Skip to main content

ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်း Food and Agriculture Organization အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်းသည် Food and Agriculture Organization အဖွဲ့အား ယနေ့  မွန်းလွဲ   ၁၂ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများ ဆုံးရှုံးမှုမရှိစေရန် သစ်တောရေးရာစီမံခန့်ခွဲမှု၊ ရာသီဥတုနှင့် ကိုက်ညီစွာ စိုက်ပျိုးနိုင်ရေး နည်းစနစ်သစ်များ နှင့်စပ်လျဉ်း၍ စိတ်ပါဝင်စားသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲပြုလုပ်ခြင်းဖြင့် အသိပညာမျှဝေနိုင်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၆ ရက်