Skip to main content

ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒာကျော်စွာ Oxford University မှ Mr. Andrew McLeod ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၀ နံနက် ၀၉း၀၀ တွင် Oxford University မှ ကထိကဖြစ်သူ Mr. Andrew McLeod ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-1) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင်   (၂၀၀၈) ခုနှစ်   ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ     လေ့လာသုံးသပ်ရေး ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ လူမှုအဖွဲ့အစည်းအသီးသီးနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီမှ ပေးပို့သော အကြံပြုစာကိစ္စရပ်များ၊ Oxford University မှ မြန်မာနိုင်ငံရှိ ရန်ကုန်တက္ကသိုလ် ဥပဒေဌာန၏ စာကြည့်တိုက်၊ သင်ကြားမှုနှင့် သုတေသနမှု လုပ်ငန်းများအား အကူအညီ ပေးရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။