Skip to main content

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် Aung Zayar Min Co.,Ltd  အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်သည် Aung Zayar Min Co.,Ltd  အဖွဲ့အား ယနေ့  မွန်းလွဲ  ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံရာတွင် Aung Zayar Min Co.,Ltd အနေဖြင့် စီးပွားရေးဆိုင်ရာစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ငွေကြေးရင်းနှီးမြှုပ်နှံမှု ရရှိနိုင်မည့် နည်းလမ်းများအား ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့  ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၆ ရက်