မဟုတ်လျှင် Tax နှင့် ပတ်သက်ပြီး အခွန်ဆောင်ရမည့် အချက်များကို ပျက်ကွက်ခဲ့မည်ဆိုပါက AML / CFT Act သွားပြီး ငြိကောင်းငြိ သွားနိုင်ပါကြောင်း၊ မိမိတို့အနေဖြင့် ယခင်က Tax များကို မပေးထားခဲ့လျှင် Tax ကို ပေးပြီး ဆောင်ရွက်၍ ရနိုင်သည့် နည်းလမ်းများ ဖော်ဆောင်ထားသည်ကို မိမိတို့တွင်ရှိပါကြောင်း၊ အဆိုပါ နည်းလမ်းများအရ Tax ဟု မခေါ်ပါကြောင်း၊ ပြည်တွင်းရင်းနှီး မြှုပ်နှံသူများ ပြောနေကြသည့် Tax ဆိုသည့်ကိစ္စက မည်ကဲ့သို့ Tax ဖြစ်မည်နည်းဆိုသည်ကို တိတိကျကျ ပြောနိုင်လျှင် ပိုပြီးအဆင်ပြေ ပါမည်။ Corporate Tax နှင့်ပတ်သက်၍ ခွဲခြားထားခြင်းတစ်ခုမှ မရှိပါကြောင်း၊ အကယ်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကဲ့သို့ Corporate Tax နှင့် Exemption လိုချင်သည်ဆိုလျှင် MIC တွင် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဥပဒေအောက်တွင် MIC မှာ Register လာလုပ်ပါ။ Register လာလုပ်လျှင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ အကုန်လုံး Tax Rate ကို တစ်ပြေးညီသတ်မှတ်ပြီး Tax နှင့် Exemption များလည်း အားလုံးရရှိမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။