Skip to main content

ကျန်းမာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော သွားဘက်ဆိုင်ရာ ကျန်းမာရေးဆေး ခန်း၊ ဆေးရုံများရှိ သွားကျန်းမာရေးဆိုင်ရာ လူနာဦးသိန်းထွန်းဦး (အမရပူရ)ထိုင်ခုံများ သွားနှုတ်ကိရိယာနှင့် သွားပြုပြင်ရေးဆိုင်ရာ ကိရိယာများ ခေတ်နောက်ကျနေခြင်း၊ သွားနှုတ်ကိရိယာ များ ပိုးမွှားသန့်စင် ဆောင်ရွက်ထားရှိမှုအားနည်းခြင်းများနှင့် အမရပူရမြို့ နယ် ပြည်သူ့ဆေးရုံကြီး၏ ၂၅ ခုတင်စံကိုက် ဆရာဝန်၊ ခွဲစိတ်ခန်းတိုးချဲ့ပြုပြင်ရန် ၊ ခွဲစိတ်ကိရိယာဖြည့်စည်းရန် ၊ အမရပူရမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုထားသည့် လျှပ်စစ်ဝါယာကြိုးများ အသစ်လဲလှယ်ရန် စသည့် အထွေထွေ လိုအပ်ချက်များနှင့် ပြည်သူ့ဆေးရုံကြီးအတွင်းရှိ ဝန်ထမ်းများနေထိုင်သည့် အဆောက်အဦများ၏ လိုအပ်ချက်များရှိနေပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော သွားဘက်ဆိုင်ရာ ကျန်းမာရေးဆေးခန်း များ၊ ဆေးရုံများရှိ သွားကျန်းမာရေးဆိုင်ရာ လူနာထိုင်ခုံများနှင့် သွားနှုတ်ခြင်း၊ သွားပြုပြင်ခြင်းဆိုင်ရာ ကိရိယာများအား ခေတ်မီပစ္စည်းများဖြင့် အစားထိုးဆောင် ရွက်ရန် ၊သွားနှုတ်ကိရိယာများ ပိုးမွှားသန့်စင်မှု ဆောင်ရွက်နိုင်ရန် ပိုမိုစိတ်ချရသည့်အဆင့်အထိ ဆောင်ရွက်ရန်၊ အမရပူရမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ၂၅ ခုတင်စံကိုက်ဖြစ်စေရန် လိုအပ်သောဆရာဝန်ဖြည့်စည်းပေးရန်နှင့် အမရပူရမြို့နယ် ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ ဆေးရုံကြီး၏ အထွေထွေလိုအပ်ချက်များ၊ ဝန်ထမ်းအိမ်ရာများ အား မိုးမလုံခြင်းနှင့် အခြားလိုအပ်ချက်များကို ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်

ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာန များ တွင် ခေတ်မမီသော၊ ချို့ယွင်းပျက်စီးနေသော သွားဆေးကုခုံများကို အသစ် လဲလှယ်ရန် သို့မဟုတ် အသစ်ထုတ်ပေးရန် တင်ပြတောင်းခံပါက ထုတ်ပေးလျက် ရှိပါကြောင်း၊ အမရပူရမြို့နယ်အတွက် ကျန်းမာရေးဦးစီးဌာနမှ မန္တလေးတိုင်း ကျန်းမာရေးဦးစီးဌာနသို့ တင်ပြတောင်းခံရန် ညွှန်ကြားချက် ၃၀-၉-၂၀၁၃ ရက်နေ့တွင် ညွှန်ကြားပြီးဖြစ်ရာ တင်ပြစာရရှိပါက ချက်ချင်းဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း၊ အမရပူရမြို့နယ် မြို့နယ်ဆေးရုံဖွဲ့စည်းပုံသည် ခုတင် ၂၅ ဖွဲ့စည်းပုံအဟောင်းဖြစ်သည့်အတွက် အရာထမ်း ၃ ဦး၊ အမှုထမ်း ၁၇ ဦးသာရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဝန်နှင့်အား မမျှအောင် ဆောင်ရွက်နေ ရသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် အမရပူရမြို့နယ်ဆေးရုံကို ခုတင် ၂၅ စံကိုက်ဖွဲ့စည်းပုံအဖြစ် တိုးချဲ့ဖွဲ့စည်းရန် ယခုဘဏ္ဍာနှစ် တွင် ဆောင်ရွက်လျက်ရှိကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ပြီးပါက အရာထမ်း ၆ ဦး၊ အမှုထမ်း ၄၉ ဦး၊ စုစုပေါင်း ၅၅ ဦး ခန့်အပ် တာဝန်ပေးသွားနိုင်မည်ဖြစ်ကြောင်း၊ ယခု မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးအဖြစ် ဒေါက်တာအောင်နိုင်ဦးကိုလည်းကောင်း၊ လက်ထောက် ဆရာဝန် ဒေါက်တာ တင်ကိုကိုစိုးကိုလည်းကောင်း ကျန်းမာရေးဝန်ကြီးဌာနမှ  ခန့်ထားပြီး ဖြစ်ပါကြောင်း။

အမရပူရမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်းရှိ ဆေးရုံ၏အထွေထွေ လိုအပ်ချက်၊ ဝန်ထမ်းအိမ်ရာများ မိုးမလုံခြင်းနှင့် အခြားလိုအပ်ချက်များအား ကျန်းမာရေးဦးစီးဌာနအနေဖြင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် သာမန်ပြင် ဆင်ထိန်းသိမ်းမှု စရိတ် ရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ တစ်ဆင့် အကြီးစားပြုပြင်ရန် လိုအပ် ချက်များကို တွက်ချက်တင်ပြရန်  အမရပူရမြို့နယ် ကျန်းမာရေးဦးစီးဌာန သို့ ညွှန်ကြားထားပြီး ဖြစ်ပါကြောင်းနှင့် ခန့်မှန်းကုန်ကျစရိတ် တွက်ချက်တင်ပြလာပါက စိစစ်၍ အမြန်ဆုံးဆောင် ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဖြေကြားပါသည်။