Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်လိုက်လျောညီထွေမှုရှိမည့်ရွေးကောက်ပွဲ စနစ်ပေါ်ပေါက် လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်(၁/၂၀၁၄)ညှိနှိုင်း အစည်းအဝေးကျင်းပ

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲ စနစ်ပေါ်ပေါက်လာစေရန်လေ့လာသုံးသပ်ရေးကော်မရှင်၏(၁/၂၀၁၄)ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၂) နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် (C-ဆောင်အပေါ်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။

 ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ်ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်မောင်ဦး (ရွှေပြည်သာမဲဆန္ဒနယ်) ကအဖွင့်အမှာစကားပြောကြားသည်။

 ထို့နောက် ကော်မရှင်အတွင်းရေးမှူး ဦးသိန်းထွန်းဦး (အမရပူရ မဲဆန္ဒနယ်) နှင့် ကော်မရှင်အဖွဲ့ဝင်များက ဆွေးနွေးပြောကြားကြသည်။

 ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲ စနစ်ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်ကို ဥက္ကဋ္ဌ ဦးတင်မောင်ဦး (ရွှေပြည်သာမဲဆန္ဒနယ်)၊ အတွင်းရေးမှူးဦးသိန်းထွန်းဦး (အမရပူရ မဲဆန္ဒနယ်)၊ တွဲဘက် အတွင်းရေးမှူးဦးသန်းဝင်း (တောင်တွင်းကြီး မဲဆန္ဒနယ်) အပါအဝင် အဖွဲ့ဝင် (၂၄) ဦးဖြင့် ဖွဲ့စည်းထားသည်။

 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၂ နှင့်ပုဒ်မ ၇၀ တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်နှင့် လိုက်လျောညီထွေမှုရှိပြီး ဒီမိုကရေစီစနစ်ကို ပိုမိုဖော်ဆောင်နိုင်သော ရွေးကောက်ပွဲစနစ်ကို ရွေးချယ်ကျင့်သုံးနိုင်ရေးအတွက် “ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်နှင့် လိုက်လျော ညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်” ကိုဖွဲ့စည်း လိုက်ခြင်းဖြစ်ကြောင်း သိရသည်။