Skip to main content

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီး H.E. Mr. Eduardo E. Kapunan,JR အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီး H.E. Mr. Eduardo E. Kapunan,JR ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ ၄ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ ပိုမိုကောင်းမွန်လာသော ဆက်ဆံရေး၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနည်းပညာတွင် ဖိလစ်ပိုင်နိုင်ငံ၏ ပံ့ပိုးကူညီမှု၊ နှစ်နိုင်ငံလွှတ်တော် ကိုယ်စားလှယ်များ၏ အတွေ့ အကြုံများ အပြန်အလှန်ဆွေးနွေးညှိနှိုင်းရေးနှင့် မြန်မာနိုင်ငံ၏ ချောမွေ့စွာ ဖြစ်ပေါ်လာသော နိုင်ငံရေးအပြောင်း အလဲကိစ္စရပ်တို့ကို  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

၂၀၁၈ ခုနှစ်၊ မေလ ၁၀ ရက်