Skip to main content

ဦးတီခွန်မြတ်၏ “တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဌာန်းရေး” အဆိုကို ဒေါ်ဇာတလဲမ်း မှဆွေးနွေး

             ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာတလဲမ်း၊ ထန်တလန် မဲဆန္ဒနယ်မှ ဆွေးနွေးရာ ဦးတီခွန်မြတ်၏ အဆိုကို မိမိမှ ထောက်ခံဆွေးနွေးလိုကြောင်း၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရယူရန် တိုင်းရင်းသားများစည်းရုံးတဲ့အချိန်မှာ အုပ်ချုပ်ရေးများ ကိုယ်တိုင်စီရင် ပိုင်ခွင့်ပေးမည်၊ တန်းတူညီတူ အခွင့်အရေးခံစားမည်ဆိုတဲ့ ကတိပေးသောကြောင့် လွတ်လပ်ရေးအတွက် တိုင်းရင်းသားခေါင်းဆောင်များ အားလုံးပူးပေါင်းပြီး လက်မှတ်ရေးထိုးခြင်း ဖြစ်ပေမယ့် အခုအချိန်ထိ တိုင်းရင်းသားများမှာ တန်းတူညီမျှခွင့် မရသေးလို့ ခံစားရပါတယ်။ လွတ်လပ်ရေး အကျိုးအမြတ် မခံစားရသေးပါဘူးရှင့်။ ချင်းတိုင်းရင်းသားများဟာ ဒေသမှာ သယံဇာတ ဘာမှမထွက်ဘူး ဆိုပြီးမှ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းအောင် မလုပ်ပေးဘူး။ ဝေမျှပေးရင် ပြည်ထောင်စုစိတ်ဓာတ် ပီသပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ပိုပြီးဖြစ်စေကြောင်းနှင့် ချင်းပြည်နယ်ဟာ အလွန်သာယာလှပ သည့်အတွက် နိုင်ငံခြားသားများ ကြိုက်နှစ်သက်တဲ့ ရှုခင်းများ၊ ရိုးရာဓလေ့များကို အကြောင်းပြ၍ ချင်းပြည်နယ်ကို နိုင်ငံခြားသားများသွားလာခွင့် ခရီးသွားလုပ်ငန်း လုပ်ပေးရင် ချင်းပြည်နယ်အတွက် ဝင်ငွေများစွာရရှိပြီး သားရွှေအိုးရကိန်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက်ရော၊ ချင်းပြည်နယ်အတွက်ရော အလွန်ကောင်းမွန်မှာဖြစ်ပါကြောင်း၊ မိမိ ဆွစ်ဇာလန်နိုင်ငံသံအမတ်နှင့် တွေ့စဉ်က သူတို့နိုင်ငံမှာ လူမျိုးကွဲပြားပြီး လူမျိုးပေါင်းစုံရှိကြောင်း ထိုလူမျိုးပေါင်းစုံ၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးကြောင်း စီမံခန့်ခွဲမှုကောင်းလို့ ၎င်းတို့နိုင်ငံမှာ ငြိမ်းချမ်းစွာ အတူနေထိုင်ပြီး တိုင်းပြည်အလွန်တိုးတက်နေကြောင်း မိမိတို့ ချင်းတိုင်းရင်းသားနှင့် ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသားများမှာ ဗိုလ်မှူးကြီးအဆင့်နှင့် ရာထူးကြီးများသောအဆင့်များမှ ခွဲခြားမှုများ၊  ဘာသာရေး အခွင့်အလမ်းများ ဘာသာရေးအဆောက်အအုံများ ဆောက်တဲ့အခါများတွင်လည်း လွတ်လပ်မှုမရှိ သေးကြောင်း နိဂုံးချုပ်အနေနဲ့ စာအုပ်ပေါ်မှာ ရှိတဲ့ဥပဒေမဟုတ်ဘဲနဲ့ ဥပဒေကိုလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ခြင်းအားဖြင့် တိုင်းရင်းသားများကာကွယ်ခြင်း ဥပဒေသည် ငြိမ်းချမ်းရေးကို ထာဝရ ငြိမ်းချမ်းရန် အထောက်အကူဖြစ်စေကြောင်း ဆွေးနွေးတင်ပြသွားကြောင်းသတင်းရရှိပါသည်။