Skip to main content

မေးခွန်း အကြောင်းအရာ 

u tin nuမာန်အောင်ကျွန်းပေါ်ရှိ ကမဝကမ်းခြေအပိုင်းတွင် ကမဝကမားနှင့် ပြင်ကောက်ကမ်းခြေတို့ ပါဝင်ပါကြောင်း၊ ကမ်းခြေမှ လေးမိုင်ရှိပါကြောင်း၊ မိုင်တိုင်အမှတ်(၁၉) မှ (၂၃) အထိအားလုံး တစ်ဆက်တည်း ဖြစ်ပါကြောင်း၊ မိန်းမကြွယ်ကမ်းခြေအပိုင်းတွင် ဘုတ်မျက်တော၊ ကျူ နှင့်မိန်းမကြွယ် ကမ်းခြေတို့ပါဝင်ပါပြီး ကမ်းခြေ၏ အရှည်မှ ၆ မိုင်ရှိပါကြောင်း၊ မိုင်တိုင်အမှတ်(၂၃) မှ (၂၉) အထိ အားလုံး တစ်ဆက်တည်း ဖြစ်ပါကြောင်း၊ ဧကအီးကမ်းခြေတွင် ပလ္လင်ကမ်းခြေနှင့် ကအီးကမ်းခြေ တို့ပါဝင်ပြီး  ခုနစ်မိုင်ရှိပါကြောင်း၊ မိုင်တိုင်အမှတ်(၂၉) မှ မိုင်တိုင်အမှတ် (၃၀) အထိ အားလုံး တစ်ဆက်တစ်စပ်တည်း ဖြစ်ပါကြောင်း၊  မာန်အောင်ကျွန်းသည် စတုန်းရန်းမိုင် ၂၀၂ မိုင်ကျယ်ဝန်းပြီး မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးကျွန်းဖြစ်ပါကြောင်း၊ ကျွန်းပတ်လမ်းသည် ၅၁ မိုင် ၄ ဖာလုံရှိပြီး၊ ပင်လယ်ကမ်းခြေ၏ ပကတိအလှသည် ၁၇ မိုင်ရှိပါကြောင်း၊ မိုင်တိုင်အမှတ် (၁၉) မှ မိုင်တိုင်အမှတ် (၃၆) အထိဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် ၁၇ မိုင်ရှည်လျားသည့် ပင်လယ် ကမ်းခြေ၏အလှကို မာန်အောင်ကျွန်းတွင် တွေ့ရမှာဖြစ်ပါကြောင်း၊  မာန်အောင်ကျွန်းသည် ဘင်္ဂလားပင်လယ်အော် တွင်ရှိသော ကျွန်းတစ်ကျွန်းဖြစ်ပါကြောင်း၊  ကျောက်ဖြူ မြို့နှင့် ၄၈ မိုင်၊ တောင်ကုတ်မြို့နှင့် ၄၉ မိုင်၊ ရမ်းဗြဲကျွန်းနှင့် ၁၀ မိုင်ကွာဝေးပါကြောင်း၊ တောင်ကုတ် မြို့နှင့် မာန်အောင်ကျွန်းကို ရှပ်ပြေးယာဉ်များ နေ့စဉ်ပြေးဆွဲနေပြီဖြစ်ပါကြောင်း၊ တောင်ကုတ်မှ မာန်အောင်သို့ ရှပ်ပြေးယာဉ်ဖြင့် သုံးနာရီစီး ရပါကြောင်း၊  မာန်အောင်ကျွန်းပေါ်မှာရှိသည့် လေယာဉ်ကွင်းကို ၂၀၁၅ ခုနှစ်မှာ ပြန်ပြီးဖွင့်လှစ်ခဲ့ သည့်အတွက် ကျောက်ဖြူ-ရန်ကုန်-စစ်တွေမြို့များ သ့ို လေယာဉ်ဖြင့် တစ်ပတ်လျှင် သုံးရက် သွားလို့ ရပြီဖြစ်ပါကြောင်း၊ တစ်နေ့လုံး နေ့စဉ်သွားလို့ရအောင် လေယာဉ်ကွင်းကို တိုးချဲ့နေအတွက် သွားလာရေးတွင် အခက်အခဲမရှိတော့ပါကြောင်း၊ မာန်အောင်ကျွန်း၏ ပင်လယ်ကမ်းခြေအလှသည့် ကမ္ဘာတွင်လှပသည့်ကမ်းခြေတစ်ခုဖြစ်သည့်ဟု နိုင်ငံခြားမှ ဧည့်သည်များမှ ပြောကြပါကြောင်း၊ မာန်အောင်ကျွန်း၏ ကမ်းခြေကို Pure Virgin Land လို့ပြောကြပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော် အစိုးရအနေဖြင့် မာန်အောင်ကျွန်း၏ ပင်လယ်ကမ်း သဘာဝအလှကိုအခြေခံ၍ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းအား နိုင်ငံတော်အစိုးရမှ အားစိုက်ပါဝင်     ဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ/ မရှိ နှင့် စပ်လျဉ်း ပြီး သိလိုပါကြောင်းမေးမြန်းပါသည်။


 

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်
ဖြေကြားချက် 

u ohn maungမာန်အောင်ကျွန်းသည် သဘာဝအလှအပများ ပျက်စီးခြင်းမရှိသေးဘဲ ပြန့်ပြူးရှည်လျားသော ကမ်းခြေတည်ရှိသောကြောင့် ပင်လယ်ကမ်းခြေ အပန်းဖြေခရီးစဉ်ဒေသတစ်ခုအဖြစ် ဖော်ထုတ်မြှင့် တင်ဆောင်ရွက်ခြင်းဖြင့် ဒေသအတွက် အကျိုးပြုမည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နိုင် ပါကြောင်း၊  သို့ရာတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်အောင် ဟိုတယ်နှင်‌့ ခရီးသွားလာရေး ဝန်ကြီးဌာနနှင့်အတူ ဆက်စပ်သည့်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ အားလုံးမှ မိမိတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်ပေးမှသာလျှင် အထူးသဖြင့် ဒေသအတွက် လိုအပ်နေသည့် အခြေခံ အဆောက်အဦများ၊ လူ့စွမ်းအား အရင်းအမြစ်များနှင့် ခရီးစဉ်မြှင့်တင်ရေး များကိုပါ ဖွံ့ဖြိုးအောင်ဆောင်ရွက်ပေးမှသာလျှင် အောင်မြင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် နိုင်ငံတော်ဒုတိယသမ္မတ(၂)မှ ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး ဆက်စပ်ဝန်ကြီး ဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်များ အဖွဲ့ဝင်အဖြစ် ပါဝင်သည့် အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို ၁-၃-၂၀၁၇ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပြီး ၎င်းဗဟိုကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ၂၆-၄-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ၎င်းအစည်းအဝေးတွင် မာန်အောင်ကျွန်းခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရေး ထည့်သွင်း ညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်း၊ ဆွေးနွေးရာတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှ မာန်အောင်ဒေသခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရန်အတွက် လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ဒေသခံများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့်အတန်းမီသည့် ဟိုတယ်၊ တည်းခိုရိပ်သာများ ဆောင်ရွက်ထားရှိရေးတို့အား တင်ပြဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဆက်စပ်ဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ညှိနှိုင်း ဆောင်ရွက်သွားရန် လမ်းညွှန်ထားခဲ့ပါကြောင်း၊

မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့် ပို့ဆောင်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စေရန် အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် လက်ရှိ မာန်အောင်လေယာဉ်ကွင်းပြေးလမ်းကို တိုးချဲ့ခြင်း လုပ်ငန်းကိုဆောင်ရွက်ပြီး လေယာဉ်ကွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အထိ ဆက်လက်စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက် ရန်အတွက် GSM Mobile စခန်းတစ်ခုကို မာန်အောင်မြို့နယ် ကိုးဝကျေးရွာတွင် တပ်ဆင်လျက်ရှိပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် မာန်အောင်ကျွန်းတွင် ၂၄ နာရီ ဓာတ်အား ရရှိအောင် မာန်အောင်အများပိုင်ကုမ္ပဏနှင့်  FMI Company တို့ ပူးပေါင်းပြီး Solar 2 MW စက်ရုံနှစ်ရုံတည်ဆောက်ရေးအတွက် ပြည်နယ်အစိုးရထံ တင်ပြဆောင်ရွက်နေပါကြောင်း၊

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် မာန်အောင်ပြည်သူ့ဆေးရုံတိုးချဲ့ရေး နှစ်ထပ် ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ စီမံကိန်းနှင်‌့ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင်‌့ ဘဏ်ခွဲ တစ်ခုဖွင့်လှစ်ပြီး ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် မာန်အောင်ကျွန်း၏ ဟိုတယ်နှင့်ခရီး သွားလာရေး လုပ်ငန်းအပါအဝင် မာန်အောင်ကျွန်းတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ် အစိုးရ၊ မာန်အောင်အများပိုင်ကုမ္ပဏီနှင့် ပထမမြန်မာရင်းနှီးမြှပ်နှံမှုကုမ္ပဏီ(FMI)တို့ပူးပေါင်းပြီး 2016 ခုနှစ်မှစတင်၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမအဆင့်အနေဖြင့် ပင်မစီမံကိန်း တစ်ခု ရေးဆွဲရန် Feasibility Study ကိုဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ယခုအခါ လုပ်ငန်းဆောင်ရွက်ရန် အတွက် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်သို့ ခွင့်ပြုချက်တင်ပြရန်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ Master Plan နှင့် အသေးစိတ်စီမံကိန်းများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း တင်ပြမည်ဟု သိရှိရပါကြောင်း၊ သို့ပါ၍ မာန်အောင်ကျွန်းတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး FMI ကုမ္ပဏီ၊ မာန်အောင်အများပိုင်ကုမ္ပဏီတို့နှင့် လုပ်ငန်းများကိုလည်း အကောင်အထည် ဖော်နိုင်ရေး အတွက် ပံ့ပိုးကူညီသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မာန်အောင်ကျွန်းခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ရပ်တည်နေ သည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်း အဖွဲ့ချုပ်နှင့် ၎င်းလက်အောက်ခံညီနောင် ၁၁ သင်းတို့မှလည်း ပါဝင်ကူညီ ဆောင်ရွက်ရန်နှင့် ခရီးစဉ်ဒေသတစ်ခု ဖြစ်မြောက်ရေးအတွက် လေ့လာရေးအဖွဲ့ကို မိုးရာသီအကုန်တွင် သွားရောက် လေ့လာရန် အစီအစဉ်ထားရှိပြီးဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။