Skip to main content
ဒုတိယအကြိမ်

အမည်

ဦးအောင်ထွန်းခိုင်

အခြားအမည်

ဦးချိန်ဝင်း

လူမျိုး/ဘာသာ

မွန်+ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၀/ရမန(နိုင်)၁၁၅၁၄၇

မွေးသက္ကရာဇ်/အသက်

၁၇-၂-၁၉၄၈/(၆၇) နှစ်

မွေးဖွားရာဇာတိ

မွန်ပြည်နယ်၊ ရေးမြို့

ပညာအရည်အချင်း

M.B.B.S (Rgn) ၊ 1976,Dec

လက်ရှိအလုပ်အကိုင်

အထွေထွေဆေးကုဂေဟာ၊ ရော်ဘာခြံစိုက်ပျိုးခြင်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဟုတ်ရှင်၊ (ကွယ်လွန် )(၁၂-၈-၂၀၀၂)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကျင်ဝမ်း၊ ၁၀/ရမန(နိုင်)၀၇၂၈၃၅၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အေးအေးဆင့်၊ ၁၀/ရမန(နိုင်)၀၈၅၀၉၊ကျန်းမာရေးဆရာမ (အငြိမ်းစား)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်အောင်ဖြိုးခိုင်၊ ၁၀/ရမန(နိုင်) ၁၆၁၉၆၇၊ Junior Engineer (WHO)

(၂) မဆန်းကေခိုင်၊ ၁၀/ရမန(နိုင်)၁၆၁၉၆၈၊အငယ်တန်းစာရေး(ကမ္ဘာ့ရတနာဘဏ်)

(၃) မစုသန့်ခိုင်၊ ၁၀/ရမန(နိုင်)၁၉၉၈၉၈၊ Fashion Design

(၄) မကြည်ဖြူခိုင်၊ ၁၀/ရမန(နိုင်)၁၉၉၈၉၇ ကျောင်းသူ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၁၃)၊ နတ်မောက်လမ်း၊ ရန်ကြီးအောင် ရပ်ကွက်၊ ရေးမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကိုရေးမြို့၊ အ.မ.က(၁)မော်လမြိုင်မြို့ ရှင်မဟာဗုဒ္ဓဃောသ အထက်တန်းကျောင်းနှင့် အ.ထ.က(၁) မော်လမြိုင်မြို့တို့တွင် ပညာသင်ယူခဲ့သည်။ ဆေးတက္ကသိုလ် (၁)ရန်ကုန်တွင် တက်ရောက်ပညာသင်ကြားခဲ့ပြီး M.B.B.S (Rgn) ဘွဲ့ရရှိခဲ့သည်။ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန် အဖြစ်လည်းကောင်း၊ မြိတ်မြို့ပြည်သူ့ဆေးရုံခုတင်(၁၀၀)တွင် လ/ထဆေးရုံအုပ်ကြီး အဖြစ်လည်းကောင်း၊ မွန်ပြည်နယ်၊ ရေးမြို့ ပြည်သူ့ဆေးရုံ ခုတင်(၂၅)တွင် မြို့နယ် ဆရာဝန်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ပညာရေး၊ ကျန်းမာရေးငွေစုငွေချေးအသင်းဥက္ကဋ္ဌ ရေးမြို့နှင့် ဘုတ်ပြင်းမြို့ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ ရေးမြို့ သဘာဝဘေးအန္တရာယ်တားဆီးရေးအဖွဲ့ အတွင်းရေးမှူးနှင့် ပိဋကတ်ဓမ္မဗိမာန်စာကြည့်တိုက် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။