Skip to main content

တရုတ်ပြည်သူ့နိုင်ငံရေးတိုင်ပင်ခံကွန်ဖရင့်၏ (၁၃)ကြိမ်မြောက် စီးပွားရေး ဆပ်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ

ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဖွံ့ဖြိုး တိုးတက်ရေး ကော်တီဥက္ကဋ္ဌ ဦးခင်အေး၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်လည်ပတ် သော တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ (၁၃)ကြိမ်မြောက် စီးပွားရေး ဆပ်ကော်မတီဥက္ကဋ္ဌ H.E.Mr. Shang Fulin နှင့်အဖွဲ့သည် ယနေ့ညနေ ၅ နာရီ မိနစ် ၂၀ တွင် နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိသည်။

ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့်ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်အေး၊ အတွင်းရေးမှူး ဦးခင်မောင်စိုးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် ၌ ကြိုဆိုနှုတ်ဆက်ကြသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၄ ရက်