Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သတင်းမီဒီယာသမား များအားတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်တွင်း သတင်း ဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများနှင့် ပြည်တွင်းသတင်းစာ၊ ဂျာနယ်များမှ အယ်ဒီတာနှင့် သတင်းထောက်များအား ယနေ့မွန်းလွဲ (၁၂)နာရီ (၁၀)မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် (C) ဆောင် ဒုတိယထပ်၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုလွှတ်တော်နာယကသည် သတင်းမီဒီယာသမားများ၏ မေးမြန်းချက်များ အပေါ် ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြပြီး ပြည်တွင်းသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပ သတင်းဌာနများနှင့် ပြည်တွင်း သတင်းစာ၊ ဂျာနယ်(၄၁) ခုတို့မှ အယ်ဒီတာနှင့် သတင်းထောက် စုစုပေါင်း (၄၉)ဦး တက်ရောက်ခဲ့ကြသည်။