Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဂျပန်-မြန်မာ အသင်းဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့အားလက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ Hon.Mr.Hideo WATANABE ဦးဆောင်သောအဖွဲ့အား ဇွန်လ ၂၆ ရက် ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့ လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲ သို့ပြည်ထောင်စု လွှတ်တော်နာယကနှင့် အတူနိုင်ငံတကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးခင်မောင်ထွန်း၊ ဦးခင်မောင်စိုး၊ ဦးဝင်းမြင့်၊ ဦးကြည်ထွဋ်ဝင်းနှင့်   ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိ သူများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံစဉ် ဂျပန်-မြန်မာနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။