Skip to main content

ပြည်သူ့လွှတ်တော်၊နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးဦး Dr.RichardA.Nuccio နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့် အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးဦးသည် National Democratic Institute (NDI)မှ Dr. Richard A.Nuccio(Resident Senior Country Director)၊ Mrs.Elizabeth Weir(Consultant in Parliamentary and Political Party Strengthening)နှင့်အဖွဲ့အား ၂၀၁၄ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် ပြည်သူ့လွှတ်တော်ဝင်း အတွင်းရှိ ရေးရာဆောင် အမှတ်(၁)၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့် အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦး၊ အတွင်းရေးမှူး ဦးတင်မောင်ဝင်း၊ အဖွဲ့ဝင် များဖြစ်ကြ သော ဦးရဲထွဋ်တင်၊ ဦးအောင်ကျော်ခင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တတ်ရောက်ကြပါသည်။

ယင်းသို့တွေ့ဆုံရာတွင် လွှတ်တော်ကော်မတီများနှင့် လွှတ်တော်ရုံးမှ ဝန်ထမ်းများ၏ အရည် အသွေးမြှင့်တင်ရေးရည်ရွယ်ချက်ဖြင့် နည်းပညာဆိုင်ရာအရည်အသွေး မြှင့်တင်ရန်အတွက် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။