Skip to main content

အမည်

ဦးတီခွန်မြတ်

အခြားအမည်

Jeffery

လူမျိုး/ဘာသာ

ကချင်/ခရစ်ယာန်

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၃/ကခန(နိုင်)၀၀၃၉၂၉

မွေးသက္ကရာဇ်/အသက်

၃၀.၁၀.၁၉၅၀/(၇၀)နှစ်

မွေးဖွားရာဇာတိ

ရပ်ကွက်(၄)၊ ကွတ်ခိုင်မြို့

ပညာအရည်အချင်း

B.A (Law) LL.B

လက်ရှိအလုပ်အကိုင်

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးတီခွန်ဂေါင်၊ EQ-၀၀၁၇၀၁၊ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ဖော်ဂျန်ထု၊ ၁၃/ကခန(နိုင်)၀၀၃၉၂၈၊ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ရင်မေ၊ ၁၃/ကခန(နိုင်)၀၀၃၉၃၀၊ အထက်တန်းပြဆရာမ(ငြိမ်း)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်ခွန်ထီးဆိုင်၊ ၁၃/ကခန(နိုင်) ၀၅၀၇၂၁၊ မန်နေဂျင်းဒါရိုက်တာ၊ မြန်မာ ရွှေကုန်းမြင့်ကုမ္ပဏီ

(၂) မတီခမ်းဆိုင်၊ ၁၃/ကခန(နိုင်)၀၅၀၇၂၂ အတွင်းဝန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန

(၃) မောင်ခွန်ထီးမင်း၊ ၁၃/ကခန(နိုင်) ၀၅၄၃၇၄၊ ဒုတိယညွှန်ကြားရေးမှူး၊ ဥက္ကဋ္ဌရုံး၊ ပြည်သူ့လွှတ်တော်

အမြဲတမ်းနေရပ်လိပ်စာ

ဃ/၄၁၇၊ တာမိုးညဲလမ်း၊ ရပ်ကွက်(၄)၊ ကွတ်ခိုင်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တစ်သီးပုဂ္ဂလ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကွတ်ခိုင်မြို့နယ်

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

Stella Maris Convent၊ တောင်ကြီး အ.ထ.က၊ မေမြို့ အ.ထ.က - ၅ တို့တွင် အခြေခံပညာသင်ကြားခဲ့ပြီး ရန်ကုန်ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်မှ ဥပဒေဘွဲ့ ကိုရရှိခဲ့ပါသည်။
၁၉၇၅ ခုနှစ်တွင် အလုပ်သင်ရှေ့နေအဖြစ် လက်တွေ့သင်ကြားပြီး ၁.၃.၁၉၇၆ တွင် ဥပဒေဝန်ထမ်းအဆင့် ၄၊ ၁၉၈၁ မှ ၁၉၈၄ ထိ ကွတ်ခိုင်မြို့နယ် ပြည်သူ့ကောင်စီအလုပ်အမှုဆောင်၊ ၁၉၈၅ မှ ၁၉၈၈ ထိ တောင်ငူမြို့နယ် ဥပဒေရုံးတွင် ဥပဒေဝန်ထမ်းအဆင့် ၃၊ ၁၉၈၈ မှ ၁၉၉၀ထိ ကွတ်ခိုင်မြို့နယ် မဝတ အတွင်းရေးမှူး၊ ၁၉၉၀ မှ ၇/၂၀၁၀ ထိ ရှေနေချုပ်ရုံး ဥပဒေညွှန်ကြားရေးမှူး အဖြစ်တွဲဖက်ထားပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲမှုကိုခံယူ၍ ကွတ်ခိုင်ပြည်သူ့စစ်(ဌာနေ)၊ တိုက်ခိုက်ရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့ခေါင်းဆောင်အဖြစ် အထူးတာဝန်တစ်ရပ်အနေဖြင့် ထမ်းဆောင်ခဲ့ပါသည်။ ၎င်းအပြင် ၂၀၀၇ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မရှင်တွင်လည်းကောင်း၊ ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ကွတ်ခိုင်မြို့နယ်အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်အလုပ်အမှုဆောင်အဖြစ် လည်းကောင်း၊ ကွတ်ခိုင်ပြည်သူ့စစ် (တိုက်ခိုက်ရေးရဲတပ်ဖွဲ့) တပ်ဖွဲ့ခေါင်းဆောင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေသလုံခြုံရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ထမ်းဆောင်ခဲ့ပါသည်။
ရဲသူရတံဆိပ် (၁၉၈၉)၊ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ် (၁၉၈၉)၊ ဝန်ထမ်းကောင်းဆု(၁၉၈၉)၊ ရှေ့နေချုပ်ဒုတိယအဆင့် (၁၉၉၀)၊ ရဲချုပ်ဂုဏ်ထူးဆောင်လက်မှတ် (၁၉၉၃)၊ စီမံထူးချွန်တံဆိပ် တတိယအဆင့်(၂၀၀၂)၊ စီမံထူးချွန်တံဆိပ် (ဒုတိယအဆင့်) (၂၀၀၄)၊ ရှေ့နေချုပ်ပထမအဆင့်(၂၀၀၅) တို့ကို ရရှိခဲ့ပါသည်။
၂၀၁၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ကွတ်ခိုင် မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး၊ ယခုအခါ ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ စတင်၍ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ပြည်သူ့လွှတ်တော် ဒုတိယအကြိမ်ပုံမှန် အစည်းအဝေးတွင် (၁.၂.၂၀၁၆) ရက်နေ့မှ (၂၁.၃.၂၀၁၈) ရက်နေ့အထိ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး (၂၂.၃.၂၀၁၈) ရက်နေ့မှစတင်၍ ယနေ့အချိန်ထိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိပါကြောင်းနှင့် မိမိမဲဆန္ဒရှင် ပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိပါသည်။