Skip to main content

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း WHO Framework Convention on Tobacco Control Need Assessment Mission အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်း သည် WHO Framework Convention on Tobacco Control Need Assessment Mission အဖွဲ့အား ယနေ့ နံနက် ၉ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့်ဆေးရွက်ကြီးသောက်သုံးမှုထိန်းချုပ်ရေး မဟာဗျူဟာ၊ FCTC 2030 : Strategy Myanmar နှင့်ပတ်သက်၍ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းများ သောက်သုံးမှုလျှော့ချနိုင်ရန် အရှိန်အဟုန်မြှင့်၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ၏ လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများအား ပြည်သူ လူထုအတွင်း အသိပညာဗဟုသုတနှင့် အလေ့အကျင့်ကောင်းများ ပိုမိုပေါ်ထွန်းလာစေရန် ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ  ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

၂၀၁၈ ခုနှစ် ၊ မေလ       ရက်