Skip to main content
ဒုတိယအကြိမ်

အမည်

ဦးဝင်းမြင့်အောင်

အခြားအမည်

ဦးနီ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၅/ဒပယ(နိုင်)၀၀၇၁၄၃

မွေးသက္ကရာဇ်/အသက်

ဆန်း(၇)၊ ၆၊ ၁၃၁၇ ခုနှစ်/(၆၁)နှစ်

မွေးဖွားရာဇာတိ

စိုင်ပြင်ကျေးရွာ၊ ဒီပဲယင်းမြို့နယ်

ပညာအရည်အချင်း

B.Sc(Botany)

လက်ရှိအလုပ်အကိုင်

ဈေးသည်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဗိုလ်စိန်၊ DQ ၀၀၁၃၂၄၊ ဆန်စက်၊ ဆီစက်

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တွတ်၊ ၅/ဒပယ(နိုင်)၀၀၇၁၂၀၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်အုန်းမြင့်၊ ၅/ဒပယ(နိုင်)၀၉၅၀၁၉၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ကိုဗိုလ်ဇမ္ဗူ၊ ၅/ဒပယ(နိုင်)၀၆၁၇၈၁၊ သီးနှံရောင်းဝယ်ရေး၊ စိုင်ပြင်ကျေးရွာ၊

(၂) ကိုအောင်ဇမ္ဗူ၊ ၅/ဒပယ(နိုင်)၀၇၄၈၂၇၊မှီခို၊ စိုင်ပြင်ကျေးရွာ

အမြဲတမ်းနေရပ်လိပ်စာ

စိုင်ပြင်ကျေးရွာ၊ ဒီပဲယင်းမြို့နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဗဟိုကော်မတီဝင်၊ တိုင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင်၊ မြို့နယ်ဥက္ကဋ္ဌ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒီပဲယင်းမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

  မူလတန်းမှ အလယ်တန်းထိ စိုင်ပြင် အ-လ-က၊ ၁၉၇၂ မှ ၁၉၇၃ နဝမတန်း မုံရွာ အ.ထ.က(၁)၊ ၁၉၇၃-၇၄ မှ ၁၉၇၄-၇၅ စိုင်ပြင် တွဲဘက်-အ-ထ-က တို့တွင် ပညာသင်ကြားခဲ့ပါသည်။ ဆက်လက်၍ ၁၉၇၅-၇၆ မှ ၁၉၇၆-၇၇ ထိ မြစ်ကြီးနားကောလိပ်၊ ၁၉၇၇-၇၈ မှ ၁၉၇၈-၇၉ ထိ မန္တလေးတက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပါသည်။

  ၁၉၈၀ မှ ၁၉၈၈ထိ ဆီစက်လုပ်ငန်း၊ ၂၀၀၁ မှ ၂၀၀၈ ထိ ဆန်စက်လုပ်ငန်း ၁၉၈၉ မှ ယနေ့ထိ ဈေးသည်နှင့် သီးနှံရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်ခဲ့ပါသည်။

၁၉၈၉ မတ်လတွင် NLD ပါတီဝင်၊ ၁၉၉၀ ပြည့်နှစ်တွင် ပြည်သူ့လွှတ်တော် ရွေးချယ်ခံကိုယ်စားလှယ်(မဲဆန္ဒနယ်-၂)၊ ဒီပဲယင်းမြို့နယ်၊ ၁၉၉၃ တွင် အမျိုးသားညီလာခံ ကိုယ်စားလှယ်၊ ၁၉၉၅ နိုဝင်ဘာလတွင် အမျိုးသား ညီလာခံမှ ကန့်ကွက်ထွက်ခွာ၊ ၁၉၉၆ ခုနှစ်တွင် မြို့နယ်ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီပဲယင်းမြို့နယ်၊ ၂၀၀၁ ခုနှစ်တွင် မြို့နယ်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီပဲယင်းမြို့နယ်၊ ၂၀၀၅ ခုနှစ်တွင် တိုင်းစည်းရုံးရေးအဖွဲ့ဝင်၊ ၂၀၁၀ ခုနှစ်တွင် ဗဟိုကော်မတီဝင်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ ပါတီညီလာခံမှ ရွေးချယ်သည့် ဗဟိုကော်မတီဝင်၊ တိုင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင်၊ မြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ၊ စိုင်ပြင်တွဲဘက်အထက်တန်းကျောင်း၊ ကျောင်းသား ကျောင်းသူဟောင်းများအဖွဲ့ခေါင်းဆောင်၊ ၂၀၁၂-၂၀၁၄တွင် အာစရိယပူဇော်ပွဲများ ဦးဆောင်ကျင်းပခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ရွှေဘို ငလျင်ဘေးအား ပါတီနှင့်အတူ စိုင်ပြင်ဈေးအတွင်းအလှူခံ၍ လှူဒါန်းခဲ့ပါသည်။ ၂၀၁၅ ဒီပဲယင်းမြို့နယ်၊ ဆူးတပ်၊ မူးကမ်း၊ ရေဘေးအား NLD ပါတီနှင့် စေတနာရှင်အသင်းတို့ ပူးပေါင်းပြီး စိုင်ပြင်ဈေး အလှူခံရငွေ ကျပ်(၂၀)သိန်း ဦးဆောင်လှူဒါန်းခဲ့ပါသည်။ ဒီပဲယင်းမြို့နယ် လက်လှုပ်အုပ်စုရေဘေးတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်အတူ ဒီပဲယင်းမြို့နယ် NLD မှ ဆန်တင်း(၄၀)ပါဝင်လှူဒါန်းခဲ့ပါသည်။ 

  ၁၉၉၆-၉၇ တွင် ရေဦး‌ဆောက်လုပ်ရေးရိပ်သာအတွင်း (၁၀)ရက် (၃)ကြိမ် ထိန်းသိမ်းခံရခြင်း၊ ပါတီဗဟိုမှ လွှတ်တော်ကိုယ်စားလှယ်များကို အစည်းအဝေးဖိတ်သည့်အခါတိုင်း ထိန်းသိမ်းခံရခြင်း၊ ၁၉၉၈ ပုဒ်မ၅/၁(စ၊ဆ)ကို ဆန့်ကျင်၍ ရဲစခန်းတွင်လက်မှတ်မထိုးသဖြင့် ဒီပဲယင်းတွင်(၁၅)ရက်၊ ရေဦးသို့ပြောင်း၍ (၂)လကြာထိန်းသိမ်းခံရခြင်း၊ ၎င်းနောက် ခရီးသွားခြင်း တားမြစ်ခံထားရသည့် အခြေအနေအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ခေါ်ယူရေး တိုက်ပွဲအတွက် ရန်ကုန်အဖွဲ့ချုပ်ရုံးသို့ ခရီးထွက်ခဲ့သည်။ သြဂုတ်လ(၂၉)တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အသွား တက္ကသိုလ်ရိပ်သာလမ်းတွင် ဦးစောအောင်၊ ဦးခင်ဇော်(မုံရွာ)တို့နှင့်အတူ ဖမ်းဆီးခံရပြီး မုံရွာရဲရိပ်သာတွင် (၃)နှစ်ထိန်းသိမ်းခံရပါသည်။ ထိန်းသိမ်းထားဆဲ ၁၉၉၉ ၌ ဒီပဲယင်းမြို့နယ်တွင် အစိုးရ၏ဖိနှိပ်ချုပ်ချယ်မှုများကို သတင်း(၄)စောင် ဗဟိုနှင့် (DVB)သို့ ရေးသားပေးပို့ခဲ့သဖြင့် ဆွေမျိုးရင်းချာ(၄)ဦးကိုပါ ပုဒ်မအသီးသီးတပ်၍ ဖမ်းဆီးပြီး (၁)လကြာ အချုပ်ချခံခဲ့ရပါသည်။ ၂၀၀၁-၂၀၀၂ အစိုးရစပါးဝယ်ယူရာတွင် မြို့နယ်အာဏာပိုင်များမှ တောင်သူလယ်သမားများအပေါ် ဖိနှိပ်လွန်းသဖြင့် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာရေးတင်ပြခဲ့ပါသည်။ ၂၀၀၂-၂၀၀၃ ပါတီ၏ စည်းရုံးရေး လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်း ပါတီစည်းရုံးရေးလုပ်စဉ် မ.ဝ.တ၏ သတိပေးခြင်းခံရခြင်းခံခဲ့ရပါသည်။ ၂၀၀၃ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ် မတိုင်မီမေလ (၂၂)ရက်နေ့တွင် ဦးဝင်းမောင် (မြို့နယ်အလုပ်အမှုဆောင်)၊ ဦးတင်လှိုင်(၁၉၉၆ လယ်သမား ဆန္ဒပြပွဲခေါင်းဆောင်) တို့နှင့်အတူ ဖမ်းဆီးခံရပြီး ၅၀၅/ခ ဖြင့် ပြစ်ဒဏ် (၂)နှစ်ချမှတ်ခံရပြီး ရွှေဘိုထောင်တွင် (၁၁)လကြာ နေခဲ့ရပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်မဲပေးရန်စည်းရုံးစဉ်ကာလတွင် ဆန်စက်လိုင်စင်ရုပ်သိမ်းခံရပြီး ၂၀၁၂ ဖေဖော်ဝါရီလမှသာ လိုင်စင်ပြန်ရခဲ့ပါသည်။ အားကစားဝန်ကြီးဌာန၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ထောက်ခံမဲပေးရန် စည်းရုံးရေးခရီးစဉ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဟံသာမြင့်၏ ခရီးစဉ်တိုက်ဆိုင်နေပြီး နေအိမ်ရှာဖွေ ခံခဲ့ရပါသည်။ မုံရွာမြို့တွင်ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအုန်းကြိုင် ခေါင်းဆောင်သော ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့သို့ သွားရောက်၍ မိမိအခြေအနေကို သတင်းပို့ခဲ့သဖြင့် ပုဒ်မ ၂၉၂ ၊ ၃၁/ခ တို့ဖြင့် ထောင်ဒဏ်(၃)နှစ်(၃)လ ကျခံခဲ့ရပါသည်။

  ၁၉၈၅ မှ ၁၉၉၆ ထိ ရွှေသိမ်တော်ဘုရားဂေါပကအဖွဲ့ဝင်၊ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် ၊ စည်ရှင်ကျောင်း၊ ဒီပဲယင်းမြို့နယ် ဆွမ်းဆန်စိမ်းအလှူခံတွင် အမြဲတမ်းအဖွဲ့ဝင်၊မုံရွာမြို့ ပဇ္ဇောတာရုံကျောင်းတိုက်၊ ဒီပဲယင်းမြို့နယ်၊ ဆွမ်းဆန်စိမ်း အလှူခံတွင် အမြဲတမ်းအဖွဲ့ဝင် ဖြစ်ခဲ့ပါသည်။