Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းနေပြည်တော်ကောင်စီ နယ်မြေ ဥတ္တရခရိုင် အတွင်းရှိ ဒေသခံပြည်သူများအား တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် ၁.၂.၂၀၁၄ မွန်းလွဲ(၁)နာရီ တွင် နေပြည်တော်ကောင်စီ နယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ဥတ္တရခရိုင် အတွင်းရှိ မြို့နယ်များမှ စီမံခန့်ခွဲရေးကော်မတီများ၊ ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုကော်မတီများ၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေး ပါတီများ၊

မြို့မိ မြို့ဖများနှင်‌့ ဒေသခံပြည်သူများအား တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသိန်းညွန့်နှင့် နေပြည်တော်ကောင်စီဝင် များ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင်‌့ မြိ့နယ် အဆင့်တာဝန်ရှိသူများ၊ ပြည်သူ့ လွှတ်တော် ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက က ယခုကဲ့သို့ ဥတ္တရခရိုင်အတွင်းရှိ မြိ့နယ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးကြမည့် အဖွဲ့များနှင်‌့ တွေ့ဆုံရသဖြင်‌့ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မိမိတို့နိုင်ငံတွင် ပါတီစုံဒီမိုကရေစီနှင်‌့ ဈေးကွက်စီးပွားရေး စနစ်ကို ကျင်‌့သုံးပြီး အေးချမ်း သာယာ၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်ထူထောင်ရန် ကြိုးပမ်းနေသည့် ကာလဖြစ်ပါကြောင်း၊ ယင်းသို့ ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ရာ၌ အခြေခံကျသည့် ရပ်ကွက်၊ ကျေးရွာများမှ တစ်ဆင့် မြို့နယ်၊ ခရိုင်၊ တိုင်းဒေ သကြီး၊ ပြည်နယ် အဆင့်ဆင့်မှသည် နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရ မည်ဖြစ် ပါကြောင်း၊ သို့ဖြစ်၍ အခြေခံကျသည့် မြို့နယ်များဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် အရေးကြီးပါကြောင်း။

ယခုအခါ နိုင်ငံတကာက မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖြစ်စဉ်များအပေါ် စောင့်ကြည့်လျက် ရှိပြီး နောက်ကြောင်းပြန် လှည့်မလား၊ ရပ်တန့်မလား စသည်ဖြင်‌့ ဝေဖန်မှုများ ရှိနေပါကြောင်း၊ နိုင်ငံတကာမှ ဧည့်သည်များနှင်‌့ မိမိတွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်း နောက်ကြောင်းပြန်လှည့်ရန် မရှိဘဲ ရှေ့တိုးဆောင်ရွက် ရန် သန္နိဋ္ဌာန် ချမှတ်ထားပါကြောင်းဖြင့် ပြောကြားလေ့ရှိကြောင်း၊ ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်များမှာ လွယ်ကူသော လုပ်ငန်းမဟုတ်ဘဲ အခက်အခဲများကို ကျော်လွှားသွားရမည်ဖြစ်ကြောင်း၊ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချမှတ်ထား၍သာ ယင်းသို့ ပြောနိုင်ခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် ကျင်‌့သုံးရာတွင် အခြေခံသဘောတရားခြင်း တူသော်လည်း တစ်နိုင်ငံနှင်‌့ တစ်နိုင်ငံ တူညီမှု မရှိပါကြောင်း၊ မိမိတို့ နိုင်ငံကို ကိုယ့်နိုင်ငံ၊ ကိုယ့်အခြေအနေ၊ ကိုယ်‌့သမိုင်းကြောင်းနှင်‌့ လိုက်လျောညီထွေ ဖြစ်သည့် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲပြဋ္ဌာန်းခဲ့ပါကြောင်း။

မိမိ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာချိန်တွင် ဥပဒေရေးရာနှင်‌့ အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်ကို ဥပဒေပညာရှင်များ၊ နိုင်ငံရေးကျွမ်းကျင်သူများ၊ စီးပွားရေး ပညာရှင်များ၊ အငြိမ်းစားသံအမတ်ကြီးများ၊ နယ်ပယ် အသီးသီးမှ ကျွမ်းကျင်ပုဂ္ဂိုလ်များဖြင်‌့ ဖွဲ့စည်းပေးခဲ့ကြောင်း၊ အဆိုပါကော်မရှင်သည် လက်ရှိတည်ဆဲ ဥပဒေများနှင်‌့ နိုင်ငံရေး၊  လူမှုရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို လေ့လာသုံးသပ်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေ့လာသုံးသပ်ခြင်းသည် အင်မတန်သိမ်မွေ့ နက်နဲပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင်‌့ပတ်သက်၍ တစ်ကြိမ်ပြဋ္ဌာန်းလိုက်ရုံနှင့် ပြီးပြည့်စုံပြီဟု မဆိုနိုင်ကြောင်း၊ အစဉ်အမြဲ မှန်ကန်ကောင်းမွန်နေမည်ဟု ယူဆ၍မရ ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းထား သည့် ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီက ယမန်နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် လေ့လာတွေ့ ရှိချက်နှင်‌့ သုံးသပ် ချက် အစီရင်ခံစာကို တင်သွင်းခဲ့ကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သုံးသပ်ရာတွင် တိုင်းပြည်တည်ငြိမ်ရေးနှင်‌့ ဖွံ့ဖြိုး တိုးတက်မှုကို မထိခိုက်ဘဲ ပိုမိုကောင်းမွန် ဖြစ်ထွန်းစေရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် အမျိုးသား ပြန်လည်သင်‌့မြတ်ရေး၊ တရားဥပဒေစိုးမိုးရေးကို မထိခိုက်စေဘဲ ပိုမိုဖော်ဆောင်နိုင်ရေး၊ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကို အရှိန်အဟုန် ပိုမိုကောင်းစေရေးဆိုသည့် အချက်(၃)ချက်ကို အခြေခံစဉ်းစားရန်လိုကြောင်း၊ နိုင်ငံတကာ စံနှုန်းများကိုကြည့်ကာ ဆန္ဒစောပြီး ‌ဆောင်ရွက်ရန် မသင့်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်သည်မှာ မကြာသေး၍ မပြင်ဆင်သင်‌့သေးဟု ဇွတ်မှိတ်ပြောဆို၍လည်း မရပါကြောင်း၊ ဆင်ခြင်တုံ တရားဖြင်‌့ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးရှိမည့် ကိစ္စရပ် များကို ရဲရဲဝံ့ဝံ့ စဉ်းစားဆုံးဖြတ်ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း။

မိမိတို့နိုင်ငံကို ပါတီစုံဒီမိုကရေစီနှင်‌့ ဈေးကွက်စီးပွားရေးစနစ် ကျင်‌့သုံးပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်မည်ဆိုသော ရည်မှန်းချက်ကို ဆက်လက် အကောင်အထည်ဖော်သွားရမည်ဖြစ်ကြောင်း၊ ပါတီအချင်းချင်း ရန်ဖက်ကဲ့သို့ သဘော မထားဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးအတွက် အကျိုးဖြစ်ထွန်းစေ မည့် ကိစ္စရပ် များကို ပူးပေါင်းဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ အာဏာရပါတီပင်ဖြစ်စေ အပြုသဘောဖြင်‌့ ဝေ ဖန်ထောက်ပြမှုများကို ပြုပြင်သွားရမှာဖြစ်ပြီး လွှတ်တော်တွင်းရှိ  မည်သည့်ပါတီနှင်‌့ မဆို လက်တွဲဆောင်ရွက်  သွားရမည်ဖြစ်ကြောင်း။

နိုင်ငံတော်သမ္မတကြီး၏ ပြည်သူ့ဗဟိုပြု လုပ်ငန်းလမ်းညွှန်မှုကို အလေးထား ဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း၊ နိုင်ငံတစ်ဝန်းလုံး၌လည်း ခရိုင်၊ မြိ့နယ်အဆင့်အထိ စီမံခန့်ခွဲရေးကော်မတီများ ဖွဲ့စည်းစီမံပေး ထားကြောင်း၊ စီမံခန့်ခွဲရေးကော်မတီများတွင် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်ကြ၍ မိမိတို့ မြို့နယ်ဖွံ့ဖြိုးတိုး တက်ရေးကို အဓိက ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ၎င်းတို့၏ လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့များနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့များက ဝိုင်းဝန်းကူညီ ဆောင် ရွက်ပေးကြရမှာ ဖြစ်ကြောင်း။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် စေတနာကို အရင်းခံပြီး လုပ်ရည်ကိုင်ရည် ပြည့်ဝ စွာဖြင်‌့ ဆောင်ရွက်သွားရန်လိုကြောင်း၊ ဥတ္တရခရိုင်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်နည်းလုပ်ဟန် မှန်ကန်စွာဖြင်‌့  ဥပဒေနှင့်အညီ ကျင်‌့သုံးဆောင်ရွက်ကြရန် လိုကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရန် ဆောင်ရွက်ရာတွင် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးကြောင်း၊ ကိုယ်‌့အရပ်၊ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ခြင်းမှတစ်ဆင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ အခြားနိုင်ငံများ နည်းတူ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရာတွင် ဆောင်ပုဒ်များ၊ ကြွေးကြော်သံများနှင်‌့ မလုံလောက် ဘဲ အမှန်တကယ် ထိရောက်စွာ အကောင်အထည်ဖော်ကြရမည် ဖြစ်ကြောင်းဖြင်‌့ ရှင်းလင်းပြောကြား သည်။

ထို့နောက် ဇေယျာသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ် တို့မှ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌများက ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသိန်းညွန့် က နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖွံ့ဖြိုးရေးဆောင်ရွက်ချက်များကို ဖြည့်စွက်ဆွေးနွေး တင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော်နာယက က ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ရက်