Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနေပြည်တော်ကောင်စီနယ်မြေဒက္ခိဏခရိုင် အတွင်းရှိ မြို့နယ်များမှ ပြည်သူများအားတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂.၂.၂၀၁၄ မွန်းလွဲ(၁)နာရီ တွင် နေပြည်တော်ကောင်စီနယ်မြေဇမ္ဗူသီရိမြို့နယ်ရှိနေပြည်တော် ကောင်စီရုံးဇမ္ဗူသီရိခန်းမ၌ ဒက္ခိဏခရိုင် အတွင်းရှိ မြို့နယ်များမှ

စီမံခန့်ခွဲရေးကော်မတီများ၊ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီများ၊ နိုင်ငံရေး ပါတီများမှ ပုဂ္ဂိုလ်များ၊ ဒေသခံ ပြည်သူများအားတွေ့ဆုံ၍ အမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသိန်းညွန့်နှင့် နေပြည်တော်ကောင်စီဝင် များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင်‌့ မြိ့နယ် အဆင့်တာဝန်ရှိ သူများ၊ ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိ သူများတက်ရောက် ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက က မိမိတို့နိုင်ငံကိုပါတီစုံဒီမိုကရေစီ နှင်‌့ ‌ဈေးကွက်စီးပွားရေးစနစ်ကို ကျင်‌့သုံးရာ၌ နိုင်ငံတော်အစိုးရက ပြည်သူကိုဗဟိုပြု၍ ပြည်သူ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် မူဝါဒချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပါဝင်ကြသည့် ယခုတက်ရောက် လာကြသူများအနေဖြင်‌့ လုပ်နည်းလုပ်ဟန် မှန်ကန်စွာဖြင်‌့ လုပ်ဆောင်နိုင်ရေးအဓိက ထားပြောကြားသွားမှာဖြစ်ကြောင်း၊  နိုင်ငံတော်သမ္မတကြီးကအောက်ခြေပြည်သူလူထု၏ လိုအင်ဆန္ဒများ ကို ဖြည့်ဆည်းပေး ရန် အမြဲမပြတ် လမ်းညွှန်နေခြင်းကို ကြားသိကြရ မှာ ဖြစ်ကြောင်း၊ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ၂၀၁၃ ခုနှစ် မတ်လအတွင်းကခရိုင်နှင်‌့ မြို့နယ်အသီးသီး၌ စီမံခန့်ခွဲရေးကော်မတီများ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီများ စည်ပင်သာယာ ရေးအဖွဲ့များကို ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ၎င်းကော်မတီများတွင် ပါဝင်သူများကို ရွေးချယ်တင်မြှောက်ခဲ့ခြင်း မဟုတ်သော် လည်း ပြည်သူ့ အကျိုးဖော်ဆောင်ရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ကိုအားလုံးအသိပင်ဖြစ်ကြောင်း၊ စီမံခန့်ခွဲရေး ကော်မတီများတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင်‌့ မြို့နယ်အဆင့် ဝန်ထမ်းအကြီးအကဲများဖြင်‌့  ဖွဲ့စည်းပေးခဲ့ကြောင်း၊ ၎င်းအဖွဲ့များ၏ အဓိကတာဝန်မှာမိမိတို့ မြို့နယ်ဖွံ့ဖြိုး တိုးတက်အောင် စီမံခန့်ခွဲပေးရန် ဖြစ်ကြောင်း။

ထို့အပြင် ပြည်သူ့ကိုယ်စား ပြည်သူများပါဝင်သည့် ဖွံ့ဖြိုးရေးအထောက်အကူပြု အဖွဲ့ကိုလည်းဖွဲ့စည်းပေး ခဲ့ကြောင်း၊ ယင်းအဖွဲ့တွင် ပါဝင်ကြသူများသည် သူ့အခြေနှင်‌့သူဂုဏ်ဒြပ်ရှိပြီးစေတ နာနှင်‌့ ဆောင်ရွက်ပေးနိုင် သူများဖြစ်ကြောင်း၊ မိမိတို့ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် စေတနာရှိသူများ ဖြစ်သကဲ့သို့ ထိုက်သင်‌့သည့် အရည်အချင်းရှိသူများ လည်းဖြစ် ပါကြောင်း၊ စေတနာကိုအရင်းခံပြီးလုပ်ခြင်းဖြစ်၍ ၎င်းတို့၏ အရည်အချင်းပေါ် မူတည်ကာလုပ်ငန်းများတိုးတက်အောင်မြင်မှု ရရှိမှာဖြစ်ကြောင်း၊ စေတနာမှန်ကန်သော် လည်းလုပ်နည်း လုပ်ဟန်မှန်ရန်လိုကြောင်း၊ ပြဋ္ဌာန်းထားသည့် ဥပဒေနည်း ဥပဒေများနှင်‌့ ဒေသန္တရအမိန့်များကို သိရှိလိုက်နာရန် လည်းလိုအပ်ပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာများမှ ဖွံ့ဖြိုးရေးအထောက် အကူပြုအဖွဲ့များသည် မြို့နယ်အဖွဲ့များ နည်းတူအရေးကြီးပါကြောင်း။

ပြည်သူများ၏ ဆန္ဒကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် မိမိတို့ လွှတ်တော်များကဆောင်ရွက်လျက်ရှိပါကြောင်း၊ “ ပြည်သူအသံလွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော် ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော် ကဖော်ဆောင်ရွက် ” ဆိုသည့် ဆောင်ပုဒ်နှင်‌့အညီ ပြည်သူများ၏အသံကိုထင်ဟပ်နိုင်ရန် လွှတ်တော်ကိုယ်စား လှယ်များက မေးခွန်းများ မေးမြန်းခြင်းဖြင်‌့ လည်းကောင်း၊ အဆိုများဖြင်‌့လည်းကောင်း၊ ဥပ‌ဒေကြမ်းများဖြင်‌့ လည်းကောင်းတင်သွင်းဆွေးနွေး ဆောင်ရွက်နေသည်ကို ကြားသိကြရမှာဖြစ်ကြောင်း၊ လွှတ်တော် အတွင်း၌ မေးမြန်း/ဖြေကြားခြင်းများကို ကြည့်ပါက ပြည်သူများ၏လိုအပ်ချက် ဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ ကျေးလက် လမ်း၊ တံတားကိစ္စရပ်များနှင်‌့ နိုင်ငံတော် စီမံကိန်းကိစ္စရပ် များ ဖြစ်သည် ကိုတွေ့ရမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများက အမြဲမပြတ် ဆောင် ရွက်ပေးနေ သော်လည်း လိုအပ်ချက်များစွာရှိပါကြောင်း၊ လိုအပ်ချက် အားလုံးကို ဖြည့်ဆည်းမပေးနိုင်သေးကြောင်း၊ အဓိကအချက်မှာ ငွေကြေး လိုအပ်ချက်ရှိ၍ ဦးစားပေးဆောင်ရွက်ပေးနေမှုအပေါ် လူ့အလိုနတ်မလိုက်နိုင်ဆိုသည့် ဆိုရိုးစကားကဲ့သို့ ကျေနပ်မှု၊ မကျေနပ်မှုများရှိကြမှာ ဖြစ်ကြောင်း။

မိမိတို့သည် ပြည်သူ့ကိုယ်စားလှယ်များဖြစ်၍ ပြည်သူ့အကျိုးပြု လုပ်ငန်းများကိုဆောင်ရွက်ရန် တာဝန်ရှိကြောင်း၊ ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီဝင်များအနေဖြင်‌့ တာဝန်မရှိသော်လည်းစေတနာအရ ဆောင်ရွက်ပေးနေသူ များဖြစ်ကြောင်း၊ လုပ်နည်းလုပ်ဟန်မှန်ကန်စွာဖြင်‌့ အရည်အချင်းပြည့်ဝစွာရပ်ရွာဒေသအကျိုးအတွက် ဆက် လက်ပြီး စေတနာထား ဆောင်ရွက်ပေးသွားရန် တိုက်တွန်းပါကြောင်းဖြင်‌့ ပြောကြားသည်။

ထို့နောက် နေပြည်တောင်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ် တို့မှ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြု ကော်မတီဥက္ကဋ္ဌများကဒေသဖွံ့ဖြိုးရေးဆောင် ရွက်ချက်များကို ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော်နာယက က ပြန်လည်သုံးသပ် ဆွေးနွေးပြီးနိဂုံးချုပ်အမှာ စကားပြောကြားကာ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအားရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၂