ပြည်ထောင်စုရှေ့နေချုပ်ရုံး

(က)-ရှေ့နေ၊ ရှေ့ရပ်ငှားရမ်းသူပြည်သူများအတွက် မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ တွင် ရှေ့နေများအသင်း၊ ဘားကောင်စီများ ဖွဲ့စည်းခွင့် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒေါ်မိမြင့်သန်းမြန်မာနိုင်ငံတွင် ပြည်သူများ တရားတဘောင် ရင်ဆိုင်သည့်အခါ ရှေ့နေရှေ့ရပ်များငှားရမ်း၍ ဥပဒေ အကျိုးဆောင်အတွက် တရားဝင် လွှဲအပ်၍ ဆောင်ရွက်စေခဲ့ပါသည်။ ထိုသို့ဆောင်ရွက် ရာတွင် ရှေ့နေများ စောင့်ထိန်းရမည့် ကျင့်ဝတ်များနှင်‌့ စည်းကမ်းများ ညီညွတ်မှုမရှိပါက နစ်နာသူပြည်သူများ၏ နစ်နာမှုအပေါ်တွင် တာဝန်ယူ ဖြေရှင်းပေးနိုင်မည့် အဖွဲ့အစည်း တစ်ရပ် လိုအပ်လျက် ရှိနေသည်ကို လေ့လာသိရှိခဲ့ပါကြောင်း၊ထိုသို့ဖြစ်ပ

(ခ)-၁၉၆၃ ခုနှစ်၊ လုပ်ငန်းများ ပြည်သူပိုင်ပြုလုပ်ခြင်းဥပဒေအရ သိမ်းဆည်းခဲ့သည့် အခန်း၊ အဆောက်အအုံများကို မူလပိုင်ရှင်နှင့် ပိုင်ရှင်၏ ဆက်ခံသူများက ပြန်လည် လျှောက်ထားသည့် ကိစ္စနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

၁၉၆၃ ခုနှစ်၊ လုပ်ငန်းများ ပြည်သူပိုင် ပြုလုပ်ခြင်း ဥပဒေအရ သိမ်းဆည်းခဲ့သည့် အခန်း၊ အဆောက်အအုံများကို မူလပိုင်ရှင်နှင့် ပိုင်ရှင်၏ ဆက်ခံသူများက ပြန်လည်လျှောက်ထားသည့် ကိစ္စနှင့် စပ်လျဉ်းပြီး ဆောင်ရွက်နေမှုကို သိရှိလိုသည့်အတွက် မေးခွန်းမေးမြန်းသွားမည် ဖြစ်ပါကြောင်း၊ ဆိုရှယ်လစ် စီ

(ခ)-သေဒဏ်ထိုက်သင့်သော ပြစ်မှုအတွက် တရားခံများဘက်မှ လိုက်ပါဆောင်ရွက်ရန် ရှေ့နေ ငှားရမ်းခ စရိတ်အား တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

သေဒဏ်တစ်သက်တစ်ကျွန်းဒဏ်ခံနေရသော စွပ်စွဲခံရသူ တရားခံများအတွက် တရားမျှတမှုရှိစေရန် အတွက် နိုင်ငံတော်ကနေပြီးတော့ ဆင်းရဲနွမ်းပါးတဲ့ တရားခံတွေအတွက် နိုင်ငံတော်စရိတ်ဖြင့် ရှေ့နေ ငှားရမ်းပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ ထုချေခွင်‌့ပေးတယ်။ အဲဒီလို ပေးတဲ့နေရာမှာ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ ၁/၂၀၀၁ ညွှန်ကြားချက်အရ ပထမဦးဆုံး ကိုယ်စားလှယ် လွှဲစာတင်တဲ့နေ့မှာဆိုလို့ ရှိရင် ၇၅ ကျပ်သတ်မှတ်ထားပြီးတော့ ကျန်တဲ့ ရုံးချိန်းတိုင်းမှာ ရှေ့နေလိုက်ခအဖြစ် တစ်ချိန်းကို ၅၀ ကျပ်အဖြစ် သတ်မှတ်ထားတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ယနေ့အခါမှာဆိုလို့ရှိရင် နိုင်ငံတော်ျကနေပြီးတော့ ရုံးခွန်တံဆိပ်

(စ)-မြန်မာ-ဘင်္ဂလားဒေ့ရှ် ပင်လယ်ပြင်နယ်နိမိတ်သတ်မှတ်ရေးနှင့် စပ်လျဉ်းသည့်မေးခွန်း

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ဟာ နှစ်ပေါင်းကြာရှည်စွာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြပါတယ်။ နှစ်နိုင်ငံအကြား ဖြစ်ပွားတဲ့ ကိစ္စတွေအားလုံးကိုလည်းပဲ နှစ်နိုင်ငံ ခေါင်းဆောင်များ၊ နှစ်နိုင်ငံ ပြည်သူများက ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်ပဲ       ဖြစ်ပါတယ်။ သို့ရာတွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဖြစ်ပေါ်နေတဲ့ ပင်လယ် နယ်နိမိတ် သတ်မှတ်ရေးအမှုနဲ့ စပ်လျဉ်းပြီးတော့မှ ကျွန်တော်တို့ လေ့လာတဲ့အခါမှာ ဘင်္ဂလား

(ဇ)-မြို့နယ်ဥပဒေရုံး ဆောက်လုပ်ခွင့်ပြုရန်နှင့် ဥပဒေရုံးဝန်ထမ်းများအတွက် နေအိမ်ဆောက် လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်အခါတွင် ဆောင်လုပ်ပေးမည်ကို သိလိုသည်နှင့် စပ်လျဉ်းသည့်မေးခွန်း

ရွှေကူမြို့နယ် ဥပဒေရုံးအား ၁၉၇၄ ခုနှစ်မှစတင်၍ ငှားရမ်းအသုံးပြု ခဲ့ရာ ယနေ့အချိန်အထိဖြစ်ပြီး ထိုသို့ ငှားရမ်းအသုံးပြုခဲ့ရာ ဒေါ်စိန်ကွန့်ဆိုသူမှ ရွှေကူမြို့နယ် ဥပဒေရုံး ဆောက်လုပ်ရန်အတွက် ၎င်းပိုင်ဆိုင်သော အကွက်အမှတ် ၂၄ ဦးပိုင်အမှတ် M-1 (0.1360 ) ပေါ်ရှိ မြေတစ်ဝက် အလျား ၃၅ x ၇၀ ပေ အား လှူဒါန်းခဲ့ပါသည်။ ယခုအခါ မြို့နယ်မြေစာရင်းရုံးမှ မြေစာရင်းပုံစံ ၁၀၅၊ ၁၀၆ အား ရရှိခဲ့ပြီး ရွှေကူမြို့နယ်ဥပဒေရုံးဆောင်လုပ်ရာတွင် ကုန်ကျမည့် ငွေလုံးငွေရင်း အသုံးစရိတ်ကို ဗန်းမော်မြို့ စည်ပင်သာယာအဖွဲ့မှ အသေးစိတ်တွက်ချက်ပြီး သက်ဆိုင်ရာသို့ တင်ပြတောင်းခံထားပြီးဖြစ်ပါသည်။ ထ

(ဃ)-တည်ဆဲဥပဒေများ ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ပြဋ္ဌာန်းရန်အတွက် ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီး အခြေအနေများ နှင့် စပ်လျဉ်းသည့်မေးခွန်း

တည်ဆဲဥပဒေများ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်၊ အသစ် ပြဋ္ဌာန်းရန်အတွက်  အစိုးရအဖွဲ့နှင့် ရှေ့နေချုပ်ရုံးအနေဖြင့် ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီး အခြေအနေများ နှင့်ပတ်သက်လို့ လွှတ်တော်အပါအဝင် အစိုးရဝန်ကြီး ဌာနအသီးသီးနဲ့ ရှေ့နေချုပ်ရုံးတို့မှာ ဥပဒေများနှင့်ပတ်သက်လို့ ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်၊ အသစ် ပြဋ္ဌာန်းရန်ဆောင်ရွက်နေတာကိုသိရှိရပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ သက်ဆိုင်ရာဝန်ကြီးဌာန များအနေနဲ့ ပြင်ဆင်ဖြည့်စွက်အသစ်ရေးဆွဲပြီးတော့ ရှေ့နေချုပ်ရုံးကိုတင်ပြပြီးတော့မှ စိစစ်ဖြည့်စွက် အကြံပြုချက်များကို ရှေ့နေချုပ်ရုံးမှရယူကာ အစိုးရအဖွဲ့သို့တင်ပြပြီးမှသ