Skip to main content

ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး ဥရောပ သမဂ္ဂမှ Dr. Hans Born ဦးဆောင်သည့် အဖွဲ့အားလက်ခံတွေ့ဆုံ

 ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကိုယ်စား နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး သည် ဥရောပသမဂ္ဂမှ   Dr. Hans Born  ဦးဆောင်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား အကူအညီပေးရေး ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့အား ဇူလိုင်လ ၄ ရက် နံနက် (၈း၃၀)နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် I-1 ၌လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဥရောပသမဂ္ဂ က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာအကူအညီပေးရေး အစီအစဉ် များကို ရှင်းလင်းပြောကြားပြီး၊ လွှတ်တော်များ၏ စောင့်ကြည့်၊ ထိန်းညှိမှု လုပ်ငန်းစဉ်များ၊ နိုင်ငံတကာ ရဲတပ်ဖွဲ့များအနေနှင့် လွှတ်တော်များသို့ တာဝန်ခံမှု၊ လွှတ်တော်များမှ သက်ဆိုင်ရာကော်မတီများနှင့် ဆက်စပ်ဆောင်ရွက်မှုများကို  ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် အတူ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာစိုးရင်၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်အေးအေးမူ၊ ဦးခင်မောင်စိုး၊ ဦးညီထွန်း၊ ဦးညွန့်ဝင်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။