Skip to main content

ပြည်သူ့လွှတ်တော် စာကြည့်တိုက်သို့ World Bank မှ စာအုပ်များ လှူဒါန်းပွဲနှင့် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

ပြည်သူ့လွှတ်တော်ရုံး စာကြည့်တိုက်သို့ World Bank Office Bangkok မှ စာအုပ် လှူဒါန်းပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် (C) ဆောင် စာကြည့်တိုက်နှင့် ဒုတိယထပ်အစည်းအဝေးခန်းမတို့တွင် ကျင်းပသည်။

အဆိုပါစာအုပ်လှူဒါန်းပွဲတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက  ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာထံ Senior Country Economist , and Task Team Leader of Myanmar , Mr. Shabih Ali Mohib က စာအုပ်မျိုးစုံ (၅၂) အုပ်ကို ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရာ ပြည်သူ့လွှတ်တော် အခွင့်အရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာစိုးရင်က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက်  Mr.Shabih Ali Mohib မှ “How Parliamentarians Can Review and Oversight of Public Spending Better” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြီး တက်ရောက် လာသူများက ပြန်လည်ဆွေးနွေးကြသည်။

အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင် များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။