Skip to main content

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ကော်မတီကော်မရှင်များ၏ ညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော်၊ သြဂုတ် ၉

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိအစည်းအဝေး ခန်းမဆောင်၌ ကျင်းပသည့် ကော်မတီ၊ ကော်မရှင်များ၏ လုပ်ငန်းညှိနိုင်းအစည်းအဝေးသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

<--break->

ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများက ယခင်အပတ်အစည်းအဝေး ဆုံးဖြတ်ချက်များအား ရှင်းလင်းတင်ပြကာ ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများက ကော်မတီအလိုက် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင်များမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ကိုလည်းကောင်း ရှင်းလင်း တင်ပြကြပါသည်။

ယင်းနောက် အစည်းအဝေး တက်ရောက်လာသူများက အထွေထွေ ဆွေးနွေးတင်ပြကြပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြေကြားခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အတူ ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီကော်မရှင်အဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ (သတင်းစဉ်)

ဓါတ်ပုံများကြည့်ရှု့ရန်