Skip to main content

နောင်ချိုမြို့နယ်၊ မျက်ချင်းနုအုပ်စုကို  နောင်ဟော၊ မျက်ချင်းနု၊ ဇလုရင်၊ နမ့်စန်ဟူ၊ နမ့်ပန်တက်၊ ပန်လန်း၊ ရေလျင်ကျေးရွာ စုစုပေါင်းဦးကျော်မြင့် (နောင်ချို) ကျေးရွာ ၇ ရွာတို့ဖြင့် ဖွဲ့စည်းထားပြီး  အုပ်စုအိမ်ခြေ ၄၅၉၊ လူဦးရေပေါင်း ၂၉၁၅ ဦးရှိပါကြောင်း၊ ၂၅ ခုတင်ဆံ့ နောင်ချို ပြည်သူ့ဆေးရုံနှင့် ၅ မိုင်ခန့် ကွာဝေးသောကြောင့် ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခုဖွင့်လှစ်ပေးခြင်းဖြင့် မျက်ချင်းနု အုပ်စုတွင် သာမက နီးစပ်ရာကျေးရွာများအတွက်ပါ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ကျေးလက် ကျန်းမာရေးဌာနခွဲ၏ အဆောက်အဦကို သတ်မှတ်ချက် စံချိန် စံညွှန်းဖြင့် ဆောက်လုပ်ပြီးစီးထားပြီး ဖြစ်သော ကြောင့်  ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွင် အထောက်အကူပြုသည့် မျက်ချင်းနုကျေးရွာအုပ်စု အတွက် ကျေးလက် ကျန်းမာရေးဌာနခွဲ တစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဖွင့်လှစ်ပေးမည်ဆိုပါက မည်သည့်အချိန်ကာလတွင် ဖွင်‌့လှစ်ပေးမည်ကို သိရှိလို ပါကြောင်းမေးမြန်းပါသည်။


 

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်

ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအသစ်များ ဖွင့် လှစ်ခြင်း၊ ဆေးရုံ ခုတင် အဆင့်မြှင့် တင်ခြင်း၊ ကျေးလက် ကျန်းမာရေးဌာန အသစ်များဖွင့်လှစ်ခြင်းနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ အသစ်များ ဖွင့်လှစ်ခြင်း တို့ကို စီမံကိန်းနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့ နယ်ရှိ မျက်ချင်းနုကျေးရွာ သည် ရွှေပြည်ညွန့် ကျေး လက် ကျန်းမာရေး ဌာနအောက် ရှိ ကျောက်တော်ကျေးလက် ကျန်းမာရေး ဌာနခွဲ အပိုင်နယ်မြေ အတွင်းရှိကျေးရွာဖြစ်ပါကြောင်း၊ မျက်ချင်းနုကျေးရွာတွင် အိမ်ခြေ ၄၅၉ လုံး၊ လူဦးရေအားဖြင့်၂၉၁၅ ဦး ရှိရာ ရွှေပြည်ညွန့် ကျေးလက် ကျန်းမာရေး ဌာခွဲနှင့် ၅ မိုင်ခန့် လည်းကောင်း၊ ကျောက်တော်ကျေးလက် ကျန်းမာရေးဌာနခွဲနှင့် ၃ မိုင်ခန့်လည်းကောင်း၊ ၂၅ ခုတင် ဆံ့ နောင်ချိုပြည်သူ့ဆေးရုံနှင့် ၅ မိုင်ခန့် လည်းကောင်း ဝေးကွာသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် မျက်ချင်းနုကျေး ရွာတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲ ဖွင့်လှစ်နိုင်ရန်အတွက် ကျေးလက် ကျန်းမာရေးဌာနခွဲ အဆောက်အဦလည်း ဆောက်လုပ်ပြီးဖြစ်ရာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ဖွင့်လှစ်သွားနိုင်ရန် စီစဉ်သွား မည်ဖြစ်ကြောင်း ဖြေကြားပါသည်။