Skip to main content

ပြည်သူ့လွှတ်တော်၊လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်တို့သည် Chemonics International အဖွဲ့အစည်းအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်တို့သည် Chemonics International အဖွဲ့အစည်းအား ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် USAID ၏ ငွေကြေးထောက်ပံ့မှုဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများတွင် မူဝါဒပိုင်းဆိုင်ရာများ၊ အသေးစားချေးငွေလုပ်ငန်းများ၊ စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းများ စသည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ရန် ကိစ္စရပ်များနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီ ပေးနိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌများနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့်စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတအတွင်းရေးမှူး ဦးအောင်ကျော်ကျော်ဦးနှင့် ကော်မတီနှစ်ရပ်မှ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်