Skip to main content

ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်အေးနှင့် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်တို့ Aung Zay Yar Min Co.,Ltd အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်အေးနှင့် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်တို့သည် Aung  Zay  Yar  Min Co.,Ltd အဖွဲ့အား ယနေ့မွန်းလွဲ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင အဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သော အရင်းအနှီးများ ရရှိနိုင်သော နည်းလမ်းများနှင့်  လုပ်ထုံးလုပ်နည်းများအား  ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့  ကော်မတီ ဥက္ကဋ္ဌများနှင့်အတူ စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးခင်မောင်စိုး၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးတင်ထွန်းနိုင်နှင့် ကော်မတီနှစ်ခုမှ ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ရက်