Skip to main content

စစ်ကိုင်းတိုင်းဒေသကြီးရှိ ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲနှင့် ကနီမြို့နယ်များကို စုစည်းကာ ယင်းမာပင်ခရိုင်အဖြစ် သတ်မှတ်အတည်ပြုပြီး ခရိုင်ရုံးစိုက်ရာ ယင်းမာပင်မြို့သည် လက်ရှိ ၂၅ ခုတင်ဆံ့ဆေးရုံ အဆင့်သာရှိ ပါ သည်။ ဆေးရုံဖွဲ့စည်းပုံ ပြည့်စုံစွာရှိပြီး ဝန်ထမ်းများနှင့်ဆေးရုံအုပ်တို့၏ ကြိုးစားမှုကြောင့်လည်းကောင်း၊ အခမဲ့ ကုသပေးနိုင်မှုကြောင့်လည်းကောင်း ပြည်သူများက အားကိုးလာကြပြီး ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း ပိုမိုပေးနိုင် သည်ကိုတွေ့ရှိရသည်အတွက် မုံရွာမြို့နှင့် မိုင် ၂၀ ခန့်ဝေးကွာသော်လည်း ခရိုင် အဆင့်နှင့်လျော်ညီသော ဆေးရုံ တစ်ရုံကို      အဆင့်တိုးမြှင့်ပေးနိုင်ခြင်းရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံသစ်များ ဖွင့် လှစ်ခြင်း၊ ဆေးရုံ ခုတင်အဆင့် တိုးမြှင့်ခြင်း၊ ကျေးလက်ကျန်းမာရေးဌာနများအား တိုက်နယ်အဆင့်သို့တိုးမြှင့်ခြင်းနှင့် ကျေးလက် ကျန်းမာရေး ဌာနအသစ်များ ဖွင့်လှစ်ခြင်း တို့ကို ဘဏ္ဍာနှစ်အလိုက်စီမံကိန်းအရ သက်ဆိုင်ရာ တိုင်းဒေသကြီး များနှင့် ပြည်နယ်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ် လျာထားချက်ဖြင့် လည်းကောင်း တင်ပြလာပါက ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်တွင် ၂၅ ခုတင်ဆံ့ဆေးရုံ ၁ ရုံ၊ ကာပိုင် တိုက်နယ်ဆေးရုံ ၁ ရုံ ဖွင့်လှစ်ထားရှိပါကြောင်း၊ ယင်းမာပင်မြို့နယ် ၂၅ ခုတင် ဆံ့ ဆေးရုံ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေမှာ ဆေးရုံအတွင်း အတွင်း လူနာသည် ၂၀၁၁ ခုနှစ်တွင် ၁၀၃၈ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၁၆၁၈ ဦး၊ ဆေးရုံပြင်ပ လူနာဦးရေသည် ၂၀၁၁ ခုနှစ်တွင် လူနာဦးရေ ၄၇၁ ဦး၊ ၂၀၁၂ ခုနှစ်တွင်၁၄၀၈ ဦး၊ တစ်ရက်ပျမ်းမျှ ဆေးရုံတက်အတွင်းလူနာသည် ၂၀၁၁ ခုနှစ်တွင် ၁၂.၄၅ ဦးနှင့် ၂၀၁၂ ခုနှစ်တွင် ၁၉.၇၆ ဦးရှိပါကြောင်း၊ တစ်ရက်ပျမ်းမျှ ပြင်ပလူနာဦးရေသည် ၂၀၁၁ ခုနှစ်တွင် ၁.၄၉ဦးနှင့် ၂၀၁၂ ခုနှစ်တွင် ၅.၈၁ဦး ရှိကြောင်း၊ ဆေးရုံခုတင်အသုံးပြုမှုရာခိုင်နှုန်းသည် ၂၀၁၁ ခုနှစ်တွင် ၄၉.၈ ရာခိုင်နှုန်းနှင့် ၂၀၁၂ ခုနှစ်တွင် ၇၉.၀၄ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ လူနာများဆေးရုံခုတင် အသုံးပြုမှုပေါင်းသည် ၂၀၁၁ ခုနှစ်တွင် ၄၅၄၅ နှင့် ၂၀၁၂ ခုနှစ်တွင် ၇၂၁၄ ဦး ရှိကြောင်း ကို လေ့လာတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ယင်းမာပင်မြို့နယ်အား ခရိုင်မြို့နယ် အဖြစ် သတ်မှတ်ပြီးဖြစ်သဖြင့် ၂၅ ခုတင်ဆေးရုံမှ ခုတင် ၅၀ အဆင့်သို့ တိုးမြှင်‌့နိုင်ရန်အတွက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် အတွင်း စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။