(ဃ)-ပြည်ကြီးတံခွန်မြို့နယ်အတွင်း စီမံကိန်းအကောင်အထည်မပေါ်သောမြေတွင် လျော်ကြေးမရရှိသော မူလပိုင်ရှင်များနေထိုင်နေခြင်းအပေါ် အတင်းအဓမ္မဖယ်ရှားခြင်းနှင့် ပတ်သက်၍ မည်ကဲ့သို့ ကုစားပေးမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

 

ပြည်ကြီးတံခွန်မြို့နယ်အတွင်း စီမံကိန်းအကောင်အထည် မပေါ်သောမြေတွင် လျော်ကြေးမရရှိသော မူလပိုင်ရှင်များနေထိုင်နေခြင်းအပေါ်  လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ မြို့နယ်မှစိစစ်ဆဲနှင် နိုင်ငံတော်သမ္မတရုံးမှ တင်ပြစာနှင့်ပတ်သက်၍ လိုအပ်သလို ဆက်လက်စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြောင်းကြားစာရောက်သည့် နေ့တွင် ဈေးနှင့်သားသတ်ဌာန စည်ပင်ကော်မတီမှ မူလပိုင်ရှင်မိသားစုများအား အတင်းအဓမ္မ ဖယ်ရှားခြင်းနှင် ပတ်သက်၍ မည်ကဲ့သို့ကုစားပေးမည်ကိုသိလိုခြင်းနှင် စပ်လျဉ်းသည့်မေးခွန်း

 

၁၉၉၂ ခုနှစ်၊ ၁၉၉၃ ခုနှစ်တွင် ပုသိမ်ကြီးမြို့နယ်နှင့် အမရပူရမြို့နယ် တွင်ရှိသည့် လယ်ယာမြေများကို သိမ်းဆည်းပြီး ပြည်ကြီးတံခွန်မြို့နယ်အဖြစ် မြို့ကွက်သစ် ဖော်ထုတ်၍ နေရာချထားပေးသည့် မြို့နယ်ဖြစ်ပါကြောင်း၊  ချိန်ကုန်း၊ တောင်မြင့်၊ ရာတော်၊ တံခွန်တိုင်နှင့် ငွေတောကြီးကုန်း ကျေးရွာများကို ရပ်ကွက်အဖြစ်ပြောင်းလဲ၍ ကျန်လယ်ယာများကို အကွက်ရိုက်ပြီး ၁၉၉၆ ခုနှစ်တွင် မြေနေရာအားလုံးချထား ပြီးဖြစ်ပါကြောင်း၊ အကွက်ရိုက်ထား သော်လည်း အချို့မြေကွက်များသည် ပိုင်ရှင်မရှိ၊ ပိုင်ရှင်မဲ့များသာဖြစ်ပါကြောင်း၊  အချို့ မြေကွက်များတွင် မြေနေရာချထားခံရသူနှစ်ဦး ဖြစ်နေသည့်အတွက် ဖြေရှင်းရခြင်းများလည်း ရှိပါကြောင်း၊  သိမ်းဆည်းခံတောင်သူများသည် မြေကွက်အလွတ်ရှိနေသည့် မိမိတို့၏မြေကွက် နေရာများတွင် ဝင်ရောက်စိုက်ပျိုးပြီး ယခုအချိန်အထိ ဆက်လက်နေထိုင် ခဲ့ကြပါကြောင်း၊ တရားစွဲဆို ထောင်ချခံရချိန်မှ ၂၀၁၀ ခုနှစ်နောက်ပိုင်း ၂၀၁၅ ခုနှစ် ကချထားပေးသည့် ဂရန်ပိုင်ရှင်များ ရှိကြောင်းကိုလည်း မြေပိုင်ရှင်များအနေဖြင့် သိရှိရခြင်းဖြစ်ပါကြောင်း၊  နေထိုင်လုပ်ကိုင်နေသည့် မူလပိုင်ရှင်များမသိဘဲ မည်ကဲ့သို့ ဂရန်များရရှိနေသည်ကို ၎င်းတို့မသိကြပါကြောင်း၊       ယခုအစိုးရသစ်လက်ထက်တွင် သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ပေးအပ်မည် ဆိုသည့်အတွက် တစ်မြို့နယ်လုံးသည် သိမ်းဆည်းခံထားရသည့် မြေဖြစ်သည့်အတွက် တိုင်စာပေါင်းမြောက်မြားစွာကို မိမိတို့လက်ခံရရှိပါကြောင်း၊ သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်ပြီးရရှိလာသည့် တိုင်စာများကို မြို့နယ်လယ်စီစစ်ကော်မတီမှ လယ်ယာမြေကို စိစစ်သည့်အခါ လယ်ယာမြေနှင့် အခြားမြေများ စိစစ်ရေးဗဟိုကော်မတီ၏ ချမှတ်ထားသည့် မူဝါဒ ၅၂ ချက်နှင့်အညီ စိစစ်သည့်အခါ ပြည်ကြီးတံခွန်မြို့နယ်ကို စနစ်မကျသော မြေသိမ်းယူချထားခြင်းများကြောင့် ပြဿနာများစွာရှိနေသည်ကို စိစစ်တွေ့ရှိ ရပါကြောင်း၊

မြေနေရာချထားရေး အဖွဲ့အနေဖြင့် မြေယာသိမ်းဆည်းသည့်အခါ လျော်ကြေးများကို မည်သူ့ကိုပေး၍ မည်သူ့ကိုမြေအစားထိုးပေးသည်၊ မည်သူတို့ကို ချထားပေးထားသည် ဆိုသည်ကို မြို့နယ်ရှိတာဝန်ရှိသူများကို မေးသည့်အခါ ၎င်းတို့မသိကြပါကြောင်း၊  မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ စိစစ်ရေးအဖွဲ့မှ ဗဟိုမြေစစ်ကချမှတ်ထားသည့် မူဝါဒများနှင့်အညီ စိစစ်သည့်အခါ သိမ်းဆည်းခံရသူများသည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် သိမ်းဆည်းခံရခြင်း ဟုတ်/မဟုတ်၊ မူလ ပိုင်ရှင်ဟုတ်/မဟုတ်၊ သိမ်းဆည်းခံရသော မြေကွက်သည် စီမံကိန်းအကောင်အထည်ပေါ်/မပေါ်၊ လျော်ကြေး၊ နစ်နာကြေး ရရှိထားခြင်းရှိ/မရှိစသည့် အချက်များကို သေချာစိစစ်ခဲ့ကြပါကြောင်း၊  တိုင်စာများမှ တစ်ခုဖြစ်သည့် ဦးစိုးဦးပါ မိသားစုသုံးစုပိုင် မြေနေရာနှင့်ပတ်သက်ပြီး ယခုအစိုးရ လက်ထက်အထိ နေအိမ်ဝိုင်းတွင် နေထိုင်လုပ်ကိုင် စားသောက်လျက်ရှိပြီး ကိုင်ဆောင်ထားသည့် ရေခွန်၊ မြေခွန်ပြေစာပေါင်း အစောင်ရေ ၄၀ ကျော်ခန့်ရှိသည်ကိုလည်း စိစစ်တွေ့ရှိရပြီး မူလတောင်သူ ဖြစ်သည်ကို လ့လာတွေ့ရှိရပါကြောင်း၊ မူလတောင်သူဖြစ်သည့် ဦးစိုးဦး၏ ၁၃ ဧကခန့် သိမ်းဆည်းခံရပြီး ဧကကျော်ခန့်သည့် စီမံကိန်းအကောင်အထည် မပေါ်သော် လစ်လပ် မြေကွက်ဖြစ်သည်မှာ ပေါ်လွင်ပါကြောင်း၊ ထို့ကြောင့် မြို့နယ်မြေစစ်ကော်မတီ၏ သုံးသပ်ချက်တွင် မူလတောင်သူကို ပြန်လည်ပေးအပ်သင့်ကြောင်း သုံးသပ်အကြံပြုပြီ တိုင်းမြေစစ်ကော်မတီကို ဆက်လက်ပေးပို့ ခဲ့ပါကြောင်း၊         သို့သော ဦးစိုးဦးထံသို့ အမျိုးသားလွှတ်တော် နိုင်ငံသားမူလအခွင့် အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီနှင့် နိုင်ငံတော်သမ္မတရုံး သုတေသနသတင်းပြန်ကြားရေးနှင့် တိုင်ကြားစာများဌာနမှ ၂၀..၂၀၁၈ ရက်နေ့ စာဖြင့် လိုအပ်သလို ဆက်လက်စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အကြောင်းပြန်စာရောက်သည့် နေ့တွင် မိသားစု သုံးဦးကို ဈေးနှင့်သားသတ်ဌာန စည်ပင်သာယာရေးကော်မတီက အင်အား ၂၅၀ ဦးလာရောက်ပြီး အတင်းအဓမ္မဖယ်ရှားခဲ့သည့်အတွက် အိမ်ရှိယာရှိဘဝမှ အိမ်မဲ့ယာမဲ့ ကျူးဘဝဖြင့် နေထိုင်ခဲ့ရပါကြောင်း၊        သို့ဖြစ်ပါ၍ မူလတောင်သူများအား ယာယီနေထိုင်ခွင့် ပေးပြီး ပြန်လည်စိစစ်ပေးအပ်သင့်သော မြေဖြစ်သည့်အတွက်ကြောင့် ရေရှည်ဘဝရပ်တည်ရေး၊ အသက်ရှင်နေထိုင် နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် မည်ကဲ့သို့ဆောင်ရွက် ပေးမည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


 

ဖြေကြားသူ
နေပြည်တော်ကောင်စီ၊ ကောင်စီဝင်၊ ဦးညီထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ကွင်းအမှတ် (ညည-၃၆) မြေကွက်၊ ၅၅ လမ်းနှင့် ၅၆ လမ်းကြား၊ မင်းကြီးရန်နောင်လမ်းနှင့် ပရန်တော်ချောင်းဘေးအကြားရှိ .၉၇၅၂ ဧကသည် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြည်ရန်ကျော်ဈေးဧရိယာအဖြစ် သတ်မှတ်ထားသော မြေနေရာဖြစ်ပါကြောင်း၊  အဆိုပါမြေနေရာသည် မန္တလေးတိုင်းဒေသကြီး ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက် ၁၉၉၁-၉၂ ခုနှစ်တွင် မန္တလေးမြို့တိုးချဲ့မြေ အဖြစ် အသုံးပြုရန် ၁၄--၁၉၉၂ ရက်စွဲပါ စာအမှတ် (၃၆/၉၁) ဖြင့် မန္တလေးမြို့ မြို့ကွက်သစ် ဖော်ထုတ်ရေးလုပ်ငန်း အဖွဲ့သို့ /(၃၉) ခွင့်ပြုမိန့်ထုတ်ပေးထားသည့် မြေဧရိယာ ၇၇၆. ဧကတွင်ပါဝင်ပြီး မြို့ကွက်သစ်ဖော်ထုတ်ရေး လုပ်ငန်းအဖွဲ့မှလည်း အဆိုပါမြေနေရာကို အကွက်အမှတ် (ညည-၃၆) ဦးပိုင် အမှတ် () ဧရိယာ .၉၇၅၂ ဧကရှိ မြေကွက်အဖြစ် အကွက်ရိုက် ဖော်ထုတ်ခဲ့ပါကြောင်း၊ ၂၀၀၂ ခုနှစ်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအမည်ပေါက် အခွန်လွတ်ဂရန်မြေအဖြစ် သတ်မှတ်ခဲ့၍ မြေပြင်တွင်လည်းပြည်ရန် ကျော်ဈေးအဖြစ် ဖွင့်လှစ်အသုံးပြုလျက် ရှိပါကြောင်း။

ပြည်ရန်ကျော်ဈေး ဧရိယာအတွင်း ၂၀၀၂ ခုနှစ်တွင် ၁၀ ပေ၃၇ ပေ လူနေဆိုင်ခန်း ၄၀ ခန်းနှင့် ဆိုင်ခန်း ၁၈၀ ပါဝင်သော အမိုးပါယာယီပျံကျဈေးရုံ နှစ်ရုံအား မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှဆောက်လုပ်၍ ဈေးသည်များစနစ်တကျ နေရာချထားပြီး ဈေးရောင်းချလျက် ရှိပါကြောင်း၊  အဆိုပါဈေးဆိုင်ခန်းများတွင် ဈေးရောင်းချသူများ ပြားလာခြင်း၊ လမ်းပေါ်တက်၍ ဈေးရောင်းခြင်း၊ ကာလရှည်ကြာပြီး သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင် ၂၄--၂၀၁၆ ရက်နေ့တွင် ဆိုင်ခန်း ၃၅၀ ခန်းပါဝင်သော ဈေးရုံသုံးရုံကို ဈေးသစ် အဖြစ်တည်ဆောက်၍ ခြံစည်းရိုးကာရံပြီး ယခုအခါ ဈေးသည်များဈေးရောင်းချနိုင်ရန် စနစ်တကျ မဲနှိုက်နေရာချထား ရောင်းချလျက်ရှိသောဈေး ဖြစ်ပါကြောင်း၊ အဆိုပါ ပြည်ရန်ကျော်ဈေး ဧရိယာအတွင်းသို့ -၁၁-၂၀၁၆ ရက်နေ့ နံနက်ပိုင်း ၀၉း၃၀ နာရီ ခန့်တွင် ဦးစိုးဦး၊ ဦးစိုးညွန့်နှင့် ဒေါ်မြဌေးတို့မှ ဝင်ရောက် ကျူးကျော်ပြီး နေအိမ်သုံးလုံး ဆောက်လုပ်ရန် ပြင်ဆင်နေသဖြင့် ဈေးနှင့်သားသတ်ဌာနမှ ဌာနခွဲမှူး ဦးသန့်ဇော်ထွန်း၊ ဈေးတာဝန်ခံနှင့် တာဝန်ရှိဝန်ထမ်းများမှ ၎င်းနေ့ ၁၁ နာရီအချိန်အတွင်း ဈေးနယ်နိမိတ်အတွင်း ဝင်ရောက်ကျူးကျော် အိမ်ယာဆောက်လုပ် နေထိုင်ခြင်းမပြုရန် ရှင်းပြသော်လည်း လူစုလူဝေးဖြင့် မလိုက်နာနိုင်ကြောင်း ပြောဆိုသဖြင့် -၁၁-၂၀၁၆ ရက်နေ့တွင် သင်ပန်းကုန်းရပ်ကွက် အုပ်ချပ်ရေးမှူးရုံးသို့ ခေါ်ယူပြီး ရပ်ကွက်အုပ်ချုပ်ရေး မှူးနှင့်တာဝန်ရှိသူများ ရှေ့မှောက်တွင် ဈေးနယ်နိမိတ်အတွင်း အဆောက်အဦကျူးကျော် ဆောက်လုပ်ခြင်းမပြုရန် ှိနှိုင်းဆွေးနွေး ခဲ့သော်လည်း နေအိမ်များ ဆက်လက်ဆောက်လုပ် နေသဖြင့် -၁၁-၂၀၁၆ ရက် နေ့တွင် ပြည်ကြီးတံခွန် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ဌာနခွဲမှူးမှ တရားလိုပြုလုပ်၍ ရာဇသတ်ကြီးပုဒ်မ ၄၄၇ ဖြင် အမှုဖွင့်တိုင်တန်းခဲ့ပါကြောင်း၊ အမှုကို ပြည်ကြီးတံခွန်မြို့နယ် ရာဇဝတ်တရားသူကြီး ရုံးတော်မှ ..၂၀၁၈ ရက်နေ့တွင် ရာဇဝတ်ကြီးမှု အမှတ် ၅၃ ပါအမိန့်စာဖြင့် ပြည်ကြီးတံခွန်မြို့နယ်၊ ပန်းရံတော်ချောင်းဘေး (ကျူး) () ရပ်ကွက်နေ () ဦးစောမောင် () ဦးစော၏ သားဖြစ်သူ တရားခံ () ဦးစိုးဦးနှင် () ဦးစောမောင် () ဦးစော၏ သားဖြစ်သူ တရားခံ () ဦးစိုးညွန့်တို့သည် ရာဇသတ်ကြီးပုဒ်မ ၄၄၇ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည့်အတွက် အလုပ်နှင့်ထောင်ဒဏ် နှစ်လတိတိ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါကြောင်း၊ ၄--၂၀၁၈ ရက်နေ့တွင်ပြုလုပ်သော မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှတ်တမ်း (/၂၀၁၈) ဆုံးဖြတ်ချက်အပိုဒ်-() တွင် ဦးစိုးဦး တင်ပြသည့် မြေသည်သိမ်းဆည်းစဉ် အချိန်က လျော်ကြေးအဖြစ် တစ်ဧကလျှင် ၃၈၀၀ ကျပ် နှုန်းဖြင့် လျော်ကြေးပေးပြီးဖြစ်၍ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီမူဝါဒအရ ပြန်လည်ပေးအပ်၍မရကြောင်း ကိုဆုံးဖြတ်ခဲ့ပါကြောင်း။ တရားရုံးမှ ပြစ်ဒဏ်ချမှတ်ပြီး ဖြစ်သဖြင့် ၂၀၁၄ ခုနှစ်မန္တလေးမြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၈၉ အရ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီပိုင် ပြည်ရန်ကျော်ဈေးဧရိယာအတွင်း တရားမဝင်ကျူးကျော် ဆောက်လုပ်ထားသော အဆောက်အဦများအား ၂၃--၂၀၁၈ ရက်နေ့တွင် အပြီးရှင်းလင်းပေးရန် --၂၀၁၈ ရက်စွဲပါ စာအမှတ်၊ ၀၀၆//၂၀၁၈ (၈၁၄) (၈၁၅) (၈၁၆) ဖြင့် အကြောင်းကြားစာ ပထမအကြိမ်ဖြန့်ဝေ ခဲ့သော်လည်း ကျူးကျော်အဆောက်အဦများ ဖယ်ရှားရှင်းလင်းခြင်း မပြုသဖြင့် ၂၀၁၄ ခုနှစ် မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၉၀ အရ ဦးစိုးဦး၊ ဦးစိုးညွန့်၊ ဒေါ်မြဌေးတို့မှ ပြည်ရန်ကျော်ဈေးအတွင်း ကျူးကျော်ဆောက်လုပ် ထားသည် အဆောက်အဦ သုံးလုံးအား ၁၁--၂၀၁၈ ရက်နေ့မှ ၁၀--၂၀၁၈ ရက်နေ့အထိ ရက်ပေါင်း ၃၀ အတွင်း နောက်ဆုံးထားပြီး ဖယ်ရှားရန် နို့တစ်စာအား ၁၁--၂၀၁၈ ရက်နေ့တွင် ဥပဒေနှင့်အညီ အကြောင်းကြားခဲ့သော်လည်း ကျူးကျော်အဆောက်အဦ များဖယ်ရှား ရှင်းလင်းခြင်းမရှိသဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ ၁၃--၂၀၁၈ ရက်စွဲပါ စာအမှတ်၊ ၁၀၀၁//ဈေး (၂၀၄၀) ဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြခဲ့ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၁၆--၂၀၁၈ ရက်စွဲပါစာအမှတ်၊ /-/ ဦး (၂၀၉၁) ဖြင့် ဥပဒေနှင့်အညီ အမြန်ဖယ်ရှားသွားရန် ခွင့်ပြုခဲ့ပါကြောင်း၊ ခွင့်ပြုချက်အရ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် ပြည်ကြီးတံခွန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှ ၂၀--၂၀၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျူးကျော်တဲများ ရှင်းလင်းရန် သုံးကြိမ်တိုင်စပီကာဖြင့် သတိပေးကြေညာခြင်း ပြုလုပ်ပြီး ၁၀း၅၀ နာရီအချိန်တွင် ကျူးကျော်အဆောက်အဦများနှင့် ပစ္စည်းများအားစာရင်း ကောက်ယူ၍ စနစ်တကျရှင်းလင်းရာတွင် ဦးစိုးဦး၊ ဦးစိုးညွန့်နှင် ဒေါ်မြဌေးတို့အားခေါ်ယူ၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင် ရပ်ကွက်အုပ်ချုပ် ရေးမှူး၊ တာဝန်ရှိသူများရှေ့တွင်ရှင်းလင်းစဉ် ပစ္စည်းများအား ပို့ဆောင်ပေးရမည့် နေရာကို မေးမြန်း၍ ဈေးဧရိယာ၏ အနောက်မြောက်ဘက် ၅၆ လမ်းဘေးတွင်စုပုံပေးရန် ပြောကြားသဖြင့် ရှင်းလင်းရေးအဖွဲ့ဝင် ဝန်ထမ်းများမှ စနစ်တကျရှင်းလင်းစုပုံ ပေးခဲ့ပါကြောင်း၊ ၎င်းအပြင် ကော်မတီဝင်မှ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အငှားအိမ်ရာတွင် နေမည်ဆိုပါက သယ်ယူပို့ဆောင် ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အငှားအိမ်ရာတွင် မနေလိုကြောင်းကို  အုပ်ချုပ်ရေးမှူးများရှေ့မှောက်တွင် ကျူးကျော်နေထိုင်သူများမှ ပြောကြားခဲ့ ပါကြောင်း။

သို့ဖြစ်ပါ၍ ပြည်ရန်ကျော်ဈေးနယ်နိမိတ်တွင် ၂၀၀၂ ခုနှစ်ကပင် ယနေ့အထိ ဈေးအဖြစ် တရားဝင် ဖွင့်လှစ်ရောင်းချေနေသောနေရာဖြစ်ခြင်း၊ ဈေးနယ်နိမိတ်အတွင်း ကျူးကျော်မှုများအား တရားရုံး၏ အဆုံးအဖြတ်ရယူ၍ မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေများနှင် အညီ ကျူးကျော်နေထိုင်မှု များအားအကြောင်းကြားခြင်း၊ ထပ်ဆင့်အကြောင်းကြားခြင်း၊ နို့တစ်စာပေးဝေခြင်းများ ဆောင်ရွက်ပြီးမှသာ ခွင့်ပြုချက်ရယူ၍ စနစ်တကျရှင်းလင်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့သို့ ရှင်းလင်းရာတွင် ပစ္စည်းများပို့ဆောင်ပေးမည့် နေရာကိုမေးမြန်းခြင်း၊ မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ အငှားအိမ်ရာသို့ ပို့ဆောင်နေထိုင်ရန်စီစဉ်သော်လည်း ကျူးကျော်နေထိုင်သူ သုံးဦးမှ လက်ခံမှုမရှိသဖြင့် ကျူးကျော်နေထိုင်သူများ၏ဆန္ဒနှင့်အညီ သတ်မှတ်နေရာတွင် ပစ္စည်းများရွှေ့ပြောင်း ပေးခြင်းသာဖြစ်ပါကြောင်းနှင့် အတင်းအဓမ္မဖယ်ရှားရှင်းလင်းခြင်းမဟုတ်ဘဲ ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

 

ဦးကျော်စိုးလင်း (ပြည်ကြီးတံခွန်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။

ဦးစိုးဦးအပါ မိသားစုသုံးစုသည် ပြည်ရန်ကျော်ဈေး၏ အနောက်ဘက် ပိုလျှံပလပ်နေသည့် စီမံကိန်း အကောင်အထည် မပေါ်သည့်မြေပေါ်တွင် ၁၈ နှစ်ကျော် ယခုအစိုးရသစ်လက်ထက် ရောက်ရှိသည့် အချိန်အထိ နေထိုင်ခဲ့ပြီး ၎င်းတို့ပိုလျှံ ပလပ်နေသည့် မြေများကိုပြန်လည် တောင်းယူခဲ့ခြင်း ဖြစ်ပါကြောင်း၊  ပြည်ရန်ကျော်ဈေးသည် မင်းကြီးရန်နောင်လမ်း၏ ဘေးကပ်ရပ်တွင် ရှိပါကြောင်း၊ ဦးစိုးဦးတောင်းသည့် မြေကွက်သည် ပြည်ရန်ကျော်ဈေး၏ အနောက်ဘက် နှစ်ဧကနီးပါးရှိသည့် မြေကွက်ကို တောင်းယူခြင်းဖြစ်ပါကြောင်း၊ မေးခွန်းမေးသည့် အခါတွင်လည်း ၎င်းမြေယာစိစစ်ရေး အဖွဲ့က စိစစ်နေစဉ်အတွင်း ယာယီနေထိုင်ခွင့်ပြုရန်နှင့်  မည်သို့ကုစားပေးမည်ကို မေးခြင်းဖြစ်ပါကြောင်း၊ ဥပဒေအရ ဆောင်ရွက်သည် ဆိုသည်ကို လက်ခံပါကြောင်း၊ သို့သော် ဦးစိုးဦးမိသားစုသည့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးမှ မည်သည့်အတွက် ဖယ်ရှားရမလဲဆိုသည့် မေးခွန်းတစ်ရပ် ရှိပါကြောင်း၊ နောက်ပြီး မည်ကဲ့သို့ ထပ်ပြီး ကုစားပေးမည် ဆိုသည်ကို သိလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်းအား မေးမြန်းခဲ့ပါသည်။

 

နေပြည်တော်ကောင်စီ၊ ကောင်စီဝင်၊ ဦးညီထွန်း

၎င်းဆက်စပ်မေးခွန်းနှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပြန်လည်မေးမြန်းပြီး ဖြေကြားရမည်ဖြစ်ပါကြောင်း၊ စည်ပင်သာယာရေးနှင့်ပတ်သက်၍့ အခုလက်ရှိမြေနေရာများသည် စည်ပင် သာယာရေးနယ်နိမိတ်အပိုင်မြေအဖြစ် ၂၀၀၂ ခုနှစ်တွင် လန-၃၉ မှာ အခြား မြေကနေပြီး ပြောင်းလဲပြီး ဖြစ်ပါကြောင်း၊ စည်ပင်သာယာရေးနယ်နိမိတ်မှာပါရှိသည့် မြေများနှင့်ပတ်သက်၍ လယ်ယာမြေပြန်လည်စိစစ်ရေးကော်မတီတို့၊ လယ်ယာမြေစစ်ဆေးရေးနှင့် စီမံရေးအဖွဲ့များမှ စီမံခန့်ခွဲသည့်မြေမဟုတ်ဘဲစည်ပင်သာယာရေးကော်မတီကသာခန့်ခွဲသည့် မြေဖြစ်သည့် အတွက်  ကုစားမှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြန်လည်မေးမြန်းပြီးဖြေကြား သွားမည်ဖြစ်ပါကြောင်းဖြစ် ဆက်စပ်မေးခွန်းအားပြန်လည်ဖြေကြားခဲ့ပါသည်။