Skip to main content

ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌတို့ WESTMINSTER FOUNDATION FOR DEMOCRACY မှ အကြီးတန်းအကြံပေးပညာရှင် Ms. Shanon O’ Connell အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်အောင်နှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အောင်ထွန်းခိုင် (ခ) ဦးချိန်ဝင်းတို့ WESTMINSTER FOUNDATION FOR DEMOCRACY (WFD) မှ အကြီးတန်းအကြံပေး ပညာရှင် Ms. Shanon O’ Connell အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်အောင်နှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အောင်ထွန်းခိုင် (ခ) ဦးချိန်ဝင်းတို့သည် WESTMINSTER FOUNDATION FOR DEMOCRACY (WFD) မှ ကျား၊မရေးရာနှင့် နိုင်ငံရေးဆိုင်ရာ အကြီးတန်း အကြံပေး ပညာရှင် Ms. Shanon O’ Connell အား ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန် တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်နှင့် နိုင်ငံသားများ၏ ထိတွေ့ဆောင်ရွက်မှုများ၊ လွှတ်တော်တွင် အမျိုးသမီး များ၏ ခေါင်းဆောင်မှုများနှင့် ကျား၊မရေးရာနှင့်စပ်လျဉ်း၍ အမျိုးသမီးများ၏ အခန်းကဏ္ဍများကို   ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၇ ရက်