Skip to main content

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး စွပ်စွဲပြစ်တင်ခြင်း ကိစ္စနှင့် ပတ်သက်ပြီး ပြည်သူ့ လွှတ်တော်က ဖွဲ့စည်းပေးတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ အစီရင်ခံစာကို လွှတ်တော်တွင် အဆုံးအဖြတ်ရယူ

ဥက္ကဋ္ဌ။           ။ ဆက်လက်ပြီး ဒီနေ့ လွှတ်တော်အတွင်းမှာ အစည်းတက်ရောက်နေကြ တဲ့ ပုဂ္ဂိုလ်များရှိပါတယ်။ ဒီနေ့ စာရင်းအရဆိုလို့ရှိရင် လွှတ်တော်အတွင်းမှာ အစည်းတက်ရောက်တဲ့ စာရင်း ဒါသည် သက်ဆိုင်ရာ ကော်မတီက တင်ပြချက်နဲ့ လွှတ်တော်က အတည်ပြုချက်ဖြစ်ပါသည်။ ဒီနေ့ လွှတ်တော်မှာ အစည်းအဝေးတက်ရောက်တဲ့ ကိုယ်စားလှယ် ၄၀၈ ဦးရှိပါတယ်။ စုစုပေါင်း ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၄၂၉ ဦးရှိပြီးတော့ အစည်းအဝေး တက်ရောက်သူ ၄၀၈ ဦး ရှိပါတယ်။ ၄၀၈ ဦးထဲကမှ တပ်မတော်က ၄၂၉ ဦးထဲမှာ တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ဦး ပါဝင်တာဖြစ်ပါတယ်။ ဒီနေ့ တပ်မတော်သား ကိုယ်စားလှယ် ၉ ဦး ခွင့်ယူပါတယ်။ ဒါကြောင့် တပ်မတော်သားကိုယ်စားလှယ်ဟာ ဒီနေ့ အစည်းအဝေးခန်းထဲမှာ ၁၀၁ ဦးဖြစ်ပါတယ်။ တပ်မတော်သားကိုယ်စားလှယ်ဟာ ၁၀၁ ဦး မှန် မမှန်လည်း သက်ဆိုင်ရာ တပ်မတော်သား ကိုယ်စားလှယ်ရဲ့ အကြီးအကဲက ပြန်လည် တင်ပြပေးပါ။ ၁၀၁ ဦးမှန်ပါတယ်။ ဒါကြောင့်မို့လို့ တပ်မတော်သား ကိုယ်စားလှယ်များ ချန်လပ်ပြီး တွက်မယ်ဆိုရင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၀၇ ဦး ဒီအခန်းထဲမှာ တက်ရောက်ပါတယ်။ ဒါကြောင့် ဒီအခန်းထဲမှာ တက်ရောက်တဲ့ ပုဂ္ဂိုလ်များ ဟာလည်း မိမိလွှတ်တော် ဥက္ကဋ္ဌမှတစ်ပါး လက်မှတ်ရေးထိုးထားတဲ့ တင်ပြထားတဲ့ ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မိမိတို့ လက်မှတ်ရေးထိုးပြီး စွပ်စွဲပြစ်တင်မှု ယနေ့ ပြည်သူ့လွှတ်တော် စစ်ဆေးရေး အဖွဲ့ရဲ့ တင်ပြမှုအပေါ် ကန့်ကွက်လိုတဲ့ လွှတ်တော်များ၊ လွှတ်တော်ကိုယ်စားလှယ်များ ရှိရလျှင် လက်မှတ် ရေးထိုးပြီး လွှတ်တော် ခန်းမအတွင်း ရောက်ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့ရဲ့ လက်မှတ် ရေးထိုးထားမှုကော စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တင်ပြချက်အပေါ်ကော ကန့်ကွက်လိုသူများရှိပါက မတ်တပ် ရပ်ပေးဖို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မတ်တပ်ရပ်ပေးဖို့ ဖြစ်ပါတယ်။ မတ်တပ်ရပ်ပေးဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ကန့်ကွက်သူ မရှိတဲ့အတွက် ယနေ့ လွှတ်တော် အစည်းအဝေး ခန်းမအတွင်းမှာ ရောက်ရှိနေတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၃၀၇ ဦးသည် စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ ဆုံးဖြတ် တင်ပြချက်ကို ထောက်ခံကြောင်း ဖြစ်သည်ကို တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့ ဒီဆုံးဖြတ်ချက်ကို လွှတ်တော်က အတည်ပြုပေးဖို့ ဖြစ်ပါတယ်။ လွှတ်တော်က သဘောတူပါသလား။

[သုံးကြိမ်တိုင်တိုင် မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။ ]

ဥက္ကဋ္ဌ။          ။ လွှတ်တော်က သဘောတူတဲ့အတွက် လွှတ်တော်က ဖွဲ့စည်းတဲ့ စစ်ဆေးရေး အစီရင် ခံစာအပေါ် ထောက်ခံသူ ယနေ့ အခန်းတွင်းရှိ ကိုယ်စားလှယ်စုစုပေါင်း ၃၀၇ ဦးဖြစ်ပြီး ၂၈၆ ဦးသည် လွှတ်တော် ကိုယ်စားလှယ်ရဲ့ သုံးပုံနှစ်ပုံဖြစ်တဲ့အတွက် ဒီနေ့ ထောက်ခံမှုသည် ၃၀၇ ဦး လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်တွင်းရောက်ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ထောက်ခံမှုဟာ သုံးပုံနှစ်ပုံဖြစ်တဲ့အတွက် စွပ်စွဲပြစ်တင်မှု အထမြောက်ကြောင်းနဲ့ အတည်ဖြစ်ကြောင်း ကြေညာပါတယ်။